HomeOtherအမေရိကန်သမ္မတကို တိုက်ရိုက်ဝေဖန်ခဲ့သည့် Louis Vuitton ရဲ့ ဒီဇိုင်နာ။
အမေရိကန်သမ္မတကို တိုက်ရိုက်ဝေဖန်ခဲ့သည့် Louis Vuitton ရဲ့ ဒီဇိုင်နာ။
- Advertisement -
- Advertisement -
- Advertisement -
- Advertisement -
<Zawgyi Version>
Source ~ TeenVogue
#HM(Soshwe)
#SoshweNews
#Like&Share
Unicode Version
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် တက္ကဆက်ပြည်နယ်ရှိ Louis Vuitton ရဲ့ အလုပ်ရုံသစ်ဖွင့်ပွဲသို့ တက်ရောက်ခဲ့ပြီး အဆိုပါ ပွဲသို့တက်ရောက်မှုကြောင့် ဖက်ရှင်လောကသားများရဲ့ ဝေဖန်မှုကို ခံခဲဲ့ရပါတယ်။ ဒေါ်နယ်ထရမ့်သည် Louis Vuitton အပြင် အခြားသောဇိမ်ခံပစ္စည်း အမှတ်တံဆိပ်များရဲ့ CEO ဖြစ်သူ Bernard Arnault နဲ့အတူ အဆိုပါ Workshop သို့ တက်ရောက်ခဲ့ပြီး LGBT များကို အမြဲတမ်းလိုလို ထိုးနှက်လေ့ရှိသည့် သူ့ရဲ့အမူအကျင့်ကို ဖက်ရှင်လောကသားများက စိတ်တိုင်းမကျဖြစ်နေကြခြင်းဖြစ်ပါတယ်။
https://www.instagram.com/p/B30zfWMI0DW/?utm_source=ig_embed
Louis Vuitton ရဲ့ CEO ဖြစ်သူ Arnault က “ကျွန်တော်တို့ရဲ့ အလုပ်ရုံသစ်ဖွင့်ပွဲကို အမေရိကန်သမ္မတ တက်ရောက်လာတဲ့အပေါ် အရမ်းကို ဂုဏ်ယူမိပါတယ်။ ကျွန်တော် ဒီနေရာမှာ သူ့ရဲ့ နိုင်ငံရေး ခံယူချက်အကြောင်းကို ပြောနေမှာ မဟုတ်ပါဘူး။ ကျွန်တော်က နိုင်ငံရေးနဲ့ ဘာမှပတ်သက်တဲ့သူမဟုတ်ဘဲ စီးပွားရေးသမားတစ်ယောက်ပါပဲ။ တိုင်းပြည်ရဲ့စီးပွားရေးကို ဘယ်လိုမျိုး အောင်မြင်အောင် လုပ်မလဲဆိုတာကိုပဲ သူနဲ့ကျွန်တော်နဲ့ ဆွေးနွေးသွားမှာပါ။” ဟု ပြောကြားခဲ့ပါတယ်။
ဒါပေမယ့် Louis Vuitton မှ အမျိုးသမီးထုတ်ကုန်များရဲ့ အဓိကတာဝန်ခံလည်းဖြစ် ဖန်တီးရှင်ဒါရိုက်တာလည်းဖြစ်သူ Nicolas Ghesquiere က သူ့ရဲ့အင်စတာဂရမ်မှတစ်ဆင့် “နိုင်ငံရေးနဲ့ပတ်သက်တဲ့ အရာတွေ အားလုံးကို ကျွန်တော်ဆန့်ကျင်ပါတယ်။ ကျွန်တော်က ဖက်ရှင်ဒီဇိုင်နာတစ်ယောက်ဖြစ်ပြီး ဒီအဖွဲ့အစည်းကို ဆန့်ကျင်ပါတယ်။” ဟု ဒေါ်နယ်ထရမ့်သည် ဟာသလူရွှင်တော်တစ်ဦးသာဖြစ်ကြောင်း နဲ့ လိင်တူချစ်သူများကို မုန်းတီးသူတစ်ယောက်သာဖြစ်ကြောင်း Hashtag များဖြင့် ဝေဖန်ရေးသားခဲ့ပါတယ်။ Nicolas ရဲ့ အဆိုကို ထောက်ခံသူအများအပြားရှိခဲ့ပြီး “အရမ်းကောင်းတယ်ကွာ။ အခုလိုမျိုးမှန်ကန်တဲ့ သမိုင်းကြောင်းဘက်မှာ ရပ်တည်ပေးတဲ့အတွက်လည်း   ကျေးဇူးတင်ပါတယ်။” ဟု မှတ်ချက်ပြုရေးသားမှုများလည်း ရှိခဲ့ကြောင်း သိရှိရပါတယ်။
<Zawgyi Version>
Source ~ TeenVogue
#HM(Soshwe)
#SoshweNews
#SoshweForYourDailyLife
#Like&Share
- Advertisement -
Must Read