HomeEntertainmentတရားဝင္လက္ထပ္လိုက္ၿပီျဖစ္ေၾကာင္း ေၾကညာခဲ့သည့္ Nicki Minaj

တရားဝင္လက္ထပ္လိုက္ၿပီျဖစ္ေၾကာင္း ေၾကညာခဲ့သည့္ Nicki Minaj

- Advertisement -

နာမည္ေက်ာ္အဆိုေတာ္တစ္ဦးျဖစ္သည့္ Nicki Minaj သည္ သူမရဲ႕ခ်စ္သူ Kenneth Petty နဲ႔ လက္ထပ္လိုက္ၿပီျဖစ္ေၾကာင္း တရားဝင္ေၾကညာခဲ့ပါတယ္။ Kenneth နဲ႔ Nicki တို႔ႏွစ္ဦးသည္ ၿပီးခဲ့သည့္ (၂၀၁၈) ခုႏွစ္၊ ဒီဇင္ဘာလ၌ လူသိရွင္ၾကား စတင္တဲြခုတ္ခဲ့ၾကၿပီး လက္ရွိအခ်ိန္၌ သူတုိ႔ႏွစ္ဦး လက္ထပ္ၿပီးစီးေၾကာင္းကို တရားဝင္ေၾကညာခဲ့ျခင္းျဖစ္ပါတယ္။

အသက္ (၃၆) ႏွစ္အရြယ္ Nicki Minaj သည္ သူမရဲ႕ အင္စတာဂရမ္မွတစ္ဆင့္ သူမရဲ႕ နာမည္ေရွ႕၌ လက္ထပ္ၿပီးသူ မိန္းကေလးကို ရည္ညႊန္းေသာ “Mrs” ဆုိေသာစာတန္းပါဝင္သည့္ ခြက္နဲ႔ Mr ဟုေရးထုိးထားသည့္ ေနာက္ထပ္ခြက္တစ္လံုးတုိ႔ၾကား၌ “Bride” ဟုေရးထိုးထားေသာ ဦးထုပ္တစ္လံုးတင္ထားသည့္ ဗီဒီယုိကို ပရိသတ္ေတြထံ မွ်ေဝခဲ့ပါတယ္။ ဒါ့အျပင္ “Onika Tanya Maraj- Petty 10. 21. 19” ဟုလည္း Caption ေရးသားခဲ့ၿပီး သူမရဲ႕နာမည္အရင္းကိုပါ တစ္ပါတည္းမိတ္ဆက္ခဲ့ပါတယ္။

- Advertisement -

- Advertisement -

ေမာ္ဒယ္လ္တစ္ဦးျဖစ္သူ Winnie Harlow က “ရွင့္အတြက္ အရမ္းကို ေပ်ာ္ရႊင္ရပါတယ္။ ရွင္က ကမာၻေပၚက ေပ်ာ္ရႊင္မႈေတြ အားလံုးနဲ႔ ထိုက္တန္တဲ့ သတို႔သမီးတစ္ေယာက္ပါပဲ။” ဟု မွတ္ခ်က္ျပဳ  ေရးသားခဲ့သလို Christina Aguilera ကလည္း “ဂုဏ္ျပဳပါတယ္။ ဘုရင္မေရ။” ဟု အသီးသီး ဂုဏ္ျပဳခဲ့ၾကပါတယ္။

Nicki သည္ သူမရဲ႕ မဂၤလာပဲြနဲ႔ ပတ္သက္ၿပီး ၿပီးခဲ့သည့္ ၾသဂုတ္လ၌ အရိပ္အျမြက္ေျပာၾကားခဲ့ဖူးၿပီး သူမရဲ႕ အႏုပညာလႈပ္ရွားမႈမ်ားနဲ႔ ပတ္သက္၍လည္း “ကြ်န္မရဲ႕ အယ္လ္ဘမ္အသစ္အတြက္ အလုပ္လုပ္ေနၿပီး အဲ့ဒီအေပၚကို အမ်ားႀကီး အာရံုစုိက္ေနရတာေၾကာင့္ မဂၤလာပဲြ ႀကီးႀကီးမားမား မလုပ္ခ်င္ပါဘူး။ ဒါေပမယ့္  ေနာက္ပိုင္းက်ရင္ေတာ့ ႀကီးက်ယ္ခမ္းနားတဲ့ မဂၤလာပဲြကို က်င္းပသြားမွာပါ။” ဟု ေျပာၾကားခဲ့ပါတယ္။

Nicki တို႔ခ်စ္သူႏွစ္ဦးသည္ ငယ္စဥ္ဆယ္ေက်ာ္သက္ဘဝတည္းက သိကၽြမ္းခဲ့ၾကေပမယ့္ လက္ရွိအခ်ိန္မွသာ  ေမ​တၱာမွ်ခဲ့ၾကျခင္းျဖစ္ပါတယ္။ Nicki ရဲ႕ ခင္ပြန္းျဖစ္သူ Kenneth သည္ ယခင္က လူသတ္မႈ၊ မႈဒိမ္းမႈမ်ားျဖင့္  ေထာင္နန္းစံခဲ့ရသူတစ္ေယာက္ျဖစ္ျခင္းေၾကာင့္ ေဝဖန္မႈမ်ားရွိေနေပမယ့္ Nicki ကေတာ့ သူမရဲ႕ ခင္ပြန္းဘက္မွ ရဲရဲဝံ့ဝံ့ ကာကြယ္ေပးခဲ့သလို “ကၽြန္မအရမ္းကို ေပ်ာ္ရႊင္ေနရပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ကၽြန္မရဲ႕ခ်စ္သူက ကၽြန္မကို ေပ်ာ္ရႊင္ေအာင္ လုပ္ေပးႏိုင္လို႔ပါပဲ။” ဟု Nicki က ေျပာၾကားသြားခဲ့ေၾကာင္းလည္း သိရွိရပါတယ္။

