နာမည္ေက်ာ္ ေပါ့ပ္အဆုိေတာ္ Lady Gaga သည္ ၾကာသပေတးေန႔က ျပဳလုပ္ခဲ့သည့္ လတ္စ္ဗီးဂတ္စ္ၿမိဳ႕ရွိ Enigma ရိႈးပဲြ၌ ပရိသတ္မ်ားကို ေဖ်ာ္ေျဖရင္း စတိတ္စင္ေပၚမွ မေတာ္တဆ ျပဳတ္က်ခဲ့ပါတယ္။ Lady Gaga သည္ ပရိသတ္တစ္ေယာက္ကို စင္ေပၚသုိ႔ေခၚတင္ၿပီး အတူတူတဲြကကာ ေဖ်ာ္ေျဖေနခ်ိန္၌ ယခုကဲ့သုိ႔ မေတာ္တဆျဖစ္ခဲ့ၿပီး ေဖ်ာ္ေျဖပဲြအတြင္း၌ ပရိသတ္မ်ား စိတ္မပူပန္ရေအာင္ အဆင္ေျပေၾကာင္း ေျပာခဲ့ေပမယ့္ ေနာက္တစ္ေန႔၌ သူမရဲ႕ခႏၶာကိုယ္ကို ဓာတ္မွန္ရိုက္ကူးခဲ့ရပါတယ္။
.@LadyGaga fell off stage with a fan during Enigma show in Las Vegas. Gaga was thankfully able to continue on with the show. pic.twitter.com/SWfiCm1bQJ
— Pop Crave (@PopCrave) October 18, 2019
စင္ေပၚမွ ျပဳတ္က်ၿပီးၿပီးခ်င္း Lady Gaga တစ္ေယာက္ စင္ေပၚသို႔ ခ်က္ခ်င္းျပန္တက္ကာ “အားလံုးအဆင္ေျပပါတယ္။ အဆင္မေျပတာတစ္ခုက ဒီစတိတ္စင္ေပၚကို ျပန္တက္ဖို႔ ေလွကားလုိအပ္ခဲ့တာပါ။” ဟု အရႊန္းေဖာက္ေျပာၾကားခဲ့ပါတယ္။ ဒါ့အျပင္ သူမနဲ႔အတူတဲြကခဲ့သည့္ ပရိသတ္ကိုလည္း အျပစ္မျမင္ဘဲ စင္ေပၚသို႔ ျပန္လည္ေခၚေဆာင္ကာ သီခ်င္းအတူတူဆိုၿပီး ပရိသတ္မ်ားကို ဆက္လက္ေဖ်ာ္ေျဖသြားခဲ့ပါတယ္။
https://twitter.com/ryanleejohnson/status/1185095666189639680
ဒါေပမယ့္ သူမရဲ႕ ခႏၶာကိုယ္ကို ေရပူ၊ ေရေအးမ်ားျဖင့္စိမ္ကာ ကုသမႈတခ်ိဳ႕ ျပဳလုပ္ခဲ့ရပံုကုိ သူမရဲ႕ အင္စတာဂရမ္ေပၚ၌တင္ထားခဲ့ၿပီး ေနာက္တစ္ေန႔ည၌မူ “ကြ်န္မေတာ္ေတာ္ေလး နာက်င္ခဲ့တာပါ။ ဒါေပမယ့္ ကြ်န္မရဲ႕ အခင္ဆံုးသူငယ္ခ်င္းရဲ႕ ညစာစားပဲြကိုေတာ့ မတက္ဘဲမေနႏိုင္ပါဘူး။” ဟု Lady Gaga က ေရးသားခဲ့ပါတယ္။ Lady Gaga အေနနဲ႔ သူမရဲ႕ ခႏၶာကုိယ္ကို ဓာတ္မွန္ရိုက္ကူးၿပီး စစ္ေဆးမႈအခ်ိဳ႕ ျပဳလုပ္ခ့ဲရေပမယ့္ တစ္စံုတစ္ရာဆုိးဆုိးရြားရြား ထိခိုက္မိခဲ့ျခင္းမရွိဘဲ အားလံုးအဆင္ေျပေၾကာင္းလည္း ပရိသတ္ေတြထံ အသိေပးအေၾကာင္းၾကားခဲ့ပါတယ္။
https://www.instagram.com/p/B3wGXVoFWQu/?utm_source=ig_embed&utm_campaign=dlfix
<Zawgyi Version>
Source ~ Buzzfeed
#HM(Soshwe)
#SoshweCelebrity
#SoshweForYourDailyLife
#Like&Share
