HomeOtherISIS အၾကမ္းဖက္အဖြဲ႔ေခါင္းေဆာင္ ေသဆုံးသြားၿပီျဖစ္ေၾကာင္း အတည္ျပဳေျပာၾကားလာတဲ့ Donald Trump

ISIS အၾကမ္းဖက္အဖြဲ႔ေခါင္းေဆာင္ ေသဆုံးသြားၿပီျဖစ္ေၾကာင္း အတည္ျပဳေျပာၾကားလာတဲ့ Donald Trump

- Advertisement -

အေမရိကန္ျပည္ေထာင္စု သမၼတ Donald Trump က ISIS အၾကမ္းဖက္အဖြဲ႔ေခါင္းေဆာင္ျဖစ္သူ Abu Bakral- Baghdadi ဟာ ဆီးရီးယားႏိုင္ငံ အေနာက္ေတာင္ေဒသတစ္ေနရာတြင္ ပုန္းေနရာမွ US အထူးအဖြဲ႔ရဲ႕ ထိန္းသိမ္းဖမ္းဆီးျခင္းကိုခံရၿပီးေနာက္ ကိုယ့္ကိုယ္သတ္ေသသြားခဲ့တယ္လို႔ ဆိုပါတယ္။

- Advertisement -

သမၼတDonald Trump ရဲ႕ေျပာၾကားခ်က္အရ ကမာၻအရက္စက္ဆံုးေသာ ISISအၾကမ္းဖက္အဖြဲ႔ကို စတင္တည္ေထာင္ခဲ့သူျဖစ္ၿပီး ေခါင္းေဆာင္တစ္ဦးလည္းျဖစ္တဲ့ Abu Bakral-Baghdadi ရဲ႕ ေသဆံုးမႈဟာ ေသခ်ာသြားၿပီျဖစ္ေၾကာင္းကို အိမ္ျဖဴေတာ္က Diplomatic Reception အခန္းထဲမွာ သတင္းစာရွင္းလင္းပြဲ ျပဳလုပ္ခဲ့တာပဲျဖစ္ပါတယ္။

- Advertisement -

- Advertisement -

US အထူးတပ္ဖြဲ႔က Abu Bakral ပုန္းေအာင္းေနတဲ့ ေနရာအတိအက်ကို စံုစမ္းသိရွိၿပီးေနာက္မွာေတာ့ အရွင္လတ္လတ္ ဖမ္းဆီးႏိုင္ခ့ဲတာပဲျဖစ္ပါတယ္။ US အထူးတပ္ဖြဲ႔ေရာက္ရွိလာၿပီဆိုတာကို သိၿပီးေနာက္မွာေတာ့ Abu Bakral က သူပုန္းခိုရာေနရာမွာရွိတဲ့ လိႈဏ္ေခါင္းထဲေျပးဝင္ၿပီးေနာက္ လိႈဏ္ေခါင္းအဝေရာက္တဲ့အခါမွာပဲ အထူးတပ္ဖြဲ႔ရဲ႕ဖမ္းဆီးျခင္းကို ခံခဲ့ရပါတယ္။ ထို႕ေၾကာင့္လည္း Abu Bakral က သူ႔ရဲ႕ကေလးသံုးေယာက္ကိုလည္း သူကိုယ္တိုင္ပဲ သတ္လိုက္ၿပီး သူ႔ကိုယ္သူလည္း ေသနတ္ျဖင့္ပစ္ကာ အဆုံးစီရင္ခ့ဲျခင္းျဖစ္ပါတယ္။

အေမရိကန္သမၼတ Donald Trump ရဲ႕ေျပာၾကားခ်က္အရ US အထူးတပ္ဖြဲ႕က ISIS ေခါင္းေဆာင္ကို ဖမ္းဆီးႏိုင္ဖို႔အတြက္ သူတို႔ရဲ႕လႈပ္ရွားမႈကိုေစာင့္ၾကည့္ေနခဲ့တာ သံုးႏွစ္ၾကာၿပီးေနာက္မွ ယခုလို ရွာေတြ႕ရွိခ့ဲျခင္းျဖစ္ပါတယ္။ ကံမေကာင္းစြာနဲ႔ပဲ Abu Bakral က သူ႔ရဲ႕အဖြဲ႔သားတစ္ခ်ိဳ႕ကို ပို႔လိုက္တဲ့ အသံဖိုင္ကေနမွတဆင့္ US အထူးတပ္ဖြဲ႔က ေျခရာခံမိသြားတာပဲျဖစ္ပါတယ္။

