HomeSportယူႏိုက္တက္သို႔ ေျပာင္းေရႊ႕ကစားရန္ ရွဝိန္းစတိုင္ဂါ တိုက္တြန္းလိုက္တ့ဲ ေရွ႕တန္းတိုက္စစ္မွဴး။

ယူႏိုက္တက္သို႔ ေျပာင္းေရႊ႕ကစားရန္ ရွဝိန္းစတိုင္ဂါ တိုက္တြန္းလိုက္တ့ဲ ေရွ႕တန္းတိုက္စစ္မွဴး။

- Advertisement -

ဘို္င္ယန္ျမဴးနစ္အသင္းနဲ႔ ယူႏုိက္တက္အသင္းတုိ႔ရဲ႕ ကြင္းလယ္ကစားသမားေဟာင္းျဖစ္သူ ရွဝိန္းစတိုင္ဂါက သူ႔ရဲ႕ ဘိုင္ယန္ျမဴးနစ္အသင္းေဖာ္ေဟာင္း မူလာအေနနဲ႔ ယူႏုိက္တက္အသင္းသို႔ ေျပာင္းေရႊ႕သင့္ေၾကာင္း တိုက္တြန္းေျပာၾကားလိုက္ပါတယ္။ ရွဝိန္းစတိုင္ဂါသည္ (၂၀၁၅) ခုႏွစ္၌ ဘုိင္ယန္ျမဴးနစ္အသင္းမွထြက္ခြာၿပီး ယူႏိုက္တက္အသင္းသို႔ ေျပာင္းေရႊ႕ခဲ့ကာ မန္ခ်က္စတာၿမိဳ႕ခံကလပ္အသင္းအတြက္ ပဲြေပါင္း (၃၅) ပြဲ ပါဝင္ကစားေပးႏိုင္ခဲ့ပါတယ္။

လက္ရွိအခ်ိန္၌ ေသာမတ္စ္္မူလာသည္ အသင္း၌ ပံုမွန္ပြဲထြက္ခြင့္မရရိွသည့္အေပၚ မေပ်ာ္မရႊင္ျဖစ္ေနၿပီး လာမယ့္ေဆာင္းရာသီအေျပာင္းအေရႊ႕၌ပင္ အသင္းကထြက္ခြာခြင့္ေတာင္းထားသည့္ ကစားသမားတစ္ဦးျဖစ္ပါတယ္။ ယူႏိုက္တက္အသင္းရဲ႕ နည္းျပေဟာင္း လူးဝစ္ဗန္ဟားလ္သည္ ယူႏိုက္တက္အသင္းကို ကိုင္တြယ္ခဲ့စဥ္က မူလာကို ေခၚယူရန္ ႀကိဳးစားခဲ့ဖူးေၾကာင္း ရွဝိန္းစတိုင္ဂါက ထုတ္ေဖာ္ေျပာၾကားခဲ့ၿပီး လက္ရွိအခ်ိန္၌မူ မူလာကိုယ္တိုင္ ယူႏုိက္တက္အသင္းထံ ေျပာင္းေရႊ႕သင့္ေၾကာင္း အသက္ (၃၅) ႏွစ္အရြယ္ ဂ်ာမန္ကြင္းလယ္ကစားသမားေဟာင္းႀကီးက ေျပာၾကားလာခဲ့ပါတယ္။

- Advertisement -

ရွဝိန္းစတိုင္ဂါက “ဗန္ဟားလ္က မူလာကို တကယ္လိုခ်င္ခဲ့ၿပီး ကြ်န္ေတာ့္ကိုလည္း သူ႔အေၾကာင္း အၿမဲတမ္း  ေမးခဲ့ပါတယ္။ မင္းသူငယ္ခ်င္း မူလာ ဘာေတြလုပ္ေနလဲဆုိၿပီးေတာ့ေပါ့။ သူ႔အေနနဲ႔ ယူႏုိက္တက္အသင္းကို လာၿပီး အေကာင္းဆံုး ေျခစြမ္းျပႏုိင္မွာပါ။ အဲ့ဒီအခ်ိန္က မူလာတစ္ေယာက္ နည္းနည္းေလး ငယ္ေသးၿပီး သူကလည္း ျမဴးနစ္ၿမိဳ႕ကို မစြန္႔ခြာခ်င္ခဲ့ပါဘူး။ သူနဲ႔ ကြ်န္ေတာ့္ရဲ႕ အေျခအေနက ကြာျခားခဲ့ပါတယ္။ ဗန္ဟားလ္က ကြ်န္ေတာ့္ကို ဆက္သြယ္လာခ်ိန္မွာ ကြ်န္ေတာ္က အသစ္အဆန္းတစ္ခုကို ႀကိဳးစားၾကည့္ခ်င္ေနခ်ိန္ပါ။”

- Advertisement -

“မူလာက အခု မၾကာခဏဆုိသလို အရံခံုေပၚထိုင္ေနရၿပီး သူ႔ရဲ႕ ကစားသမားဘဝ အဆံုးသတ္မွာ အေျပာင္းအလဲေတြျဖစ္ဖုိ႔ လိုအပ္ပါတယ္။ သူက အခုထိလည္း ထိပ္တန္းအဆင့္ အရည္အေသြးရွိေနဆဲပါ။” ဟု ေျပာၾကားသြားခဲ့ပါတယ္။ လက္ရွိ (၂၀၁၉-၂၀) ခုႏွစ္ ေဘာလံုးရာသီ၌ ေသာမတ္စ္မူလာတစ္ေယာက္ ဘိုင္ယန္ျမဴးနစ္အသင္းအတြက္ လိဂ္ပဲြ (၁၀) ပြဲ ပါဝင္ကစားေပးထားသည့္တိုင္ေအာင္ ဂိုးသြင္းယူႏုိင္ျခင္းမရွိဘဲ အသက္ (၃၀) အရြယ္ အဆိုပါ တိုက္စစ္ကစားသမားအေနနဲ႔ ၿပိဳင္ပဲြစံု (၁၅) ပြဲ ပါဝင္ကစားထားရာ၌ ဂိုးဖန္တီးမႈ (၆) ႀကိမ္သာ ျပဳလုပ္ေပးထားႏုိင္ပါေသးတယ္။

- Advertisement -

<Zawgyi Version>

 

ဘို်င်ယန်မြူးနစ်အသင်းနဲ့ ယူနိုက်တက်အသင်းတို့ရဲ့ ကွင်းလယ်ကစားသမားဟောင်းဖြစ်သူ ရှဝိန်းစတိုင်ဂါက သူ့ရဲ့ ဘိုင်ယန်မြူးနစ်အသင်းဖော်ဟောင်း မူလာအနေနဲ့ ယူနိုက်တက်အသင်းသို့ ပြောင်းရွှေ့သင့်ကြောင်း တိုက်တွန်းပြောကြားလိုက်ပါတယ်။ ရှဝိန်းစတိုင်ဂါသည် (၂၀၁၅) ခုနှစ်၌ ဘိုင်ယန်မြူးနစ်အသင်းမှထွက်ခွာပြီး ယူနိုက်တက်အသင်းသို့ ပြောင်းရွှေ့ခဲ့ကာ မန်ချက်စတာမြို့ခံကလပ်အသင်းအတွက် ပွဲပေါင်း (၃၅) ပွဲ ပါဝင်ကစားပေးနိုင်ခဲ့ပါတယ်။

