HomeSportပံုံစံတူရုပ္ထုရွိရာသို႕ မိသားစုစံုစံုလင္လင္နဲ႔ သြားေရာက္လည္ပတ္ခ့ဲသည့္ ေဒးဗစ္ဘက္ခမ္း။

ပံုံစံတူရုပ္ထုရွိရာသို႕ မိသားစုစံုစံုလင္လင္နဲ႔ သြားေရာက္လည္ပတ္ခ့ဲသည့္ ေဒးဗစ္ဘက္ခမ္း။

- Advertisement -

ေဘာလံုးသမားဘဝမွ အနားယူသြားၿပီျဖစ္သည့္ အသက္ (၄၄) ႏွစ္အရြယ္ ေဒးဗစ္ဘက္ခမ္းသည္ အသင္းေဟာင္း LA ဂလက္ဆီအသင္းရဲ႕ အိမ္ကြင္း Dignity Health Sports Park ၌ ထုလုပ္ထားသည့္ သူ႔ရဲ႕ ရုပ္ထုကုိ မိသားစုဝင္မ်ားနဲ႔အတူ သြားေရာက္ၾကည့္ရႈေလ့လာခဲ့ပါတယ္။ ေဒးဗစ္ဘက္ခမ္းသည္ သူ႔ရဲ႕ သားသံုးေယာက္ျဖစ္သည့္ အသက္ (၂၀) အရြယ္ ဘရြတ္ကလင္း၊ အသက္ (၁၇) ႏွစ္အရြယ္ ရိုမီယိုဂ်ိမ္းစ္၊ အသက္ (၁၄) ႏွစ္အရြယ္ ခရုဇ္ေဒးဗစ္တုိ႔အျပင္ အသက္ (၈) ႏွစ္အရြယ္ သမီးငယ္ ဟာပါးဆဲဗင္းတုိ႔ကိုပါ ေခၚေဆာင္ၿပီး ဇနီးျဖစ္သူ ဗစ္တုိးရီးယားနဲ႔အတူ အခုလုိပဲ ဂုဏ္ယူဖြယ္ရာအခိုက္အတန္႔ကို အတူတကြ ခံစားခဲ့ၾကျခင္းျဖစ္ပါတယ္။

https://www.instagram.com/p/B4HHvi6BmS6/?utm_source=ig_embed

- Advertisement -

ရင္ေသြး (၄) ေယာက္သား သူ႔ရဲ႕ ပံုစံတူရုပ္ထုေျခရင္း၌ အတူတကြထိုင္ေနၾကပံုကိုလည္း ဘက္ခမ္းက သူ႔ရဲ႕အင္စတာဂရမ္မွတစ္ဆင့္ ပရိသတ္ေတြထံ မွ်ေဝခဲ့ၿပီး “အရမ္းကို ဂုဏ္ယူရတဲ့အခိုက္အတန္႔ပါပဲ။” ဟု  ေရးသားခဲ့ပါတယ္။ ေဒးဗစ္ဘက္ခမ္းသည္ LA ဂလက္ဆီအသင္းအတြက္ (၅) ႏွစ္ၾကာ ကစားေပးခဲ့သည့္ ကစားသမားတစ္ဦးျဖစ္ၿပီး သူ႔ကို ဂုဏ္ျပဳထားသည့္ အဆုိပါရုပ္ထုကိုမူ ယခုႏွစ္ အေစာပိုင္း၌ စတင္ဖြင့္လွစ္ခဲ့ျခင္းျဖစ္ပါတယ္။

- Advertisement -

https://www.instagram.com/p/Bu6EAXihtwz/?utm_source=ig_embed

- Advertisement -

သားသမီးမ်ားနဲ႔အတူ ေပ်ာ္ေပ်ာ္ပါးပါး အေမးအေျဖျပဳလုပ္ေနသည့္ ဗီဒီယုိကုိလည္း ဘက္ခမ္းက ပရိသတ္ေတြထံ မွ်ေဝခဲ့ၿပီး အသက္ (၄၅) ႏွစ္အရြယ္ ဗစ္တိုးရီးယားဘက္ခမ္းကလည္း “ကြ်န္မတို႔ ရွင့္အတြက္ အရမ္းကို ဂုဏ္ယူပါတယ္။” ဟု မွတ္ခ်က္ေရးသားကာ ဂုဏ္ျပဳခဲ့ပါတယ္။ သူ႔ရဲ႕ပံုစံတူ ရုပ္ထုနဲ႔ ပတ္သက္၍လည္း ေဒးဗစ္ဘက္ခမ္းက “ဒီေနရာမွာ အေကာင္းဆံုး တစ္ခုက ဆံပင္ပါပဲ။ ဒါေပမယ့္ ကြ်န္ေတာ့္ရဲ႕ တင္ပါးကို ၾကည့္လိုက္စမ္းပါဗ်ာ။ အဲ့ဒါႀကီးက အျပင္နဲ႔ေတာ့ မတူဘူးဗ်။ ကြ်န္ေတာ့္ဇနီးနဲ႔အတူ ႏွစ္ေယာက္တည္း အရင္လာၾကည့္ခဲ့တာ မွန္သြားပါတယ္။ ပထမဆံုးတစ္ႀကိမ္မွာ ကေလးေတြသာ အတူတူပါလာရင္ ဘယ္လိုထင္မလဲ မသိဘူးဗ်။ ကြ်န္ေတာ္ ေဝဖန္တာမဟုတ္ပါဘူး။ ဒါေပမယ့္ ဒီတင္ပါးကေတာ့ တကယ္ႀကီးတဲ့ တင္ပါးပဲ။” ဟု အရႊန္းေဖာက္ ေျပာၾကားသြားခဲ့ေၾကာင္းလည္း သိရွိရပါတယ္။