<Zawgyi Version>

 

အမေရိကန်ပြည်ထောင်စု သမ္မတ Donald Trump က ISIS အကြမ်းဖက်အဖွဲ့ခေါင်းဆောင်ဖြစ်သူ Abu Bakral- Baghdadi ဟာ ဆီးရီးယားနိုင်ငံ အနောက်တောင်ဒေသတစ်နေရာတွင် ပုန်းနေရာမှ US အထူးအဖွဲ့ရဲ့ ထိန်းသိမ်းဖမ်းဆီးခြင်းကိုခံရပြီးနောက် ကိုယ့်ကိုယ်သတ်သေသွားခဲ့တယ်လို့ ဆိုပါတယ်။

သမ္မတDonald Trump ရဲ့ပြောကြားချက်အရ ကမ္ဘာအရက်စက်ဆုံးသော ISISအကြမ်းဖက်အဖွဲ့ကို စတင်တည်ထောင်ခဲ့သူဖြစ်ပြီး ခေါင်းဆောင်တစ်ဦးလည်းဖြစ်တဲ့ Abu Bakral-Baghdadi ရဲ့ သေဆုံးမှုဟာ သေချာသွားပြီဖြစ်ကြောင်းကို အိမ်ဖြူတော်က Diplomatic Reception အခန်းထဲမှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။

US အထူးတပ်ဖွဲ့က Abu Bakral ပုန်းအောင်းနေတဲ့ နေရာအတိအကျကို စုံစမ်းသိရှိပြီးနောက်မှာတော့ အရှင်လတ်လတ် ဖမ်းဆီးနိုင်ခဲ့တာပဲဖြစ်ပါတယ်။ US အထူးတပ်ဖွဲ့ရောက်ရှိလာပြီဆိုတာကို သိပြီးနောက်မှာတော့ Abu Bakral က သူပုန်းခိုရာနေရာမှာရှိတဲ့ လှိုဏ်ခေါင်းထဲပြေးဝင်ပြီးနောက် လှိုဏ်ခေါင်းအဝရောက်တဲ့အခါမှာပဲ အထူးတပ်ဖွဲ့ရဲ့ဖမ်းဆီးခြင်းကို ခံခဲ့ရပါတယ်။ ထို့ကြောင့်လည်း Abu Bakral က သူ့ရဲ့ကလေးသုံးယောက်ကိုလည်း သူကိုယ်တိုင်ပဲ သတ်လိုက်ပြီး သူ့ကိုယ်သူလည်း သေနတ်ဖြင့်ပစ်ကာ အဆုံးစီရင်ခဲ့ခြင်းဖြစ်ပါတယ်။

အမေရိကန်သမ္မတ Donald Trump ရဲ့ပြောကြားချက်အရ US အထူးတပ်ဖွဲ့က ISIS ခေါင်းဆောင်ကို ဖမ်းဆီးနိုင်ဖို့အတွက် သူတို့ရဲ့လှုပ်ရှားမှုကိုစောင့်ကြည့်နေခဲ့တာ သုံးနှစ်ကြာပြီးနောက်မှ ယခုလို ရှာတွေ့ရှိခဲ့ခြင်းဖြစ်ပါတယ်။ ကံမကောင်းစွာနဲ့ပဲ Abu Bakral က သူ့ရဲ့အဖွဲ့သားတစ်ချို့ကို ပို့လိုက်တဲ့ အသံဖိုင်ကနေမှတဆင့် US အထူးတပ်ဖွဲ့က ခြေရာခံမိသွားတာပဲဖြစ်ပါတယ်။

<Unicode Version>

 

Source ~ Unilad

#SY(1209Soshwe)

#SoshweNews

#SoshweForYourDailyLife

#Like&Share

- Advertisement -

Must Read