HomeSportအင္တာမီလန္ခံစစ္မွဴးအတြက္ အၿပိဳင္အဆုိင္ျဖစ္လာမည့္ ယူႏုိက္တက္နဲ႔ဘာစီလုိနာ။

အင္တာမီလန္ခံစစ္မွဴးအတြက္ အၿပိဳင္အဆုိင္ျဖစ္လာမည့္ ယူႏုိက္တက္နဲ႔ဘာစီလုိနာ။

- Advertisement -

ယူႏုိက္တက္အသင္းနဲ႔ဘာစီလိုနာအသင္းတုိ႔သည္ အင္တာမီလန္အသင္းရဲ႕ အဓိကဗဟုိေနာက္ခံလူ ရွာကရီညာကို ေခၚယူရန္အတြက္ လာမည့္ေႏြရာသီအေျပာင္းအေရႊ႕၌ အၿပိဳင္အဆုိင္ ႀကိဳးပမ္းလာၾကဖြယ္ရွိေနပါတယ္။ အသက္ (၂၄) ႏွစ္အရြယ္ အဆုိပါေနာက္ခံလူသည္ ၿပီးခဲ့သည့္ႏွစ္ကတည္းက ယူႏုိက္တက္အသင္းရဲ႕ အဓိက ပစ္မွတ္ကစားသမားတစ္ဦးအျဖစ္ နာမည္ႀကီးခဲ့ၿပီး ယခုႏွစ္အေစာပိုင္းကလည္း ယူႏုိက္တက္အသင္းက ေျပာင္းေရႊ႕ေၾကး ေပါင္ (၅၄) သန္းနဲ႔ ကမ္းလွမ္းခဲ့ေသးတယ္လို႔ သိရွိရပါတယ္။

ဘာစီလိုနာအသင္းသည္ ဗဟုိေနာက္ခံလူ အမ္တီတီကို လာမည့္ေႏြရာသီ အေျပာင္းအေရႊ႕၌ လက္လြတ္ခံသြားရန္ ျပင္ဆင္ေနၿပီး အသင္းရဲ႕ဗဟိုေနာက္ခံလူေနရာအတြက္ ရွာကရီညာကို စိတ္ဝင္စားေနျခင္းျဖစ္သလို ယူႏိုက္တက္အသင္းကလည္း ရွာကရီညာအတြက္ ေနာက္ထပ္တစ္ႀကိမ္ ခ်ဥ္းကပ္ရန္ ျပင္ဆင္ထားေၾကာင္း အီတလီနာမည္ႀကီး သတင္းစာတစ္ေစာင္က ေဖာ္ျပခဲ့ပါတယ္။

- Advertisement -

ဒါေပမယ့္ ၿပီးခဲ့သည့္ေႏြရာသီအေျပာင္းအေရႊ႕ကမွ လက္စတာအသင္းရဲ႕ ေနာက္ခံလူ မက္ဂြိဳင္းရားကို စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကး ေပါင္သန္း (၈၀) ျဖင့္ ေခၚယူထားသည့္ ယူႏုိက္တက္အသင္းအေနနဲ႔ ရွာကရီညာကို ဇန္နဝါရီအေျပာင္းအေရႊ႕၌ ဦးစားေပးကမ္းလွမ္းရန္ အစီအစဥ္မရွိေသးဘဲ တိုက္စစ္မွဴးအသစ္တစ္ဦး ထပ္မံေခၚယူရန္အတြက္သာ အသည္းအသန္ႀကိဳးစားလာဖြယ္ရွိေနပါတယ္။

- Advertisement -

<Zawgyi Version>

- Advertisement -

 

အင်တာမီလန်ခံစစ်မှူးအတွက် အပြိုင်အဆိုင်ဖြစ်လာမည့် ယူနိုက်တက်နဲ့ဘာစီလိုနာ။

ယူနိုက်တက်အသင်းနဲ့ဘာစီလိုနာအသင်းတို့သည် အင်တာမီလန်အသင်းရဲ့ အဓိကဗဟိုနောက်ခံလူ ရှာကရီညာကို ခေါ်ယူရန်အတွက် လာမည့်နွေရာသီအပြောင်းအရွှေ့၌ အပြိုင်အဆိုင် ကြိုးပမ်းလာကြဖွယ်ရှိနေပါတယ်။ အသက် (၂၄) နှစ်အရွယ် အဆိုပါနောက်ခံလူသည် ပြီးခဲ့သည့်နှစ်ကတည်းက ယူနိုက်တက်အသင်းရဲ့ အဓိက ပစ်မှတ်ကစားသမားတစ်ဦးအဖြစ် နာမည်ကြီးခဲ့ပြီး ယခုနှစ်အစောပိုင်းကလည်း ယူနိုက်တက်အသင်းက ပြောင်းရွှေ့ကြေး ပေါင် (၅၄) သန်းနဲ့ ကမ်းလှမ်းခဲ့သေးတယ်လို့ သိရှိရပါတယ်။

ဘာစီလိုနာအသင်းသည် ဗဟိုနောက်ခံလူ အမ်တီတီကို လာမည့်နွေရာသီ အပြောင်းအရွှေ့၌ လက်လွတ်ခံသွားရန် ပြင်ဆင်နေပြီး အသင်းရဲ့ဗဟိုနောက်ခံလူနေရာအတွက် ရှာကရီညာကို စိတ်ဝင်စားနေခြင်းဖြစ်သလို ယူနိုက်တက်အသင်းကလည်း ရှာကရီညာအတွက် နောက်ထပ်တစ်ကြိမ် ချဉ်းကပ်ရန် ပြင်ဆင်ထားကြောင်း အီတလီနာမည်ကြီး သတင်းစာတစ်စောင်က ဖော်ပြခဲ့ပါတယ်။

ဒါပေမယ့် ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့ကမှ လက်စတာအသင်းရဲ့ နောက်ခံလူ မက်ဂွိုင်းရားကို စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်သန်း (၈၀) ဖြင့် ခေါ်ယူထားသည့် ယူနိုက်တက်အသင်းအနေနဲ့ ရှာကရီညာကို ဇန်နဝါရီအပြောင်းအရွှေ့၌ ဦးစားပေးကမ်းလှမ်းရန် အစီအစဉ်မရှိသေးဘဲ တိုက်စစ်မှူးအသစ်တစ်ဦး ထပ်မံခေါ်ယူရန်အတွက်သာ အသည်းအသန်ကြိုးစားလာဖွယ်ရှိနေပါတယ်။

<Unicode Version>

 

Source ~ Sportsmole

#HM(Soshwe)

#SoshweSport

#SoshweForYourDailyLife

#Like&Share

- Advertisement -

Must Read