နာမည်ကျော် ပေါ့ပ်အဆိုတော် Lady Gaga သည် ကြာသပတေးနေ့က ပြုလုပ်ခဲ့သည့် လတ်စ်ဗီးဂတ်စ်မြို့ရှိ Enigma ရှိုးပွဲ၌ ပရိသတ်များကို ဖျော်ဖြေရင်း စတိတ်စင်ပေါ်မှ မတော်တဆ ပြုတ်ကျခဲ့ပါတယ်။ Lady Gaga သည် ပရိသတ်တစ်ယောက်ကို စင်ပေါ်သို့ခေါ်တင်ပြီး အတူတူတွဲကကာ ဖျော်ဖြေနေချိန်၌ ယခုကဲ့သို့ မတော်တဆဖြစ်ခဲ့ပြီး ဖျော်ဖြေပွဲအတွင်း၌ ပရိသတ်များ စိတ်မပူပန်ရအောင် အဆင်ပြေကြောင်း ပြောခဲ့ပေမယ့် နောက်တစ်နေ့၌ သူမရဲ့ခန္ဓာကိုယ်ကို ဓာတ်မှန်ရိုက်ကူးခဲ့ရပါတယ်။
.@LadyGaga fell off stage with a fan during Enigma show in Las Vegas. Gaga was thankfully able to continue on with the show. pic.twitter.com/SWfiCm1bQJ
— Pop Crave (@PopCrave) October 18, 2019
စင်ပေါ်မှ ပြုတ်ကျပြီးပြီးချင်း Lady Gaga တစ်ယောက် စင်ပေါ်သို့ ချက်ချင်းပြန်တက်ကာ “အားလုံးအဆင်ပြေပါတယ်။ အဆင်မပြေတာတစ်ခုက ဒီစတိတ်စင်ပေါ်ကို ပြန်တက်ဖို့ လှေကားလိုအပ်ခဲ့တာပါ။” ဟု အရွှန်းဖောက်ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် သူမနဲ့အတူတွဲကခဲ့သည့် ပရိသတ်ကိုလည်း အပြစ်မမြင်ဘဲ စင်ပေါ်သို့ ပြန်လည်ခေါ်ဆောင်ကာ သီချင်းအတူတူဆိုပြီး ပရိသတ်များကို ဆက်လက်ဖျော်ဖြေသွားခဲ့ပါတယ်။
https://twitter.com/ryanleejohnson/status/1185095666189639680
ဒါပေမယ့် သူမရဲ့ ခန္ဓာကိုယ်ကို ရေပူ၊ ရေအေးများဖြင့်စိမ်ကာ ကုသမှုတချို့ ပြုလုပ်ခဲ့ရပုံကို သူမရဲ့ အင်စတာဂရမ်ပေါ်၌တင်ထားခဲ့ပြီး နောက်တစ်နေ့ည၌မူ “ကျွန်မတော်တော်လေး နာကျင်ခဲ့တာပါ။ ဒါပေမယ့် ကျွန်မရဲ့ အခင်ဆုံးသူငယ်ချင်းရဲ့ ညစာစားပွဲကိုတော့ မတက်ဘဲမနေနိုင်ပါဘူး။” ဟု Lady Gaga က ရေးသားခဲ့ပါတယ်။ Lady Gaga အနေနဲ့ သူမရဲ့ ခန္ဓာကိုယ်ကို ဓာတ်မှန်ရိုက်ကူးပြီး စစ်ဆေးမှုအချို့ ပြုလုပ်ခဲ့ရပေမယ့် တစ်စုံတစ်ရာဆိုးဆိုးရွားရွား ထိခိုက်မိခဲ့ခြင်းမရှိဘဲ အားလုံးအဆင်ပြေကြောင်းလည်း ပရိသတ်တွေထံ အသိပေးအကြောင်းကြားခဲ့ပါတယ်။
https://www.instagram.com/p/B3wGXVoFWQu/?utm_source=ig_embed&utm_campaign=dlfix
<Zawgyi Version>
Source ~ Buzzfeed
#HM(Soshwe)
#SoshweCelebrity
#SoshweForYourDailyLife
#Like&Share