HomeSportယူႏုိက္တက္သို႔ ျပန္လာဖြယ္ရွိေနသည့္ ေနာက္ခံလူ။

ယူႏုိက္တက္သို႔ ျပန္လာဖြယ္ရွိေနသည့္ ေနာက္ခံလူ။

- Advertisement -

လက္ရွိေဘာလံုးရာသီ၌ ရိုးမားအသင္းသို႔ အငွားျဖင့္ သြားေရာက္ကစားေနေသာ စေမာလင္းသည္ သူ႔ရဲ႕ လက္ရွိအငွားစာခ်ဳပ္သက္တမ္း ကုန္ဆံုးပါက အသင္းေဟာင္းယူႏုိက္တက္အသင္းသို႔ ျပန္လာရန္ စီစဥ္ေနေၾကာင္း သိရွိရပါတယ္။ အဂၤလန္အသင္းရဲ႕ ေနာက္ခံလူတစ္ေယာက္လည္းျဖစ္သည့္ စေမာလင္းသည္ ယူႏိုက္တက္အသင္းသို႔ မက္ဂြိဳင္းရားေရာက္ရွိလာမႈေၾကာင့္ ယခုကဲ့သုိ႔ ရိုးမားအသင္းထံ တစ္ရာသီအငွားစာခ်ဳပ္နဲ႔ သြားေရာက္ကစားေနျခင္းျဖစ္ၿပီး ေရာမၿမိဳ႕ခံကလပ္အသင္း၌လည္း ပံုစံေကာင္းမ်ား ျပသလ်က္ရွိပါတယ္။

အီတလီ သတင္းဌာနမ်ားရဲ႕ အဆုိအရ ရိုးမားအသင္းသည္ စေမာလင္းကို အၿပီးသတ္ေခၚယူရန္အတြက္ ယူႏုိက္တက္အသင္းနဲ႔ ေဆြးေႏြးရန္ျပင္ဆင္ေနၿပီး Sky Sports သတင္းဌာနကမူ စေမာလင္းအေနနဲ႔ ယူႏုိက္တက္အသင္းထံ ျပန္ရန္အတြက္သာ ဆႏၵရွိေနေၾကာင္း ေဖာ္ျပခဲ့ပါတယ္။ ယူႏုိက္တက္အသင္းသည္ လက္ရွိပရီးမီးယားလိဂ္ အမွတ္ေပးဇယား၌ အဆင့္ (၄) ေနရာက ခ်ဲလ္ဆီးအသင္းနဲ႔ (၇) မွတ္ကြာဟေနၿပီး စေမာလင္း လက္ရွိကစားေနသည့္ ရိုးမားအသင္းကမူ အီတလီစီးရီးေအအမွတ္ေပးဇယားရဲ႕ အဆင့္ (၅) ေနရာ၌ ရပ္တည္ေနကာ ေနာက္ဆံုး (၄) ပြဲ၌လည္း စေမာလင္းပါဝင္သည့္ ခံစစ္ပိုင္းက ေပးဂိုး (၂) ဂိုးသာရွိခဲ့ပါတယ္။

- Advertisement -

စေမာလင္းသည္ ယူႏုိက္တက္အသင္း၌ ကစားခဲ့စဥ္က မၾကာခဏ အမွားအယြင္းမ်ား က်ဴးလြန္တတ္သည့္ ကစားသမားတစ္ဦးျဖစ္ၿပီး ယူႏုိက္တက္ပရိသတ္မ်ားရဲ႕ ေဝဖန္မႈနဲ႔ ရင္ဆုိင္ခဲ့ရေသာ္လည္း လက္ရွိအခ်ိန္အထိ သူ႔ရဲ႕မိခင္ကလပ္အသင္းအေပၚ သံေယာစဥ္မပ်က္ဘဲ လာမည့္ေဘာလံုးရာသီ၌ ယူႏုိက္တက္အသင္းထံ ျပန္လာရန္ ဆႏၵရွိေနျခင္းျဖစ္ပါတယ္။

- Advertisement -

<Zawgyi Version>

- Advertisement -

 

လက်ရှိဘောလုံးရာသီ၌ ရိုးမားအသင်းသို့ အငှားဖြင့် သွားရောက်ကစားနေသော စမောလင်းသည် သူ့ရဲ့ လက်ရှိအငှားစာချုပ်သက်တမ်း ကုန်ဆုံးပါက အသင်းဟောင်းယူနိုက်တက်အသင်းသို့ ပြန်လာရန် စီစဉ်နေကြောင်း သိရှိရပါတယ်။ အင်္ဂလန်အသင်းရဲ့ နောက်ခံလူတစ်ယောက်လည်းဖြစ်သည့် စမောလင်းသည် ယူနိုက်တက်အသင်းသို့ မက်ဂွိုင်းရားရောက်ရှိလာမှုကြောင့် ယခုကဲ့သို့ ရိုးမားအသင်းထံ တစ်ရာသီအငှားစာချုပ်နဲ့ သွားရောက်ကစားနေခြင်းဖြစ်ပြီး ရောမမြို့ခံကလပ်အသင်း၌လည်း ပုံစံကောင်းများ ပြသလျက်ရှိပါတယ်။

အီတလီ သတင်းဌာနများရဲ့ အဆိုအရ ရိုးမားအသင်းသည် စမောလင်းကို အပြီးသတ်ခေါ်ယူရန်အတွက် ယူနိုက်တက်အသင်းနဲ့ ဆွေးနွေးရန်ပြင်ဆင်နေပြီး Sky Sports သတင်းဌာနကမူ စမောလင်းအနေနဲ့ ယူနိုက်တက်အသင်းထံ ပြန်ရန်အတွက်သာ ဆန္ဒရှိနေကြောင်း ဖော်ပြခဲ့ပါတယ်။ ယူနိုက်တက်အသင်းသည် လက်ရှိပရီးမီးယားလိဂ် အမှတ်ပေးဇယား၌ အဆင့် (၄) နေရာက ချဲလ်ဆီးအသင်းနဲ့ (၇) မှတ်ကွာဟနေပြီး စမောလင်း လက်ရှိကစားနေသည့် ရိုးမားအသင်းကမူ အီတလီစီးရီးအေအမှတ်ပေးဇယားရဲ့ အဆင့် (၅) နေရာ၌ ရပ်တည်နေကာ နောက်ဆုံး (၄) ပွဲ၌လည်း စမောလင်းပါဝင်သည့် ခံစစ်ပိုင်းက ပေးဂိုး (၂) ဂိုးသာရှိခဲ့ပါတယ်။

စမောလင်းသည် ယူနိုက်တက်အသင်း၌ ကစားခဲ့စဉ်က မကြာခဏ အမှားအယွင်းများ ကျူးလွန်တတ်သည့် ကစားသမားတစ်ဦးဖြစ်ပြီး ယူနိုက်တက်ပရိသတ်များရဲ့ ဝေဖန်မှုနဲ့ ရင်ဆိုင်ခဲ့ရသော်လည်း လက်ရှိအချိန်အထိ သူ့ရဲ့မိခင်ကလပ်အသင်းအပေါ် သံယောစဉ်မပျက်ဘဲ လာမည့်ဘောလုံးရာသီ၌ ယူနိုက်တက်အသင်းထံ ပြန်လာရန် ဆန္ဒရှိနေခြင်းဖြစ်ပါတယ်။

<Unicode Version>

 

Source ~ Sportsmole

#HM(Soshwe)

#SoshweSport

#SoshweForYourDailyLife

#Like&Share

 

 

- Advertisement -

Must Read