လက်ရှိအချိန်၌ သောမတ်စ််မူလာသည် အသင်း၌ ပုံမှန်ပွဲထွက်ခွင့်မရရှိသည့်အပေါ် မပျော်မရွှင်ဖြစ်နေပြီး လာမယ့်ဆောင်းရာသီအပြောင်းအရွှေ့၌ပင် အသင်းကထွက်ခွာခွင့်တောင်းထားသည့် ကစားသမားတစ်ဦးဖြစ်ပါတယ်။ ယူနိုက်တက်အသင်းရဲ့ နည်းပြဟောင်း လူးဝစ်ဗန်ဟားလ်သည် ယူနိုက်တက်အသင်းကို ကိုင်တွယ်ခဲ့စဉ်က မူလာကို ခေါ်ယူရန် ကြိုးစားခဲ့ဖူးကြောင်း ရှဝိန်းစတိုင်ဂါက ထုတ်ဖော်ပြောကြားခဲ့ပြီး လက်ရှိအချိန်၌မူ မူလာကိုယ်တိုင် ယူနိုက်တက်အသင်းထံ ပြောင်းရွှေ့သင့်ကြောင်း အသက် (၃၅) နှစ်အရွယ် ဂျာမန်ကွင်းလယ်ကစားသမားဟောင်းကြီးက ပြောကြားလာခဲ့ပါတယ်။

ရှဝိန်းစတိုင်ဂါက “ဗန်ဟားလ်က မူလာကို တကယ်လိုချင်ခဲ့ပြီး ကျွန်တော့်ကိုလည်း သူ့အကြောင်း အမြဲတမ်း  မေးခဲ့ပါတယ်။ မင်းသူငယ်ချင်း မူလာ ဘာတွေလုပ်နေလဲဆိုပြီးတော့ပေါ့။ သူ့အနေနဲ့ ယူနိုက်တက်အသင်းကို လာပြီး အကောင်းဆုံး ခြေစွမ်းပြနိုင်မှာပါ။ အဲ့ဒီအချိန်က မူလာတစ်ယောက် နည်းနည်းလေး ငယ်သေးပြီး သူကလည်း မြူးနစ်မြို့ကို မစွန့်ခွာချင်ခဲ့ပါဘူး။ သူနဲ့ ကျွန်တော့်ရဲ့ အခြေအနေက ကွာခြားခဲ့ပါတယ်။ ဗန်ဟားလ်က ကျွန်တော့်ကို ဆက်သွယ်လာချိန်မှာ ကျွန်တော်က အသစ်အဆန်းတစ်ခုကို ကြိုးစားကြည့်ချင်နေချိန်ပါ။”

“မူလာက အခု မကြာခဏဆိုသလို အရံခုံပေါ်ထိုင်နေရပြီး သူ့ရဲ့ ကစားသမားဘဝ အဆုံးသတ်မှာ အပြောင်းအလဲတွေဖြစ်ဖို့ လိုအပ်ပါတယ်။ သူက အခုထိလည်း ထိပ်တန်းအဆင့် အရည်အသွေးရှိနေဆဲပါ။” ဟု ပြောကြားသွားခဲ့ပါတယ်။ လက်ရှိ (၂၀၁၉-၂၀) ခုနှစ် ဘောလုံးရာသီ၌ သောမတ်စ်မူလာတစ်ယောက် ဘိုင်ယန်မြူးနစ်အသင်းအတွက် လိဂ်ပွဲ (၁၀) ပွဲ ပါဝင်ကစားပေးထားသည့်တိုင်အောင် ဂိုးသွင်းယူနိုင်ခြင်းမရှိဘဲ အသက် (၃၀) အရွယ် အဆိုပါ တိုက်စစ်ကစားသမားအနေနဲ့ ပြိုင်ပွဲစုံ (၁၅) ပွဲ ပါဝင်ကစားထားရာ၌ ဂိုးဖန်တီးမှု (၆) ကြိမ်သာ ပြုလုပ်ပေးထားနိုင်ပါသေးတယ်။

<Unicode Version>

 

Source ~ SportsMole

#HM(Soshwe)

#SoshweSport

#SoshweForYourDailyLife

#Like&Share

- Advertisement -

Must Read