<Zawgyi Version>

 

ဘောလုံးသမားဘဝမှ အနားယူသွားပြီဖြစ်သည့် အသက် (၄၄) နှစ်အရွယ် ဒေးဗစ်ဘက်ခမ်းသည် အသင်းဟောင်း LA ဂလက်ဆီအသင်းရဲ့ အိမ်ကွင်း Dignity Health Sports Park ၌ ထုလုပ်ထားသည့် သူ့ရဲ့ ရုပ်ထုကို မိသားစုဝင်များနဲ့အတူ သွားရောက်ကြည့်ရှုလေ့လာခဲ့ပါတယ်။ ဒေးဗစ်ဘက်ခမ်းသည် သူ့ရဲ့ သားသုံးယောက်ဖြစ်သည့် အသက် (၂၀) အရွယ် ဘရွတ်ကလင်း၊ အသက် (၁၇) နှစ်အရွယ် ရိုမီယိုဂျိမ်းစ်၊ အသက် (၁၄) နှစ်အရွယ် ခရုဇ်ဒေးဗစ်တို့အပြင် အသက် (၈) နှစ်အရွယ် သမီးငယ် ဟာပါးဆဲဗင်းတို့ကိုပါ ခေါ်ဆောင်ပြီး ဇနီးဖြစ်သူ ဗစ်တိုးရီးယားနဲ့အတူ အခုလိုပဲ ဂုဏ်ယူဖွယ်ရာအခိုက်အတန့်ကို အတူတကွ ခံစားခဲ့ကြခြင်းဖြစ်ပါတယ်။

https://www.instagram.com/p/B4HHvi6BmS6/?utm_source=ig_embed

ရင်သွေး (၄) ယောက်သား သူ့ရဲ့ ပုံစံတူရုပ်ထုခြေရင်း၌ အတူတကွထိုင်နေကြပုံကိုလည်း ဘက်ခမ်းက သူ့ရဲ့အင်စတာဂရမ်မှတစ်ဆင့် ပရိသတ်တွေထံ မျှဝေခဲ့ပြီး “အရမ်းကို ဂုဏ်ယူရတဲ့အခိုက်အတန့်ပါပဲ။” ဟု  ရေးသားခဲ့ပါတယ်။ ဒေးဗစ်ဘက်ခမ်းသည် LA ဂလက်ဆီအသင်းအတွက် (၅) နှစ်ကြာ ကစားပေးခဲ့သည့် ကစားသမားတစ်ဦးဖြစ်ပြီး သူ့ကို ဂုဏ်ပြုထားသည့် အဆိုပါရုပ်ထုကိုမူ ယခုနှစ် အစောပိုင်း၌ စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပါတယ်။

https://www.instagram.com/p/Bu6EAXihtwz/?utm_source=ig_embed

သားသမီးများနဲ့အတူ ပျော်ပျော်ပါးပါး အမေးအဖြေပြုလုပ်နေသည့် ဗီဒီယိုကိုလည်း ဘက်ခမ်းက ပရိသတ်တွေထံ မျှဝေခဲ့ပြီး အသက် (၄၅) နှစ်အရွယ် ဗစ်တိုးရီးယားဘက်ခမ်းကလည်း “ကျွန်မတို့ ရှင့်အတွက် အရမ်းကို ဂုဏ်ယူပါတယ်။” ဟု မှတ်ချက်ရေးသားကာ ဂုဏ်ပြုခဲ့ပါတယ်။ သူ့ရဲ့ပုံစံတူ ရုပ်ထုနဲ့ ပတ်သက်၍လည်း ဒေးဗစ်ဘက်ခမ်းက “ဒီနေရာမှာ အကောင်းဆုံး တစ်ခုက ဆံပင်ပါပဲ။ ဒါပေမယ့် ကျွန်တော့်ရဲ့ တင်ပါးကို ကြည့်လိုက်စမ်းပါဗျာ။ အဲ့ဒါကြီးက အပြင်နဲ့တော့ မတူဘူးဗျ။ ကျွန်တော့်ဇနီးနဲ့အတူ နှစ်ယောက်တည်း အရင်လာကြည့်ခဲ့တာ မှန်သွားပါတယ်။ ပထမဆုံးတစ်ကြိမ်မှာ ကလေးတွေသာ အတူတူပါလာရင် ဘယ်လိုထင်မလဲ မသိဘူးဗျ။ ကျွန်တော် ဝေဖန်တာမဟုတ်ပါဘူး။ ဒါပေမယ့် ဒီတင်ပါးကတော့ တကယ်ကြီးတဲ့ တင်ပါးပဲ။” ဟု အရွှန်းဖောက် ပြောကြားသွားခဲ့ကြောင်းလည်း သိရှိရပါတယ်။

<Unicode Version>

 

Source ~ PEOPLE Magazine

#HM(Soshwe)

#SoshweCelebrity

#SoshweForYourDailyLife

#Like&Share

 

 

- Advertisement -

Must Read