Breaking News

Seth Rogen ရဲ့ ချီးမွမ်းခန်းဖွင့်ခဲ့တဲ့ Snoop Dogg

Netflix ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်လိုက်တဲ့ အစီစဉ်သစ်တစ်ခုဖြစ်တဲ့ “Breakfast, Lunch and Dinner” အစီအစဉ်တွင် Seth Rogen လည်း ပါဝင်လာခဲ့ပါတယ်။ ထိုထဲမှာတော့ Seth က David Chang ကို သူ့ရဲ့မွေးရပ်မြေဖြစ်တဲ့ ကနေဒါနိုင်ငံက ဗန်ကူဗာမြို့လေးကို ခေါ်သွားကာ မြို့မှာရှိတဲ့အထင်ကရနေရာတွေကို သွားရောက်ပြသခဲ့တာပဲဖြစ်ပါတယ်။

ကနေဒါနိုင်ငံ ဗန်ကူဗာမြို့မှာဆိုရင်တော့ ဆေးခြောက်ကို တရားဝင်အသုံးပြုခွင့် ပေးထားတာကြောင့် ဒီအစီအစဉ်ထဲမှာ Seth Rogen နဲ့ David Chang တို့နှစ်ဦးကို ဆေးခြောက်လေးဖွာရင်း စကားလေးပြောရင်း လမ်းလျှောက်နေတာကို တွေ့ရမှာပဲဖြစ်ပါတယ်။

View this post on Instagram

🔥💯🐐

A post shared by snoopdogg (@snoopdogg) on

Seth Rogen က ဆေးခြောက်လိပ်တဲ့အခါမှာ တခြားသောပုံစံတွေထက် လက်ဝါးကပ်တိုင်ပုံလိပ်တတ်တာကို ပိုမိုနှစ်သက်ကြောင်းကို David ကို ပြောပြရာကနေ သူ့ရဲ့ဘော်ဒါကြီး Snoop အတွက်လည်း လက်ဝါးကပ်တိုင်ပုံ ဆေးခြောက်လိပ်ပေးဖြစ်ခဲ့ကြောင်းကိုလည်းပြောပြခဲ့ပါတယ်။ ဒါကြောင့်လည်း Snoop က Seth ရဲ့ သေသပ်လှတဲ့ လက်ဝါးကပ်တိုင်ပုံ ဆေးခြောက်လိပ်ပုံကို ချီးကျူးစကားဆိုခဲ့ကြောင်းကို Seth က David ကို ပြန်ပြောပြခဲ့ပြီး ဆေးခြောက်လိပ်တဲ့ ပုံစံတွေကို ငယ်ငယ်လေးထဲက စိတ်ဝင်စားခဲ့တာဖြစ်ကြောင်းကိုလည်း အားပါးတရပြောပြခဲ့တာကို တွေ့ရမှာပဲဖြစ်ပါတယ်။

Seth က ၂၀၁၉ ခုနှစ်အစမှာပဲ ဆေးခြောက်ကို အိမ်တွင်းစိုက်ပျိုးပြီး ထုတ်လုပ်တဲ့ ကုမ္ပဏီကို တည်ထောင်ခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် Seth ဟာ ဆေးခြောက်ကို ကြိုက်နှစ်သက်တဲ့သူတစ်ဦးဆိုတာ သိနိုင်ပါတယ်။

<Unicode Version>

 

 

 

Seth Rogen ရဲ႕ ခ်ီးမြမ္းခန္းဖြင့္ခ့ဲတ့ဲ Snoop Dogg

Netflix ႐ုပ္ရွင္ထုတ္လုပ္ေရးက ထုတ္လုပ္လိုက္တဲ့ အစီစဥ္သစ္တစ္ခုျဖစ္တဲ့ “Breakfast, Lunch and Dinner” အစီအစဥ္တြင္ Seth Rogen လည္း ပါဝင္လာခ့ဲပါတယ္။ ထိုထဲမွာေတာ့ Seth က David Chang ကို သူ႔ရဲ႕ေမြးရပ္ေျမျဖစ္တဲ့ ကေနဒါႏိုင္ငံက ဗန္ကူဗာၿမိဳ႕ေလးကို ေခၚသြားကာ ၿမိဳ႕မွာရွိတဲ့ အထင္ကရေနရာေတြကို သြားေရာက္ျပသခဲ့တာပဲျဖစ္ပါတယ္။

