Breaking News

ရေကူးကန်ထဲကမိကျောင်းကို ခက်ခဲစွာကယ်ဆယ်ခဲ့ရတဲ့ ဖလော်ရီဒါနိုင်ငံသား။

ကျွန်မတို့တော်တော်များများက မိကျောင်းခေါင်းရှည် နဲ့ မိကျောင်းခေါင်းတိုဟာ အတူတူပဲလို့ ထင်လေ့ရှိကြပါတယ်။ အမှန်တကယ်မှာတော့ မတူပါဘူး။ မိကျောင်းခေါင်းရှည်တွေက မိကျောင်းခေါင်းတိုတွေထက် ပိုပြီးရန်လိုတတ်ပြီး သားကောင်ကိုကိုက်ခဲထားရင်လည်း ပြန်လွှတ်လေ့မရှိပါဘူး။

ဖလော်ရီဒါပြည်နယ်က မိကျောင်းတွေကို ထိန်းသိမ်းကယ်ဆယ်တဲ့အဖွဲ့သားတစ်ဦးဖြစ်သူ Paul Bedard က ရေကူးကန်ထဲမှာပိတ်မိနေတဲ့ မိကျောင်းခေါင်းတိုတစ်ကောင်ကို ကယ်ဆယ်ထုတ်ယူခဲ့ရပါတယ်။ တကယ်ဆို မိကျောင်းက လူသားကို အန္တရာယ်ပေးတတ်တာမို့ ဘာကြောင့် လူသားတစ်ဦးက မိကျောင်းကို ရေကူးကန်ထဲကနေ ကယ်ဆယ်တာလဲဆိုတာကို စဉ်းစားရခက်နေတဲ့ စာဖတ်သူတွေအတွက် မိကျောင်းတွေရဲ့ သဘာဝနဲ့ ပတ်သက်ပြီး အချက်အလက်တစ်ခု မျှဝေပေးချင်ပါတယ်။

မိကျောင်းတွေက များသောအားဖြင့် သဘာဝကဖန်တီးပေးထားတဲ့ နောက်ကျိကျိရေကန်တွေထဲမှာ နေတာဖြစ်ပြီး သူတို့က ခန္ဓာကိုယ်အပူချိန်ကို ညှိဖို့အတွက် ကုန်းပေါ်ကိုတက်ချင်တဲ့အခါမျိုးမှာလည်း လွယ်လွယ်ကူကူတက်လို့ရပါတယ်။ လူတွေရေကူးတဲ့ ရေကူးကန်မှာ ပိတ်မိနေပြီဆိုရင်တော့ လူတွေက ထိုရေထဲကနေ မဆယ်ထုတ်ပေးရင် သူတို့ဘာသာ ရေပေါ်ကို ပြန်တက်နိုင်လေ့မရှိပါဘူး။

မိကျောင်းတစ်ကောင်ကို လူတစ်ဦးက ထိန်းသိမ်းကယ်ဆယ်ဖို့ဆိုတာ တကယ်ကိုခက်ခဲတဲ့အလုပ်ပါ။ ပြီးတော့ မိကျောင်းက ရေထဲမှာဆိုတော့ ပိုဆိုးတာပေါ့။ အဆိုပါမိကျောင်းက ရေကူးကန်ထဲကို လမ်းမှားပြီးရောက်လာပုံရပါတယ်။ ပြီးတော့ မိကျောင်းရဲ့အရှည်က ၈ပေ (1209သို့) ၉ပေဖြစ်နိုင်ပြီး လူ့အရပ်ထပ်ရှည်တယ်လို့ Bedard က ဆိုပါတယ်။ Bedard က ထိုရေးကူးကန်ထဲကို ခုန်ဆင်းပြီးတာနဲ့ မိကျောင်းကို တန်းမဖမ်းသေးဘဲ မိကျောင်းက ပင်ပန်းသွားတဲ့အထိ မိကျောင်းနဲ့ အတူတူ  ဆော့ကစားကျီစယ်ပြီးမှသာ မိကျောင်းရဲ့ပါးစပ်ကို တိပ်နဲ့ကပ်ပြီး ကယ်ဆယ်ခဲ့ရတာဖြစ်ပါတယ်။

