HomeEntertainmentအက္ရွင္ဇာတ္ကားေကာင္း "Fast & Furious" အပိုင္း(၉)မွာ ပါဝင္သ႐ုပ္ေဆာင္လာမယ့္ Rapper မေလး Cardi B

အက္ရွင္ဇာတ္ကားေကာင္း “Fast & Furious” အပိုင္း(၉)မွာ ပါဝင္သ႐ုပ္ေဆာင္လာမယ့္ Rapper မေလး Cardi B

- Advertisement -

Soshwe စာဖတ္ပရိသတ္ႀကီးထဲမွာ Fast & Furious ဇာတ္ကားရဲ႕ အမာခံပရိသတ္ေတြရွိတယ္ဆိုရင္ေတာ့ ဒီေဆာင္းပါးေလးကို ဖတ္ကိုဖတ္သင့္ပါတယ္ေနာ္။ ဘာေၾကာင့္ဖတ္ကိုဖတ္သင့္တာလဲဆိုေတာ့ “Fast & Furious” အက္ရွင္ဇာတ္ကားေကာင္းရဲ႕ အပိုင္း (၉)ကို ႐ိုက္ကူးေနၿပီျဖစ္ပါတယ္။

https://www.instagram.com/p/B37fP3wl9_y/

အဆိုပါဇာတ္ကားထဲမွာေတာ့ ပင္တိုင္မင္းသား၊ မင္းသမီးေတြအျပင္ ပြင့္ပြင့္လင္းလင္းနဲ႔ ေပ်ာ္ေပ်ာ္ေနတတ္တဲ့ Rapper မေလး Cardi B  ကလည္း ပါဝင္သ႐ုပ္ေဆာင္ထားတာပဲျဖစ္ပါတယ္။ “Fast & Furious” ရဲ႕ အဓိကဇာတ္ေဆာင္တစ္ဦးျဖစ္တဲ့ Vin Diesel  က “Fast & Furious”ဇာတ္ကား အပိုင္း(၉)မွာ Cardi B နဲ႔အတူတူ တြဲဖက္သ႐ုပ္ေဆာင္ထားေၾကာင္း ၊ ဇာတ္ကားကိုစတင္႐ုိက္ကူးေနတာ အခုဆို ၈၆ ရက္ ၾကာၿပီျဖစ္ေၾကာင္း နဲ႔ အေကာင္းဆံုးႀကိဳးစားေနေၾကာင္းေျပာျပထားတဲ့ ဗီဒီယိုမွတ္တမ္းကို သူ႔ရဲ႕အင္စတာဂရမ္အေကာင့္မွာ တင္ထားထာပဲျဖစ္ပါတယ္။

- Advertisement -

- Advertisement -

WWE နပန္းသမားတစ္ဦးျဖစ္တဲ့ John Cena ကိုလည္း “Fast & Furious”  ဇာတ္ကား အပိုင္း(1209၉)မွာ ေတြ႔ရမွာပဲျဖစ္ပါတယ္။ “Fast & Furious” ဇာတ္ကား အပိုင္း(၉)မွာ Dwayne Johnson ပါဝင္သ႐ုပ္ေဆာင္မႈမရွိျခင္းက Vin Diesel နဲ႔ အရင္ကျဖစ္ခဲ့တဲ့ ျပႆနာေၾကာင့္လို႔ ပရိသတ္ေတြက ထင္ေၾကးေပးၾကတာကို Dwayne က သူတို႔ႏွစ္ဦးၾကားမွာ ဘာရန္ၿငိဳးရန္စမွ မရွိေတာ့ေၾကာင္း ဖြင့္ဟေျပာဆိုခဲ့ပါတယ္။

“Fast & Furious” ဇာတ္ကားဒါ႐ိုက္တာ David Leitch ႐ိုက္ကူးထားတဲ့ “Hobbs & Shaw” အက္ရွင္ဇာတ္ကားမွာ Dwayne Johnson နဲ႔ Jason Statham တို႔ႏွစ္ဦး ပါဝင္သ႐ုပ္ေဆာင္ထားၿပီး ထိုဇာတ္ကားဟာဆိုရင္ အက္ရွင္ဇာတ္ကားေကာင္းႏွစ္သက္သူတို႔ရဲ႕ အားေပးမႈအရ ၂၀၁၉ခုႏွစ္မွာ ထြက္ရွိထားတဲ့ အေကာင္းဆံုးအက္ရွင္ဇာတ္ကားေကာင္းေတြထဲက ဇာတ္ကားေကာင္းတစ္ကားျဖစ္ေၾကာင္း အသိမွတ္ျပဳခံထားရတာပဲျဖစ္ပါတယ္။

