HomeEntertainment"The Joker" ဇာတ္ကားထဲက ဇာတ္ေကာင္ Sophie တစ္ေယာက္ ဘာျဖစ္သြားတာလဲ ? ? ? (Spoiler Alert)

“The Joker” ဇာတ္ကားထဲက ဇာတ္ေကာင္ Sophie တစ္ေယာက္ ဘာျဖစ္သြားတာလဲ ? ? ? (Spoiler Alert)

- Advertisement -

ဒီေဆာင္းပါးကေတာ့ “The Joker” ဇာတ္ကားကို ၾကည့္ၿပီးေနာက္ လစ္ဟာေနတဲ့ ဇာတ္ကြက္တစ္ခုနဲ႔ ပတ္သက္ၿပီး ေခါင္းခဲေနတဲ့သူေတြအတြက္ပဲျဖစ္ပါတယ္။ အကယ္၍သာ သင္က ၂၀၁၉ ခုႏွစ္မွာ ထြက္ရွိထားတဲ့ “The Joker” ဇာတ္ကားကို မၾကည့္ရေသးတဲ့သူဆိုရင္ေတာ့ ဒီေဆာင္းပါးကို ဆက္မဖတ္ဖို႔ တိုက္တြန္းအၾကံျပဳခ်င္ပါတယ္။

- Advertisement -

- Advertisement -

- Advertisement -

 

၂၀၁၉ ခုႏွစ္မွာ “The Joker” ဇာတ္ကားအသစ္ကို ၾသဂုတ္လ ၃၁ ရက္ေန႔ အီတလီႏိုင္ငံမွာ စတင္ ႐ံုတင္ျပသခဲ့တာျဖစ္ပါတယ္။ ဒီဇာတ္ကားဟာ စိတၱဇထိတ္လန္႔သည္းဖိုဇာတ္ကားအသစ္တစ္ခုျဖစ္ၿပီး ဒီဇာတ္ကားကို ဒါ႐ိုက္တာ Todd Phillips က ႐ိုက္ကူးခဲ့ၿပီး အဆိုပါဇာတ္ကားရဲ႕ ထုတ္လုပ္သူေတြကေတာ့ Todd Phillips ၊ Bradley Cooper နဲ႔ Emma Tillinger တို႔ပဲျဖစ္ပါတယ္။ ဒီဇာတ္ကားထဲမွာဆိုရင္ေတာ့ အဓိက ဇာတ္ေဆာင္အျဖစ္ Joaquin Phoenix က သရုပ္ေဆာင္ထားတာပဲျဖစ္ပါတယ္။

ဒီဇာတ္ကားကိုၾကည့္ၿပီးတဲ့သူေတြဟာ Arthur (The Joker) ရဲ႕ မိတ္ေဆြေဟာင္းတစ္ေယာက္ျဖစ္တဲ့ Sophie တစ္ေယာက္ Arthur နဲ႔ ေနာက္ဆံုးေတြ႔ဆံုၿပီးတဲ့ေနာက္မွာ ဘာဆက္ျဖစ္သြားသလဲ? Arthur က Sophie နဲ႔ Sophie ရဲ႕ကေလးကို သတ္လိုက္သလား? ဒါမွမဟုတ္ အသက္ရွင္ေနထိုင္ခြင့္ရသြားသလား? ဆိုတာကို ကြဲကြဲျပားျပား မသိလိုက္ရပါဘူး။

ဒီဇာတ္ကားထဲမွာပါဝင္တဲ့ ဇာတ္ေကာင္ႏွစ္ဦးျဖစ္တဲ့ Arthur နဲ႔ Sophie တို႔ရဲ႕ ပတ္သက္မႈကို ျပန္သံုးသပ္ၾကည့္ရေအာင္ပါ။ ပထမဦးဆံုးေတာ့ Arthur နဲ႔ Sophie တို႔ႏွစ္ဦးဟာ တြဲေနၾကတယ္လို႔ ႐ုပ္ရွင္ၾကည့္ပရိသတ္က ထင္ေကာင္းထင္သြားႏိုင္ပါတယ္။ ဒါေတြကလည္း Arthur ရဲ႕ Sophie နဲ႔ ပတ္သက္တဲ့ တစ္ကိုယ္တည္းစိတ္ကူးယဥ္မႈေတြသာျဖစ္ပါတယ္။

တကယ္တမ္းမွာေတာ့ သူတို႔ႏွစ္ဦးဟာ သာမန္မိတ္ေဆြေတြပဲျဖစ္ပါတယ္။ ဒီအခ်က္ကို Arthur က Sophie နဲ႔  ေနာက္ဆံုးေတြ႔တဲ့အခ်ိန္မွာ Sophie ေျပာခဲ့တဲ့ “ကၽြန္မနဲ႔ ကၽြန္မကေလးကို ဘာမွမလုပ္ပါနဲ႔။” ဆိုၿပီး  ေတာင္းဆိုတာကေန တဆင့္သိႏိုင္တာျဖစ္ေၾကာင္း ႐ုပ္ရွင္ပညာရွင္တစ္ဦးက ဆိုခဲ့ပါတယ္။

ဒီေတာ့ ခ်ံဳငံုၿပီးေျပာရမယ္ဆိုရင္ Sophie က အသက္ဆက္ရွင္သန္ခြင့္ရသြားခဲ့တာပဲျဖစ္ပါတယ္။ ဘာလို႔လည္းဆိုေတာ့ Sophie ဟာ Arthur အေပၚကို အၿမဲတမ္းေကာင္းမြန္စြာဆက္ဆံေပးခဲ့ၿပီး ဘယ္တုန္းကမွ အႏိုင္မက်င့္ခဲ့အတြက္ Arthur က Sophie ကို သတ္မွာမဟုတ္ေၾကာင္းကိုလည္း ပညာရွင္က ထပ္ေလာင္း  ေျပာျပသြားခဲ့ပါတယ္။

