HomeEntertainmentမူးယစ္ရမ္းကားမႈ၊ ကုိယ္ထိလက္ေရာက္မႈမ်ားျဖင့္ အဖမ္းခံထားရသည့္ Supernatural ၾကယ္ပြင့္။

မူးယစ္ရမ္းကားမႈ၊ ကုိယ္ထိလက္ေရာက္မႈမ်ားျဖင့္ အဖမ္းခံထားရသည့္ Supernatural ၾကယ္ပြင့္။

- Advertisement -

Supernatural ဇာတ္လမ္းရဲ႕ၾကယ္ပြင့္ျဖစ္သူ Jared Padalecki သည္ မူးယစ္ရမ္းကားမႈ၊ ကိုယ္ထိလက္္ေရာက္က်ဴးလြန္မႈမ်ားျဖင့္ တနဂၤေႏြေန႔ နံနက္အေစာပိုင္းက ဖမ္းဆီးထိန္းသိမ္းခံခဲ့ရေၾကာင္း သိရွိရပါတယ္။ အသက္ (၃၇) ႏွစ္အရြယ္ အဆုိပါမင္းသားသည္ တကၠဆက္ျပည္နယ္၊ Austin ေဒသရွိ ႏုိက္ကလပ္တစ္ခု၌ ျပႆနာျဖစ္ပြားခ့ဲသည္ဟု TMZ သတင္းဌာနက ေဖာ္ျပခဲ့ၿပီး Padalecki သည္ အရက္ေဖ်ာ္သည့္ ဝန္ထမ္းနဲ႔အေထြေထြမန္ေနဂ်ာတို႔ရဲ႕မ်က္ႏွာကို တိုက္ခိုက္ခဲ့ၿပီးေနာက္ ျပင္းထန္စြာ ကိုယ္ထိလက္ေရာက္က်ဴးလြန္မႈ (၂) ႀကိမ္အျပင္ မူးယစ္ရမ္းကားမႈတုိ႔နဲ႔ပါ ဖမ္းဆီးခံခဲ့ရျခင္းျဖစ္ပါတယ္။

Padalecki သည္ ခံဝန္ေရးထုိးၿပီး အာမခံရရွိရန္အတြက္ ေဒၚလာ (၁) ေသာင္းခဲြျပင္ဆင္ထားေပမယ့္ အာမခံရမရ ရွင္းရွင္းလင္းလင္း မသိရွိရေသးေပ။ ယခုျဖစ္ရပ္နဲ႔ ပတ္သက္၍ Padalecki ရဲ႕ ေရွ႕ေန၊ ႏုိက္ကလပ္ တာဝန္ရွိသူမ်ား နဲ႔ ေဒသခံ Austin ရဲတပ္ဖဲြ႕တုိ႔ဘက္မွ ေျဖရွင္းခ်က္တစ္စံုတစ္ရာ မေပးရေသးေၾကာင္းလည္း သိရွိရပါတယ္။ အခင္းျဖစ္ပြားသည့္ ကလပ္သည္ Stereotype ဟုအမည္ရသည့္ ကလပ္တစ္ခုျဖစ္ၿပီး Padalecki ပံုမွန္သြားလာေနသည့္ ကလပ္တစ္ခုျဖစ္ေၾကာင္း သိရွိရသလို (၂၀၁၈) ခုႏွစ္၊ စက္တင္ဘာလ၌ အဆုိပါကလပ္ စတင္ဖြင့္လွစ္ခဲ့သည့္ အခမ္းအနားကိုပင္ Padalecki တစ္ေယာက္ တက္ေရာက္ခဲ့ဖူးပါေသးတယ္။