<Zawgyi Version>

 

Soshwe စာဖတ်ပရိသတ်ကြီးထဲမှာ Fast & Furious ဇာတ်ကားရဲ့ အမာခံပရိသတ်တွေရှိတယ်ဆိုရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ကိုဖတ်သင့်ပါတယ်နော်။ ဘာကြောင့်ဖတ်ကိုဖတ်သင့်တာလဲဆိုတော့ “Fast & Furious” အက်ရှင်ဇာတ်ကားကောင်းရဲ့ အပိုင်း (၉)ကို ရိုက်ကူးနေပြီဖြစ်ပါတယ်။

https://www.instagram.com/p/B37fP3wl9_y/

အဆိုပါဇာတ်ကားထဲမှာတော့ ပင်တိုင်မင်းသား၊ မင်းသမီးတွေအပြင် ပွင့်ပွင့်လင်းလင်းနဲ့ ပျော်ပျော်နေတတ်တဲ့ Rapper မလေး Cardi B  ကလည်း ပါဝင်သရုပ်ဆောင်ထားတာပဲဖြစ်ပါတယ်။ “Fast & Furious” ရဲ့ အဓိကဇာတ်ဆောင်တစ်ဦးဖြစ်တဲ့ Vin Diesel  က “Fast & Furious”ဇာတ်ကား အပိုင်း(၉)မှာ Cardi B နဲ့အတူတူ တွဲဖက်သရုပ်ဆောင်ထားကြောင်း ၊ ဇာတ်ကားကိုစတင်ရိုက်ကူးနေတာ အခုဆို ၈၆ ရက် ကြာပြီဖြစ်ကြောင်း နဲ့ အကောင်းဆုံးကြိုးစားနေကြောင်းပြောပြထားတဲ့ ဗီဒီယိုမှတ်တမ်းကို သူ့ရဲ့အင်စတာဂရမ်အကောင့်မှာ တင်ထားထာပဲဖြစ်ပါတယ်။

- Advertisement -

WWE နပန်းသမားတစ်ဦးဖြစ်တဲ့ John Cena ကိုလည်း “Fast & Furious”  ဇာတ်ကား အပိုင်း(၉)မှာ တွေ့ရမှာပဲဖြစ်ပါတယ်။ “Fast & Furious” ဇာတ်ကား အပိုင်း(၉)မှာ Dwayne Johnson ပါဝင်သရုပ်ဆောင်မှုမရှိခြင်းက Vin Diesel နဲ့ အရင်ကဖြစ်ခဲ့တဲ့ ပြဿနာကြောင့်လို့ ပရိသတ်တွေက ထင်ကြေးပေးကြတာကို Dwayne က သူတို့နှစ်ဦးကြားမှာ ဘာရန်ငြိုးရန်စမှ မရှိတော့ကြောင်း ဖွင့်ဟပြောဆိုခဲ့ပါတယ်။

“Fast & Furious” ဇာတ်ကားဒါရိုက်တာ David Leitch ရိုက်ကူးထားတဲ့ “Hobbs & Shaw” အက်ရှင်ဇာတ်ကားမှာ Dwayne Johnson နဲ့ Jason Statham တို့နှစ်ဦး ပါဝင်သရုပ်ဆောင်ထားပြီး ထိုဇာတ်ကားဟာဆိုရင် အက်ရှင်ဇာတ်ကားကောင်းနှစ်သက်သူတို့ရဲ့ အားပေးမှုအရ ၂၀၁၉ခုနှစ်မှာ ထွက်ရှိထားတဲ့ အကောင်းဆုံးအက်ရှင်ဇာတ်ကားကောင်းတွေထဲက ဇာတ်ကားကောင်းတစ်ကားဖြစ်ကြောင်း အသိမှတ်ပြုခံထားရတာပဲဖြစ်ပါတယ်။

<Unicode Version>

 

Source ~ LADBible

#SY(Soshwe)

#SoshweEntertainment

#SoshweForYourDailyLife

#Like&Share

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

fourteen + three =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...