<Zawgyi Version>

 

Source ~ Mirror News

- Advertisement -

#HM(1209Soshwe)

#SoshweCelebrity

#SoshweForYourDailyLife

#Like&Share

 

နာမည်ကျော်အဆိုတော်တစ်ဦးဖြစ်သည့် Nicki Minaj သည် သူမရဲ့ချစ်သူ Kenneth Petty နဲ့ လက်ထပ်လိုက်ပြီဖြစ်ကြောင်း တရားဝင်ကြေညာခဲ့ပါတယ်။ Kenneth နဲ့ Nicki တို့နှစ်ဦးသည် ပြီးခဲ့သည့် (1209၂၀၁၈) ခုနှစ်၊ ဒီဇင်ဘာလ၌ လူသိရှင်ကြား စတင်တွဲခုတ်ခဲ့ကြပြီး လက်ရှိအချိန်၌ သူတို့နှစ်ဦး လက်ထပ်ပြီးစီးကြောင်းကို တရားဝင်ကြေညာခဲ့ခြင်းဖြစ်ပါတယ်။

အသက် (1209၃၆) နှစ်အရွယ် Nicki Minaj သည် သူမရဲ့ အင်စတာဂရမ်မှတစ်ဆင့် သူမရဲ့ နာမည်ရှေ့၌ လက်ထပ်ပြီးသူ မိန်းကလေးကို ရည်ညွှန်းသော “Mrs” ဆိုသောစာတန်းပါဝင်သည့် ခွက်နဲ့ Mr ဟုရေးထိုးထားသည့် နောက်ထပ်ခွက်တစ်လုံးတို့ကြား၌ “Bride” ဟုရေးထိုးထားသော ဦးထုပ်တစ်လုံးတင်ထားသည့် ဗီဒီယိုကို ပရိသတ်တွေထံ မျှဝေခဲ့ပါတယ်။ ဒါ့အပြင် “Onika Tanya Maraj- Petty 10. 21. 19” ဟုလည်း Caption ရေးသားခဲ့ပြီး သူမရဲ့နာမည်အရင်းကိုပါ တစ်ပါတည်းမိတ်ဆက်ခဲ့ပါတယ်။

မော်ဒယ်လ်တစ်ဦးဖြစ်သူ Winnie Harlow က “ရှင့်အတွက် အရမ်းကို ပျော်ရွှင်ရပါတယ်။ ရှင်က ကမ္ဘာပေါ်က ပျော်ရွှင်မှုတွေ အားလုံးနဲ့ ထိုက်တန်တဲ့ သတို့သမီးတစ်ယောက်ပါပဲ။” ဟု မှတ်ချက်ပြု  ရေးသားခဲ့သလို Christina Aguilera ကလည်း “ဂုဏ်ပြုပါတယ်။ ဘုရင်မရေ။” ဟု အသီးသီး ဂုဏ်ပြုခဲ့ကြပါတယ်။

Nicki သည် သူမရဲ့ မင်္ဂလာပွဲနဲ့ ပတ်သက်ပြီး ပြီးခဲ့သည့် သြဂုတ်လ၌ အရိပ်အမြွက်ပြောကြားခဲ့ဖူးပြီး သူမရဲ့ အနုပညာလှုပ်ရှားမှုများနဲ့ ပတ်သက်၍လည်း “ကျွန်မရဲ့ အယ်လ်ဘမ်အသစ်အတွက် အလုပ်လုပ်နေပြီး အဲ့ဒီအပေါ်ကို အများကြီး အာရုံစိုက်နေရတာကြောင့် မင်္ဂလာပွဲ ကြီးကြီးမားမား မလုပ်ချင်ပါဘူး။ ဒါပေမယ့်  နောက်ပိုင်းကျရင်တော့ ကြီးကျယ်ခမ်းနားတဲ့ မင်္ဂလာပွဲကို ကျင်းပသွားမှာပါ။” ဟု ပြောကြားခဲ့ပါတယ်။

Nicki တို့ချစ်သူနှစ်ဦးသည် ငယ်စဉ်ဆယ်ကျော်သက်ဘဝတည်းက သိကျွမ်းခဲ့ကြပေမယ့် လက်ရှိအချိန်မှသာ  မေတ္တာမျှခဲ့ကြခြင်းဖြစ်ပါတယ်။ Nicki ရဲ့ ခင်ပွန်းဖြစ်သူ Kenneth သည် ယခင်က လူသတ်မှု၊ မှုဒိမ်းမှုများဖြင့်  ထောင်နန်းစံခဲ့ရသူတစ်ယောက်ဖြစ်ခြင်းကြောင့် ဝေဖန်မှုများရှိနေပေမယ့် Nicki ကတော့ သူမရဲ့ ခင်ပွန်းဘက်မှ ရဲရဲဝံ့ဝံ့ ကာကွယ်ပေးခဲ့သလို “ကျွန်မအရမ်းကို ပျော်ရွှင်နေရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မရဲ့ချစ်သူက ကျွန်မကို ပျော်ရွှင်အောင် လုပ်ပေးနိုင်လို့ပါပဲ။” ဟု Nicki က ပြောကြားသွားခဲ့ကြောင်းလည်း သိရှိရပါတယ်။

<Unicode Version>

 

Source ~ Mirror News

#HM(1209Soshwe)

#SoshweCelebrity

#SoshweForYourDailyLife

#Like&Share

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

18 + 4 =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...