- Advertisement -

Stereotype ကလပ္သည္ အဓိကအားျဖင့္ DJ မ်ားျဖင့္ အဓိကေဖ်ာ္ေျဖေလ့ရွိသည့္ ကလပ္တစ္ခုျဖစ္ၿပီး အႏုပညာရွင္မ်ားရဲ႕ Live ေဖ်ာ္ေျဖသည့္ အစီအစဥ္မ်ားကိုလည္း ျပဳလုပ္ေလ့ရွိသည့္ ကလပ္တစ္ခုျဖစ္ပါတယ္။

- Advertisement -

<Zawgyi Version>

- Advertisement -

 

Supernatural ဇာတ်လမ်းရဲ့ကြယ်ပွင့်ဖြစ်သူ Jared Padalecki သည် မူးယစ်ရမ်းကားမှု၊ ကိုယ်ထိလက််ရောက်ကျူးလွန်မှုများဖြင့် တနင်္ဂနွေနေ့ နံနက်အစောပိုင်းက ဖမ်းဆီးထိန်းသိမ်းခံခဲ့ရကြောင်း သိရှိရပါတယ်။ အသက် (၃၇) နှစ်အရွယ် အဆိုပါမင်းသားသည် တက္ကဆက်ပြည်နယ်၊ Austin ဒေသရှိ နိုက်ကလပ်တစ်ခု၌ ပြဿနာဖြစ်ပွားခဲ့သည်ဟု TMZ သတင်းဌာနက ဖော်ပြခဲ့ပြီး Padalecki သည် အရက်ဖျော်သည့် ဝန်ထမ်းနဲ့အထွေထွေမန်နေဂျာတို့ရဲ့မျက်နှာကို တိုက်ခိုက်ခဲ့ပြီးနောက် ပြင်းထန်စွာ ကိုယ်ထိလက်ရောက်ကျူးလွန်မှု () ကြိမ်အပြင် မူးယစ်ရမ်းကားမှုတို့နဲ့ပါ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပါတယ်။

Padalecki သည် ခံဝန်ရေးထိုးပြီး အာမခံရရှိရန်အတွက် ဒေါ်လာ (၁) သောင်းခွဲပြင်ဆင်ထားပေမယ့် အာမခံရမရ ရှင်းရှင်းလင်းလင်း မသိရှိရသေးပေ။ ယခုဖြစ်ရပ်နဲ့ ပတ်သက်၍ Padalecki ရဲ့ ရှေ့နေ၊ နိုက်ကလပ် တာဝန်ရှိသူများ နဲ့ ဒေသခံ Austin ရဲတပ်ဖွဲ့တို့ဘက်မှ ဖြေရှင်းချက်တစ်စုံတစ်ရာ မပေးရသေးကြောင်းလည်း သိရှိရပါတယ်။ အခင်းဖြစ်ပွားသည့် ကလပ်သည် Stereotype ဟုအမည်ရသည့် ကလပ်တစ်ခုဖြစ်ပြီး Padalecki ပုံမှန်သွားလာနေသည့် ကလပ်တစ်ခုဖြစ်ကြောင်း သိရှိရသလို (၂၀၁၈) ခုနှစ်၊ စက်တင်ဘာလ၌ အဆိုပါကလပ် စတင်ဖွင့်လှစ်ခဲ့သည့် အခမ်းအနားကိုပင် Padalecki တစ်ယောက် တက်ရောက်ခဲ့ဖူးပါသေးတယ်။

Stereotype ကလပ်သည် အဓိကအားဖြင့် DJ များဖြင့် အဓိကဖျော်ဖြေလေ့ရှိသည့် ကလပ်တစ်ခုဖြစ်ပြီး အနုပညာရှင်များရဲ့ Live ဖျော်ဖြေသည့် အစီအစဉ်များကိုလည်း ပြုလုပ်လေ့ရှိသည့် ကလပ်တစ်ခုဖြစ်ပါတယ်။

<Unicode Version>

 

Source ~ PEOPLE Magazine

#HM(Soshwe)

#SoshweCelebrity

#SoshweForYourDailyLife

#Like&Share

 

 

- Advertisement -

Must Read