HomeEntertainmentCalifornia ပြည်နယ် မီးသတ်တပ်ဖွဲ့ကို ဒေါ်လာ၅သိန်းလှူဒါန်းခဲ့တဲ့ John Cena

California ပြည်နယ် မီးသတ်တပ်ဖွဲ့ကို ဒေါ်လာ၅သိန်းလှူဒါန်းခဲ့တဲ့ John Cena

- Advertisement -


မီးလောင်မှုဟာ Getty Center နားမှာ စတင်ခဲ့ပြီး ဆက်လောက်လောင်ကျွမ်းရာကနေ မီးတောက်ကြီးကတော့ ဧက ၅၀၀ လောက်ကို ပြာဖြစ်သွားအောင် ဝါးမြိုသွားလိုက်ပြီဖြစ်ကြောင်းကို ကယ်လီဖိုးနီးယားပြည်နယ် မြို့တော်ဝန် Eric Garcetti က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာပဲဖြစ်ပါတယ်။

- Advertisement -

- Advertisement -



<Zawgyi Version>

 

အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်တွင် အောက်တိုဘာ၂၈ရက်နေ့မှ စတင်ဖြစ်ပွားခဲ့တဲ့ ကြောက်မက်ဖွယ် တောမီးလောင်မှုဟာ ကယ်လီဖိုးနီးယားပြည်နယ်သားတွေကိုသာမက တစ်ကမ္ဘာလုံးကို  ခြောက်လှန့်လိုက်ပြန်ပါတယ်။ ထောင်ကျော်သာ ကယ်လီဖိုးနီးယားပြည်နယ်သားတွေဟာလည်း သူတို့ရဲ့အိုးအိမ်တွေကို စွန့်ခွာပြီး တခြားသော လုံခြုံသောနေရာများတွင် ပြောင်းရွှေ့နေထိုင်ခဲ့ရပါတယ်။

မီးလောင်မှုုဟာ Getty Center နားမှာ စတင်ခဲ့ပြီး ဆက်လောက်လောင်ကျွမ်းရာကနေ မီးတောက်ကြီးကတော့ ဧက ၅၀၀ လောက်ကို ပြာဖြစ်သွားအောင် ဝါးမြိုသွားလိုက်ပြီဖြစ်ကြောင်းကို ကယ်လီဖိုးနီးယားပြည်နယ် မြို့တော်ဝန် Eric Garcetti က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာပဲဖြစ်ပါတယ်။

- Advertisement -

အသက် ၄၂ နှစ်အရွယ် နပန်းသမားဟောင်းတစ်ဦးဖြစ်သူ John Cena က ကိုယ့်အသက်ကိုမငဲ့ဘဲ အများပြည်သူရဲ့အသက်ကို ကယ်ဆယ်ခဲ့တဲ့ မီးသတ်သမားများကို ကူညီတဲ့အနေနဲ့ ဒေါ်လာ၅သိန်းကို လှူဒါန်းပေးခဲ့ပါတယ်။ ဒါ့အပြင်ကိုလည်း John Cena က “Playing With Fire” ဇာတ်ကားထဲမှာ မီးသတ်သမားအဖြစ် ပါဝင်သရုပ်ဆောင်ထားပြီး ထိုဇာတ်ကားကို “Paramount Pictures” ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီမှ ရိုက်ကူးထားတာပဲဖြစ်ပါတယ်။

ဒါ့ကြောင့်လည်း John Cena က မီးသတ်သမားများကို “Real Life Heroes” တွေဖြစ်ကြောင်း ပြောပြခဲ့ပါတယ်။ မီးသတ်သမားတွေကလည်း အချိန်နဲ့အမျှ လူ့အသက်တွေကို ကယ်နေတဲ့အချိန်မှာ တခြားသူတွေကလည်း တတ်နိုင်သမျှကူညီပေးကြဖို့ကိုလည်း တိုက်တွန်းခဲ့ပါတယ်။

<Unicode Version>

 

Source ~ Unilad

#SY(1209Soshwe)

#SoshweCelebrity

#SoshweForYourDailyLife

#Like&Share

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

19 + three =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...