HomeSportဂါရတ္ေဘးလ္ကုိ ယူႏုိက္တက္တို႔ ေခၚယူမွာလား ? ? ?

ဂါရတ္ေဘးလ္ကုိ ယူႏုိက္တက္တို႔ ေခၚယူမွာလား ? ? ?

- Advertisement -

အဂၤလန္ပရီးမီးယားလိဂ္ကလပ္ ယူႏုိက္တက္အသင္းသည္ ရီးရဲယ္မက္ဒရစ္အသင္းရဲ႕ ေတာင္ပံကစားသမား ဂါရတ္ေဘးလ္ကို ေခၚယူရန္ စိတ္မဝင္စားေၾကာင္း သိရွိရပါတယ္။ အသင္းရဲ႕ ညာေတာင္ပံတုိက္စစ္အတြက္  ေတာင္ပံကစားသမားတစ္ေယာက္ မျဖစ္မေနျဖည့္တင္းရန္ လိုအပ္ေနသည့္ ယူႏုိက္တက္အသင္းသည္ ဂါရတ္ေဘးလ္ကို ေခၚယူရန္ ႀကိဳးစားေနေၾကာင္း ၿပီးခဲ့သည့္ အေျပာင္းအေရႊ႕ရာသီမ်ားက အၿမဲလိုလို သတင္းထြက္ေပၚခဲ့ေပမယ့္ လက္ေတြ႕၌မူ ကစားသမားရဲ႕ ဒဏ္ရာမွတ္တမ္းက ယူႏုိက္တက္ကို လက္တြန္႔ေစခဲ့ပါတယ္။

ေဝးလ္စ္လက္ေရြးစင္အသင္းရဲ႕ အသင္းေခါင္းေဆာင္တစ္ဦးျဖစ္သည့္ ဂါရတ္ေဘးလ္သည္ ရီးရဲယ္မက္ဒရစ္အသင္းရဲ႕ စံခ်ိန္တင္ လစာရရွိေနသည့္ ကစားသမားတစ္ဦးျဖစ္ေပမယ့္ ဒဏ္ရာျပႆနာမ်ားရဲ႕ ႏွိပ္စက္မႈနဲ႔ အၿမဲလိုလို ရင္ဆိုင္ခဲ့ရျခင္းေၾကာင့္ အသင္းနဲ႔ ပရိသတ္မ်ားက ကစားသမားအေပၚ စိတ္ရွည္သည္းခံမႈ ကုန္ဆံုးေနၿပီဟု သတင္းမ်ားက်ယ္ေလာင္စြာ ထြက္ေပၚေနပါတယ္။ အသက္ (၃၀) အရြယ္ အဆုိပါ ကစားသမားကိုယ္တုိင္က ၿပီးခဲ့သည့္ ေႏြရာသီ အေျပာင္းအေရႊ႕၌ အသင္းကုိစြန္႔ခြာရန္ ျငင္းဆန္ခဲ့ၿပီး နည္းျပဇီဒန္းနဲ႔ အဆင္မေျပသည့္ အေနအထား၌ ပဲြထြက္ခြင့္မရရွိပါက လစာယူၿပီး  ေဂါက္ရုိက္ေနမည္ဟု  ေျပာၾကားခဲ့ဖူးပါတယ္။

ရီးရဲယ္မက္ဒရစ္အသင္းသည္ ယူႏုိက္တက္အသင္းရဲ႕ ကြင္းလယ္ကစားသမားေပါ့ဘာကုိ လာမည့္ေဆာင္းရာသီ အေျပာင္းအေရႊ႕၌ အရေခၚယူသြားရန္ ျပင္ဆင္ထားၿပီး အဆုိပါအေျပာင္းအေရႊ႕၌ ဂါရတ္ေဘးလ္ကိုပါ တစ္စိတ္တစ္ပို္င္း ထည့္သြင္းအသံုးျပဳသြားဖြယ္ရွိေၾကာင္း သတင္းမ်ားကေဖာ္ျပေနၾကေပမယ့္ ယူႏုိက္တက္အသင္းကမူ ဂါရတ္ေဘးလ္ရဲ႕ ဒဏ္ရာမွတ္တမ္းမ်ားက အသင္းကို အေထာက္အကူျဖစ္ေစမည္မဟုတ္ေၾကာင္း ယူဆေနပါတယ္။

- Advertisement -

ဂါရတ္ေဘးလ္သည္ လက္ရွိေဘာလံုးရာသီ၌ ကလပ္အသင္းနဲ႔ႏုိင္ငံအသင္းတုိ႔အတြက္ ၿပိဳင္ပြဲစံု (၁၀) ပဲြသာ ကစားေပးထားႏိုင္ၿပီး ယူႏုိက္တက္အသင္းအျပင္ အသင္းေဟာင္း စပါးအသင္း၊ ခ်ဲလ္ဆီးအသင္းတို႔နဲ႔လည္း သတင္းမ်ားထြက္ေပၚေနသည့္ ကစားသမားတစ္ဦးျဖစ္ပါတယ္။