 

Soshwe စာဖတ်ပရိသတ်ကလည်း မိကျောင်းလို သားရဲတိရစ္ဆာန်တစ်ကောင်နဲ့ ဘယ်လိုလုပ်ပြီး  ဆော့ကစားတာလဲလို့ အံ့သြကောင်း အံ့သြနေမှာပါ။ မိကျောင်းထိန်းသိမ်းကာကွယ်သူ Bedard တစ်ယောက် ရေကူးကန်ထဲကနေ ကယ်ဆယ်ခဲ့တဲ့ မိကျောင်းဟာ ရန်မလိုတတ်တဲ့ မိကျောင်းခေါင်းတိုအမျိုးအစားပဲ ဖြစ်ပါတယ်။ ထိုမိကျောင်းက Bedardကို ရန်မမူခဲ့တဲ့အတွက် ထိုကယ်ဆယ်ရေးက ပိုမိုလွယ်ကူသွားကြောင်းကိုလည်း Bedard က ဆိုခဲ့ပါတယ်။

<Unicode Version>

 

 

 

ေရကူးကန္ထဲကမိေက်ာင္းကို ခက္ခဲစြာကယ္ဆယ္ခဲ့ရတဲ့ ဖေလာ္ရီဒါႏိုင္ငံသား။

ကၽြန္မတို႔ေတာ္ေတာ္မ်ားမ်ားက မိေက်ာင္းေခါင္းရွည္ နဲ႔ မိေက်ာင္းေခါင္းတိုဟာ အတူတူပဲလို႔ ထင္ေလ့ရွိၾကပါတယ္။ အမွန္တကယ္မွာေတာ့ မတူပါဘူး။ မိေက်ာင္းေခါင္းရွည္ေတြက မိေက်ာင္းေခါင္းတိုေတြထက္ ပိုၿပီးရန္လိုတတ္ၿပီး သားေကာင္ကိုကိုက္ခဲထားရင္လည္း ျပန္လႊတ္ေလ့မရွိပါဘူး။

ဖေလာ္ရီဒါျပည္နယ္က မိေက်ာင္းေတြကို ထိန္းသိမ္းကယ္ဆယ္တဲ့အဖြဲ႕သားတစ္ဦးျဖစ္သူ Paul Bedard က ေရကူးကန္ထဲမွာပိတ္မိေနတဲ့ မိေက်ာင္းေခါင္းတိုတစ္ေကာင္ကို ကယ္ဆယ္ထုတ္ယူခဲ့ရပါတယ္။ တကယ္ဆို မိေက်ာင္းက လူသားကို အႏၱရာယ္ေပးတတ္တာမို႔ ဘာေၾကာင့္ လူသားတစ္ဦးက မိေက်ာင္းကို ေရကူးကန္ထဲကေန ကယ္ဆယ္တာလဲဆိုတာကို စဥ္းစားရခက္ေနတဲ့ စာဖတ္သူေတြအတြက္ မိေက်ာင္းေတြရဲ႕ သဘာဝနဲ႔ ပတ္သက္ၿပီး အခ်က္အလက္တစ္ခု မွ်ေဝေပးခ်င္ပါတယ္။

မိေက်ာင္းေတြက မ်ားေသာအားျဖင့္ သဘာဝကဖန္တီးေပးထားတဲ့ ေနာက္က်ိက်ိေရကန္ေတြထဲမွာ ေနတာျဖစ္ၿပီး သူတို႔က ခႏၶာကိုယ္အပူခ်ိန္ကို ညႇိဖို႔အတြက္ ကုန္းေပၚကိုတက္ခ်င္တဲ့အခါမ်ိဳးမွာလည္း လြယ္လြယ္ကူကူတက္လို႔ရပါတယ္။ လူေတြေရကူးတဲ့ ေရကူးကန္မွာ ပိတ္မိေနၿပီဆိုရင္ေတာ့ လူေတြက ထိုေရထဲကေန မဆယ္ထုတ္ေပးရင္ သူတို႔ဘာသာ ေရေပၚကို ျပန္တက္ႏိုင္ေလ့မရွိပါဘူး။