ကေနဒါႏိုင္ငံ ဗန္ကူဗာၿမိဳ႕မွာဆိုရင္ေတာ့ ေဆးေျခာက္ကို တရားဝင္အသံုးျပဳခြင့္ ေပးထားတာေၾကာင့္ ဒီအစီအစဥ္ထဲမွာ Seth Rogen နဲ႔ David Chang တို႔ႏွစ္ဦးကို ေဆးေျခာက္ေလးဖြာရင္း စကားေလးေျပာရင္း လမ္းေလွ်ာက္ေနတာကို ေတြ႔ရမွာပဲျဖစ္ပါတယ္။

View this post on Instagram

🔥💯🐐

A post shared by snoopdogg (@snoopdogg) on

Seth Rogen က ေဆးေျခာက္လိပ္တ့ဲအခါမွာ တျခားေသာပံုစံေတြထက္ လက္ဝါးကပ္တိုင္ပံုလိပ္တတ္တာကို ပိုမိုႏွစ္သက္ေၾကာင္းကို David ကို ေျပာျပရာကေန သူ႔ရဲ႕ေဘာ္ဒါႀကီး Snoop အတြက္လည္း လက္ဝါးကပ္တိုင္ပံု ေဆးေျခာက္လိပ္ေပးျဖစ္ခဲ့ေၾကာင္းကိုလည္းေျပာျပခဲ့ပါတယ္။ ဒါေၾကာင့္လည္း Snoop က Seth ရဲ႕ ေသသပ္လွတဲ့ လက္ဝါးကပ္တိုင္ပံု ေဆးေျခာက္လိပ္ပံုကို ခ်ီးက်ဴးစကားဆိုခဲ့ေၾကာင္းကို Seth က David ကို ျပန္ေျပာျပခဲ့ၿပီး ေဆးေျခာက္လိပ္တဲ့ ပံုစံေတြကို ငယ္ငယ္ေလးထဲက စိတ္ဝင္စားခဲ့တာျဖစ္ေၾကာင္းကိုလည္း အားပါးတရေျပာျပခဲ့တာကို ေတြ႔ရမွာပဲျဖစ္ပါတယ္။

Seth က ၂၀၁၉ ခုႏွစ္အစမွာပဲ ေဆးေျခာက္ကို အိမ္တြင္းစိုက္ပ်ိဳးၿပီး ထုတ္လုပ္တဲ့ ကုမၸဏီကို တည္ေထာင္ခဲ့သူတစ္ဦးလည္း ျဖစ္ပါတယ္။ ဒါကိုၾကည့္ျခင္းအားျဖင့္ Seth ဟာ ေဆးေျခာက္ကို ႀကိဳက္ႏွစ္သက္တဲ့သူတစ္ဦးဆိုတာ သိႏိုင္ပါတယ္။

<Zawgyi Version>

 

#SoshweCelebrity

#SoshweForYourDailyLife

#Like&Share

 

About admin

Check Also

အကောင်းဆုံးသော သည်းထိတ်ရင်ဖိုဇာတ်ကားများစုစည်းမှု။ (Trailer နဲ့တကွ)

အခုလက်ရှိကမ္ဘာတစ်ဝှမ်းဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေဟာ သည်းထိတ်ရင်ဖိုဇာတ်ကားတွေကို မကြည့်ဘဲနဲ့လည်း ထိတ်လန့်ခြောက်ခြားစရာတွေနဲ့ ပြည့်နှက်လို့နေပါတယ်။ ဒါပေမယ့်လည်း သည်းထိတ်ရင်ဖို ဇာတ်ကားတွေကို ကြည့်ရတာနှစ်သက်တဲ့ Soshwe စာဖတ်ပရိသတ်ကြီးအတွက် သည်းထိတ်ရင်ဖိုဇာတ်ကားကောင်းတွေကို မျှဝေဖော်ပြပေးလိုက်ပါတယ်။ ၁။ …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro