HomeEntertainmentခင္ပြန္းျဖစ္သူ Justin Bieber အတြက္ က်န္းမာေရးနဲ႔ ညီညြတ္ေအာင္ စနစ္တက်ခ်က္ျပဳတ္ေကြ်းေမြးခဲ့သည့္ Hailey Baldwin

ခင္ပြန္းျဖစ္သူ Justin Bieber အတြက္ က်န္းမာေရးနဲ႔ ညီညြတ္ေအာင္ စနစ္တက်ခ်က္ျပဳတ္ေကြ်းေမြးခဲ့သည့္ Hailey Baldwin

- Advertisement -

မၾကာခင္ကမွ ဒုတိယအႀကိမ္ေျမာက္ မဂၤလာပြဲကို က်င္းပခဲ့ၾကသည့္ Justin Bieber နဲ႔ Hailey Baldwin တုိ႔သည္ လက္ရွိအခ်ိန္၌လည္း သူတုိ႔ရဲ႕ အိမ္ေထာင္ေရးကို ေပ်ာ္ရႊင္စြာျဖင့္ ျဖတ္သန္းလ်က္ရွိပါတယ္။ Hailey သည္ ၿပီးခဲ့သည့္ ေအာက္တုိဘာလ (၂၆) ရက္ေန႔က သူ႔ရဲ႕ခင္ပြန္းသည္ Justin အတြက္ အာဟာရျပည့္ဝ၍ က်န္းမာေရးနဲ႔ ညီညြတ္သည့္ အစားအေသာက္မ်ားကို ျပင္ဆင္ေကြ်းေမြးခဲ့ၿပီး အဆိုပါအစားအေသာက္မ်ားကို သူမရဲ႕ အင္စတာဂရမ္မွတစ္ဆင့္ ပရိသတ္မ်ားထံ မွ်ေဝခဲ့ပါတယ္။

အသက္ (၂၂) ႏွစ္အရြယ္ Hailey က “ဒီေန႔ ကြ်န္မ အသားကင္နဲ႔ ပန္းေဂၚဖီတို႔ကို ႀကိတ္ေထာင္းထားပါတယ္။  ေနာက္ေန႔ေတြမွာလည္း ဒီလိုမ်ိဳး က်န္းမာေရးနဲ႔ ညီညႊတ္တဲ့ အစားအေသာက္ေတြကို အလွည့္က် လုပ္ေဆာင္သြားဦးမွာပါ။ ပရိသတ္ႀကီးအတြက္ က်န္းမာေရးနဲ႔ ညီညႊတ္တဲ့ အစားအေသာက္ကေရာ ဘာေတြျဖစ္မလဲ။” ဟု ေရးသားမွ်ေဝသြားခဲ့ျခင္းျဖစ္ပါတယ္။

- Advertisement -

- Advertisement -

ဒါ့အျပင္ Hailey သည္ ပန္းသီးႏွစ္လံုးကို အုတ္ဂ်ံဳမႈန္႔မ်ားျဖင့္ ေရာႏွမ္းကာ မီးကင္ထားသည့္ အခ်ိဳပဲြကိုလည္း ျပင္ဆင္ခဲ့ၿပီး ကစီပါဝင္ေသာ အစားအေသာက္မ်ားနဲ႔ ဓာတ္မတည့္သည့္ ခင္ပြန္းသည္ Justin အတြက္လည္း အဆုိပါအခ်ိဳပဲြကို အေပၚမွ ေရခဲမုန္႔အုပ္ကာ အထူးတလည္ျပင္ဆင္ေပးခဲ့ပါတယ္။ Justin သည္ ယခုလအေစာပိုင္းက Corona ဘီယာကို ေသာက္သံုးခဲ့ျခင္းေၾကာင့္ က်န္းမာေရးထိခိုက္ခဲ့ဟန္ရွိၿပီး အဆုိပါ Corona ဘီယာအေနျဖင့္ ကစီဓာတ္ မပါဝင္သည့္ ဘီယာကို ထုတ္လုပ္ႏုိင္မွသာ ထပ္မံေသာက္သံုးႏိုင္ေတာ့မည္ျဖစ္ေၾကာင္း သူ႔ရဲ႕အင္စတာဂရမ္ Story မွတစ္ဆင့္ ေရးသားခဲ့ပါတယ္။

ေတာ္ရံုတန္ရံု မီးဖိုေခ်ာင္ဝင္ေလ့မရွိသည့္ Hailey အေနနဲ႔ ယခုတစ္ႀကိမ္က Justin အတြက္ အစားအေသာက္မ်ားကုိ ႀကံဳေတာင့္ႀကံဳခဲ ျပင္ဆင္ေပးျခင္းျဖစ္ေၾကာင္းလည္း ပရိသတ္မ်ားက မွတ္ခ်က္ျပဳေရးသားခဲ့ၾကပါတယ္။

<Zawgyi Version>

 

မကြာခင်ကမှ ဒုတိယအကြိမ်မြောက် မင်္ဂလာပွဲကို ကျင်းပခဲ့ကြသည့် Justin Bieber နဲ့ Hailey Baldwin တို့သည် လက်ရှိအချိန်၌လည်း သူတို့ရဲ့ အိမ်ထောင်ရေးကို ပျော်ရွှင်စွာဖြင့် ဖြတ်သန်းလျက်ရှိပါတယ်။ Hailey သည် ပြီးခဲ့သည့် အောက်တိုဘာလ (၂၆) ရက်နေ့က သူ့ရဲ့ခင်ပွန်းသည် Justin အတွက် အာဟာရပြည့်ဝ၍ ကျန်းမာရေးနဲ့ ညီညွတ်သည့် အစားအသောက်များကို ပြင်ဆင်ကျွေးမွေးခဲ့ပြီး အဆိုပါအစားအသောက်များကို သူမရဲ့ အင်စတာဂရမ်မှတစ်ဆင့် ပရိသတ်များထံ မျှဝေခဲ့ပါတယ်။

အသက် (၂၂) နှစ်အရွယ် Hailey က “ဒီနေ့ ကျွန်မ အသားကင်နဲ့ ပန်းဂေါ်ဖီတို့ကို ကြိတ်ထောင်းထားပါတယ်။  နောက်နေ့တွေမှာလည်း ဒီလိုမျိုး ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစားအသောက်တွေကို အလှည့်ကျ လုပ်ဆောင်သွားဦးမှာပါ။ ပရိသတ်ကြီးအတွက် ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစားအသောက်ကရော ဘာတွေဖြစ်မလဲ။” ဟု ရေးသားမျှဝေသွားခဲ့ခြင်းဖြစ်ပါတယ်။

- Advertisement -

ဒါ့အပြင် Hailey သည် ပန်းသီးနှစ်လုံးကို အုတ်ဂျုံမှုန့်များဖြင့် ရောနှမ်းကာ မီးကင်ထားသည့် အချိုပွဲကိုလည်း ပြင်ဆင်ခဲ့ပြီး ကစီပါဝင်သော အစားအသောက်များနဲ့ ဓာတ်မတည့်သည့် ခင်ပွန်းသည် Justin အတွက်လည်း အဆိုပါအချိုပွဲကို အပေါ်မှ ရေခဲမုန့်အုပ်ကာ အထူးတလည်ပြင်ဆင်ပေးခဲ့ပါတယ်။ Justin သည် ယခုလအစောပိုင်းက Corona ဘီယာကို သောက်သုံးခဲ့ခြင်းကြောင့် ကျန်းမာရေးထိခိုက်ခဲ့ဟန်ရှိပြီး အဆိုပါ Corona ဘီယာအနေဖြင့် ကစီဓာတ် မပါဝင်သည့် ဘီယာကို ထုတ်လုပ်နိုင်မှသာ ထပ်မံသောက်သုံးနိုင်တော့မည်ဖြစ်ကြောင်း သူ့ရဲ့အင်စတာဂရမ် Story မှတစ်ဆင့် ရေးသားခဲ့ပါတယ်။

တော်ရုံတန်ရုံ မီးဖိုချောင်ဝင်လေ့မရှိသည့် Hailey အနေနဲ့ ယခုတစ်ကြိမ်က Justin အတွက် အစားအသောက်များကို ကြုံတောင့်ကြုံခဲ ပြင်ဆင်ပေးခြင်းဖြစ်ကြောင်းလည်း ပရိသတ်များက မှတ်ချက်ပြုရေးသားခဲ့ကြပါတယ်။

<Unicode Version>

 

Source ~ US Magazine

#HM(Soshwe)

#SoshweCelebrity

#SoshweForYourDailyLife

#Like&Share

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

four × 1 =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...