မိေက်ာင္းတစ္ေကာင္ကို လူတစ္ဦးက ထိန္းသိမ္းကယ္ဆယ္ဖို႔ဆိုတာ တကယ္ကိုခက္ခဲတဲ့အလုပ္ပါ။ ၿပီးေတာ့ မိေက်ာင္းက ေရထဲမွာဆိုေတာ့ ပိုဆိုးတာေပါ့။ အဆိုပါမိေက်ာင္းက ေရကူးကန္ထဲကို လမ္းမွားၿပီးေရာက္လာပံုရပါတယ္။ ၿပီးေတာ့ မိေက်ာင္းရဲ႕အရွည္က ၈ေပ (သို႔) ၉ေပျဖစ္ႏုိင္ၿပီး လူ႔အရပ္ထပ္ရွည္တယ္လို႔ Bedard က ဆိုပါတယ္။ Bedard က ထိုေရးကူးကန္ထဲကို ခုန္ဆင္းၿပီးတာနဲ႔ မိေက်ာင္းကို တန္းမဖမ္းေသးဘဲ မိေက်ာင္းက ပင္ပန္းသြားတဲ့အထိ မိေက်ာင္းနဲ႔ အတူတူ  ေဆာ့ကစားက်ီစယ္ၿပီးမွသာ မိေက်ာင္းရဲ႕ပါးစပ္ကို တိပ္နဲ႔ကပ္ၿပီး ကယ္ဆယ္ခဲ့ရတာျဖစ္ပါတယ္။

 

Soshwe စာဖတ္ပရိသတ္ကလည္း မိေက်ာင္းလို သားရဲတိရစာၦန္တစ္ေကာင္နဲ႔ ဘယ္လိုလုပ္ၿပီး  ေဆာ့ကစားတာလဲလို႔ အံ့ၾသေကာင္း အံ့ၾသေနမွာပါ။ မိေက်ာင္းထိန္းသိမ္းကာကြယ္သူ Bedard တစ္ေယာက္ ေရကူးကန္ထဲကေန ကယ္ဆယ္ခဲ့တဲ့ မိေက်ာင္းဟာ ရန္မလိုတတ္တဲ့ မိေက်ာင္းေခါင္းတိုအမ်ိဳးအစားပဲ ျဖစ္ပါတယ္။ ထိုမိေက်ာင္းက Bedardကို ရန္မမူခဲ့တဲ့အတြက္ ထိုကယ္ဆယ္ေရးက ပိုမိုလြယ္ကူသြားေၾကာင္းကိုလည္း Bedard က ဆိုခဲ့ပါတယ္။

<Zawgyi Version>

 

#SoshweAnimal

#SoshweForYourDailyLife

#Like&Share

About admin

Check Also

မြောက်အာဖရိက ကမ်းရိုးတန်းမှာ ဖမ်းမိခဲ့တဲ့ အလေးချိန် (၂၀၀၀) ကီလိုဂရမ်အထိရှိတဲ့ အံ့အားသင့်ဖွယ် Sunfish ငါးအကြောင်း။

ကမ္ဘာကြီးရဲ့ ရာခိုင်နှုန်းတော်တော်များများကို ရေတွေနဲ့ဖုံးလွှမ်းထားတာဖြစ်ပြီး ရေအောက်ကမ္ဘာကြီးကလည်း လူသားတွေနေထိုင်တဲ့ ကမ္ဘာတစ်ခုလိုမျိုးပဲ ထူးခြားဆန်းပြားတဲ့အရာတွေနဲ့ ပြည့်နှက်နေတာဖြစ်ပါတယ်။ သိပ္ပံပညာရှင်တွေကတော့ ရေအောက်ထဲက ဒဏ္ဍာရီလာနေရာတွေနဲ့ ပတ်သက်လို့ စူးစမ်းလေ့လာမှုတွေ ပြုလုပ်နေကြပေမယ့် အတိုင်းမသိ …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro