HomeSportယူႏုိက္တက္ေနာက္ခံလူတစ္ဦးကို အၿပိဳင္အဆုိင္ စိတ္ဝင္စားေနၾကသည့္ မီလန္ၿမိဳ႕ခံႏွစ္သင္း။

ယူႏုိက္တက္ေနာက္ခံလူတစ္ဦးကို အၿပိဳင္အဆုိင္ စိတ္ဝင္စားေနၾကသည့္ မီလန္ၿမိဳ႕ခံႏွစ္သင္း။

- Advertisement -

မီလန္ၿမိဳ႕ခံႏွစ္သင္းျဖစ္သည့္ အင္တာမီလန္အသင္းနဲ႔ ေအစီမီလန္အသင္းတုိ႔သည္ ရုိးမားအသင္း၌ အငွားနဲ႔ လာေရာက္ကစားေနသည့္ ယူႏုိက္တက္ေနာက္ခံလူ စေမာလင္းကုိ ေခၚယူႏုိင္ရန္ အၿပိဳင္အဆုိင္ စိတ္ဝင္စားလာၾကပါတယ္။ အဆုိပါ အဂၤလန္လက္ေရြးစင္ဗဟိုေနာက္ခံလူကို ရိုးမားအသင္းကလည္း အၿပီးသတ္ေခၚယူရန္ ဆႏၵရွိေနၿပီး ကစားသမားကိုယ္တိုင္ကမူ လာမယ့္ေဘာလံုးရာသီ၌ မန္ခ်က္စတာၿမိဳ႕သုိ႔ ျပန္ရန္သာဆႏၵရွိေနေၾကာင္း သတင္းမ်ားက ေဖာ္ျပခဲ့ၾကပါတယ္။

အသက္ (၂၉) ႏွစ္အရြယ္အဆိုပါေနာက္ခံလူရဲ႕ လက္ရွိအငွားစာခ်ဳပ္၌ အၿပီးသတ္ ေခၚယူခြင့္ စာခ်ဳပ္မပါရွိျခင္းေၾကာင့္ ရိုးမားအသင္းအေနနဲ႔ လက္ရွိအခ်ိန္တည္းက အၿပီးသတ္ ေခၚယူခြင့္အတြက္ ယူႏုိက္တက္အသင္းနဲ႔ သေဘာတူညီမႈ ရယူႏိုင္ရန္ ႀကိဳးစားေနပါတယ္။ ေအစီမီလန္၊ အင္တာမီလန္အသင္းတို႔ကလည္း ရိုးမား၊ စေမာလင္းနဲ႔ ယူႏုိက္တက္အသင္းတို႔ရဲ႕ အေျခအေနကို  ေစာင့္ၾကည့္အကဲခတ္ေနၿပီး ကစားသမားကုိ ၾကားျဖတ္ကမ္းလွမ္းရန္ အဆင္သင့္အေနအထား၌ ရွိေနေၾကာင္းလည္း သိရပါတယ္။

ယူႏိုက္တက္အသင္းဘက္ကလည္း ကစားသမားအတြက္ အနည္းဆံုး ေျပာင္းေရႊ႕ေၾကး ယူရုိ (၁၅) သန္းရရွိမည္ဆိုပါက စေမာလင္းကို လက္လႊတ္ခံသြားမည္ျဖစ္ၿပီး လာမယ့္ ေႏြရာသီ အေျပာင္းအေရႊ႕၌ စေမာလင္းအတြက္ အီတလီကလပ္အသင္းမ်ားရဲ႕ အၿပိဳင္အဆုိင္ ႀကိဳးစားမႈမ်ားကုိ ျမင္ေတြ႕ရဖြယ္ရွိေနပါတယ္။

- Advertisement -

<Zawgyi Version>

- Advertisement -

 

မီလန်မြို့ခံနှစ်သင်းဖြစ်သည့် အင်တာမီလန်အသင်းနဲ့ အေစီမီလန်အသင်းတို့သည် ရိုးမားအသင်း၌ အငှားနဲ့ လာရောက်ကစားနေသည့် ယူနိုက်တက်နောက်ခံလူ စမောလင်းကို ခေါ်ယူနိုင်ရန် အပြိုင်အဆိုင် စိတ်ဝင်စားလာကြပါတယ်။ အဆိုပါ အင်္ဂလန်လက်ရွေးစင်ဗဟိုနောက်ခံလူကို ရိုးမားအသင်းကလည်း အပြီးသတ်ခေါ်ယူရန် ဆန္ဒရှိနေပြီး ကစားသမားကိုယ်တိုင်ကမူ လာမယ့်ဘောလုံးရာသီ၌ မန်ချက်စတာမြို့သို့ ပြန်ရန်သာဆန္ဒရှိနေကြောင်း သတင်းများက ဖော်ပြခဲ့ကြပါတယ်။

အသက် (၂၉) နှစ်အရွယ်အဆိုပါနောက်ခံလူရဲ့ လက်ရှိအငှားစာချုပ်၌ အပြီးသတ် ခေါ်ယူခွင့် စာချုပ်မပါရှိခြင်းကြောင့် ရိုးမားအသင်းအနေနဲ့ လက်ရှိအချိန်တည်းက အပြီးသတ် ခေါ်ယူခွင့်အတွက် ယူနိုက်တက်အသင်းနဲ့ သဘောတူညီမှု ရယူနိုင်ရန် ကြိုးစားနေပါတယ်။ အေစီမီလန်၊ အင်တာမီလန်အသင်းတို့ကလည်း ရိုးမား၊ စမောလင်းနဲ့ ယူနိုက်တက်အသင်းတို့ရဲ့ အခြေအနေကို  စောင့်ကြည့်အကဲခတ်နေပြီး ကစားသမားကို ကြားဖြတ်ကမ်းလှမ်းရန် အဆင်သင့်အနေအထား၌ ရှိနေကြောင်းလည်း သိရပါတယ်။

ယူနိုက်တက်အသင်းဘက်ကလည်း ကစားသမားအတွက် အနည်းဆုံး ပြောင်းရွှေ့ကြေး ယူရို (၁၅) သန်းရရှိမည်ဆိုပါက စမောလင်းကို လက်လွှတ်ခံသွားမည်ဖြစ်ပြီး လာမယ့် နွေရာသီ အပြောင်းအရွှေ့၌ စမောလင်းအတွက် အီတလီကလပ်အသင်းများရဲ့ အပြိုင်အဆိုင် ကြိုးစားမှုများကို မြင်တွေ့ရဖွယ်ရှိနေပါတယ်။

<Unicode Version>

 

Source ~ Sportsmole

#HM(Soshwe)

- Advertisement -

#SoshweSport

#SoshweForYourDailyLife

#Like&Share

 

 

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

one × four =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...