<Zawgyi Version>

 

ဒီဆောင်းပါးကတော့ “The Joker” ဇာတ်ကားကို ကြည့်ပြီးနောက် လစ်ဟာနေတဲ့ ဇာတ်ကွက်တစ်ခုနဲ့ ပတ်သက်ပြီး ခေါင်းခဲနေတဲ့သူတွေအတွက်ပဲဖြစ်ပါတယ်။ အကယ်၍သာ သင်က ၂၀၁၉ ခုနှစ်မှာ ထွက်ရှိထားတဲ့ “The Joker” ဇာတ်ကားကို မကြည့်ရသေးတဲ့သူဆိုရင်တော့ ဒီဆောင်းပါးကို ဆက်မဖတ်ဖို့ တိုက်တွန်းအကြံပြုချင်ပါတယ်။

၂၀၁၉ ခုနှစ်မှာ “The Joker” ဇာတ်ကားအသစ်ကို သြဂုတ်လ ၃၁ ရက်နေ့ အီတလီနိုင်ငံမှာ စတင် ရုံတင်ပြသခဲ့တာဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ စိတ္တဇထိတ်လန့်သည်းဖိုဇာတ်ကားအသစ်တစ်ခုဖြစ်ပြီး ဒီဇာတ်ကားကို ဒါရိုက်တာ Todd Phillips က ရိုက်ကူးခဲ့ပြီး အဆိုပါဇာတ်ကားရဲ့ ထုတ်လုပ်သူတွေကတော့ Todd Phillips ၊ Bradley Cooper နဲ့ Emma Tillinger တို့ပဲဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာဆိုရင်တော့ အဓိက ဇာတ်ဆောင်အဖြစ် Joaquin Phoenix က သရုပ်ဆောင်ထားတာပဲဖြစ်ပါတယ်။

ဒီဇာတ်ကားကိုကြည့်ပြီးတဲ့သူတွေဟာ Arthur (The Joker) ရဲ့ မိတ်ဆွေဟောင်းတစ်ယောက်ဖြစ်တဲ့ Sophie တစ်ယောက် Arthur နဲ့ နောက်ဆုံးတွေ့ဆုံပြီးတဲ့နောက်မှာ ဘာဆက်ဖြစ်သွားသလဲ? Arthur က Sophie နဲ့ Sophie ရဲ့ကလေးကို သတ်လိုက်သလား? ဒါမှမဟုတ် အသက်ရှင်နေထိုင်ခွင့်ရသွားသလား? ဆိုတာကို ကွဲကွဲပြားပြား မသိလိုက်ရပါဘူး။

ဒီဇာတ်ကားထဲမှာပါဝင်တဲ့ ဇာတ်ကောင်နှစ်ဦးဖြစ်တဲ့ Arthur နဲ့ Sophie တို့ရဲ့ ပတ်သက်မှုကို ပြန်သုံးသပ်ကြည့်ရအောင်ပါ။ ပထမဦးဆုံးတော့ Arthur နဲ့ Sophie တို့နှစ်ဦးဟာ တွဲနေကြတယ်လို့ ရုပ်ရှင်ကြည့်ပရိသတ်က ထင်ကောင်းထင်သွားနိုင်ပါတယ်။ ဒါတွေကလည်း Arthur ရဲ့ Sophie နဲ့ ပတ်သက်တဲ့ တစ်ကိုယ်တည်းစိတ်ကူးယဉ်မှုတွေသာဖြစ်ပါတယ်။

တကယ်တမ်းမှာတော့ သူတို့နှစ်ဦးဟာ သာမန်မိတ်ဆွေတွေပဲဖြစ်ပါတယ်။ ဒီအချက်ကို Arthur က Sophie နဲ့  နောက်ဆုံးတွေ့တဲ့အချိန်မှာ Sophie ပြောခဲ့တဲ့ “ကျွန်မနဲ့ ကျွန်မကလေးကို ဘာမှမလုပ်ပါနဲ့။” ဆိုပြီး  တောင်းဆိုတာကနေ တဆင့်သိနိုင်တာဖြစ်ကြောင်း ရုပ်ရှင်ပညာရှင်တစ်ဦးက ဆိုခဲ့ပါတယ်။

ဒီတော့ ချုံငုံပြီးပြောရမယ်ဆိုရင် Sophie က အသက်ဆက်ရှင်သန်ခွင့်ရသွားခဲ့တာပဲဖြစ်ပါတယ်။ ဘာလို့လည်းဆိုတော့ Sophie ဟာ Arthur အပေါ်ကို အမြဲတမ်းကောင်းမွန်စွာဆက်ဆံပေးခဲ့ပြီး ဘယ်တုန်းကမှ အနိုင်မကျင့်ခဲ့အတွက် Arthur က Sophie ကို သတ်မှာမဟုတ်ကြောင်းကိုလည်း ပညာရှင်က ထပ်လောင်း  ပြောပြသွားခဲ့ပါတယ်။

<Unicode Version>

 

Source ~ Buzzfeed

#SY(1209Soshwe)

#SoshweEntertainment

#soshweForYourDailyLife

#Like&Share

 

 

 

- Advertisement -

Must Read