- Advertisement -

<Zawgyi Version>

 

အင်္ဂလန်ပရီးမီးယားလိဂ်ကလပ် ယူနိုက်တက်အသင်းသည် ရီးရဲယ်မက်ဒရစ်အသင်းရဲ့ တောင်ပံကစားသမား ဂါရတ်ဘေးလ်ကို ခေါ်ယူရန် စိတ်မဝင်စားကြောင်း သိရှိရပါတယ်။ အသင်းရဲ့ ညာတောင်ပံတိုက်စစ်အတွက်  တောင်ပံကစားသမားတစ်ယောက် မဖြစ်မနေဖြည့်တင်းရန် လိုအပ်နေသည့် ယူနိုက်တက်အသင်းသည် ဂါရတ်ဘေးလ်ကို ခေါ်ယူရန် ကြိုးစားနေကြောင်း ပြီးခဲ့သည့် အပြောင်းအရွှေ့ရာသီများက အမြဲလိုလို သတင်းထွက်ပေါ်ခဲ့ပေမယ့် လက်တွေ့၌မူ ကစားသမားရဲ့ ဒဏ်ရာမှတ်တမ်းက ယူနိုက်တက်ကို လက်တွန့်စေခဲ့ပါတယ်။

ဝေးလ်စ်လက်ရွေးစင်အသင်းရဲ့ အသင်းခေါင်းဆောင်တစ်ဦးဖြစ်သည့် ဂါရတ်ဘေးလ်သည် ရီးရဲယ်မက်ဒရစ်အသင်းရဲ့ စံချိန်တင် လစာရရှိနေသည့် ကစားသမားတစ်ဦးဖြစ်ပေမယ့် ဒဏ်ရာပြဿနာများရဲ့ နှိပ်စက်မှုနဲ့ အမြဲလိုလို ရင်ဆိုင်ခဲ့ရခြင်းကြောင့် အသင်းနဲ့ ပရိသတ်များက ကစားသမားအပေါ် စိတ်ရှည်သည်းခံမှု ကုန်ဆုံးနေပြီဟု သတင်းများကျယ်လောင်စွာ ထွက်ပေါ်နေပါတယ်။ အသက် (၃၀) အရွယ် အဆိုပါ ကစားသမားကိုယ်တိုင်က ပြီးခဲ့သည့် နွေရာသီ အပြောင်းအရွှေ့၌ အသင်းကိုစွန့်ခွာရန် ငြင်းဆန်ခဲ့ပြီး နည်းပြဇီဒန်းနဲ့ အဆင်မပြေသည့် အနေအထား၌ ပွဲထွက်ခွင့်မရရှိပါက လစာယူပြီး  ဂေါက်ရိုက်နေမည်ဟု  ပြောကြားခဲ့ဖူးပါတယ်။

ရီးရဲယ်မက်ဒရစ်အသင်းသည် ယူနိုက်တက်အသင်းရဲ့ ကွင်းလယ်ကစားသမားပေါ့ဘာကို လာမည့်ဆောင်းရာသီ အပြောင်းအရွှေ့၌ အရခေါ်ယူသွားရန် ပြင်ဆင်ထားပြီး အဆိုပါအပြောင်းအရွှေ့၌ ဂါရတ်ဘေးလ်ကိုပါ တစ်စိတ်တစ်ပို်င်း ထည့်သွင်းအသုံးပြုသွားဖွယ်ရှိကြောင်း သတင်းများကဖော်ပြနေကြပေမယ့် ယူနိုက်တက်အသင်းကမူ ဂါရတ်ဘေးလ်ရဲ့ ဒဏ်ရာမှတ်တမ်းများက အသင်းကို အထောက်အကူဖြစ်စေမည်မဟုတ်ကြောင်း ယူဆနေပါတယ်။

ဂါရတ်ဘေးလ်သည် လက်ရှိဘောလုံးရာသီ၌ ကလပ်အသင်းနဲ့နိုင်ငံအသင်းတို့အတွက် ပြိုင်ပွဲစုံ (၁၀) ပွဲသာ ကစားပေးထားနိုင်ပြီး ယူနိုက်တက်အသင်းအပြင် အသင်းဟောင်း စပါးအသင်း၊ ချဲလ်ဆီးအသင်းတို့နဲ့လည်း သတင်းများထွက်ပေါ်နေသည့် ကစားသမားတစ်ဦးဖြစ်ပါတယ်။

<Unicode Version>

 

- Advertisement -

Source ~ Sportsmole

#HM(Soshwe)

#SoshweSport

#SoshweForYourDailyLife

#Like&Share

 

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

5 + 17 =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...