HomeSportယူႏိုက္တက္အသင္းတိုက္စစ္ပိုင္းအတြက္ ေခၚယူသင့္တ့ဲကစားသမားကို တိုက္တြန္းလိုက္တ့ဲ ရြိဳင္ကိန္း။

ယူႏိုက္တက္အသင္းတိုက္စစ္ပိုင္းအတြက္ ေခၚယူသင့္တ့ဲကစားသမားကို တိုက္တြန္းလိုက္တ့ဲ ရြိဳင္ကိန္း။

- Advertisement -

ယူႏိုက္တက္အသင္းရဲ႕ ကြင္းလယ္ကစားသမားေဟာင္း ရြိဳင္ကိန္းက သူ႔အသင္းေဟာင္းအေနျဖင့္ စပါးအသင္းရဲ႕ တိုက္စစ္မွဴး ဟာရီကိန္းကုိ ေခၚယူရန္ ႀကိဳးပမ္းသင့္ေၾကာင္း တိုက္တြန္းေျပာၾကားသြားခဲ့ပါတယ္။ ၿပီးခဲ့သည့္ ေႏြရာသီအေျပာင္းအေရႊ႕၌ လူကာကူ၊ ဆန္းခ်က္ဇ္တို႔ကုိ လက္လႊတ္ခ့ဲရသည့္ ယူႏုိက္တက္အသင္းသည္ အသင္းရဲ႕တိုက္စစ္ပိုင္းအတြက္ လံုေလာက္သည့္ အင္အားျဖည့္တင္းမႈမ်ားကို ျပန္လည္ျပဳလုပ္ႏိုင္ျခင္းမရွိသည့္အတြက္ အဓိက တုိက္စစ္မွဴးႏွစ္ေယာက္ျဖစ္သည့္ မာစီရယ္လ္၊ ရပ္ရွ္ဖို႔ဒ္တို႔ ဒဏ္ရာျပႆနာနဲ႔ ရင္ဆုိင္ရခ်ိန္၌ တိုက္စစ္ပိုင္း အားနည္းမႈမ်ားနဲ႔ ရင္ဆိုင္ခဲ့ရပါတယ္။

ယူႏုိက္တက္နည္းျပ ဆိုးလ္ရွားကိုယ္တုိင္ကလည္း လာမယ့္ ေဆာင္းရာသီ အေျပာင္းအေရႊ႕၌ အသင္းရဲ႕တိုက္စစ္ပိုင္းကုိ အင္အားျဖည့္တင္းသြားရမည္ဟု ဝန္ခံထားၿပီး လက္ရွိအခ်ိန္၌ ရြိဳင္ကိန္းကလည္း စပါးအသင္းရဲ႕ တိုက္စစ္မွဴး ဟာရီကိန္းကို ေခၚယူသင့္ေၾကာင္း ယူႏိုက္တက္အသင္းကို တိုက္တြန္းလာခဲ့ပါတယ္။

လီဗာပူးအသင္းနဲ႔ တစ္ဖက္ တစ္ဂုိးစီ သေရက်ခဲ့သည့္ပဲြအၿပီး၌ ရြိဳင္ကိန္းက “ယူႏုိက္တက္တို႔အေနနဲ႔ ဟာရီကိန္းကို ေခၚယူသင့္ၿပီး စပါးအသင္းကေန သူ႔ကိုသြားေခၚလိုက္တာက ပိုလြယ္ကူပါလိမ့္မယ္။ သူက တစ္ရာသီကို ဂုိး (၂၀) ေလာက္ သြင္းႏုိင္ၿပီး အခုဆုိရင္ စပါးအသင္းကလည္း ဖရိုဖရဲျဖစ္ေနပါၿပီ။” ဟု တိုက္တြန္းေျပာၾကားသြားခ့ဲပါတယ္။

- Advertisement -

စပါးအသင္းသည္ လက္ရွိေဘာလံုးရာသီ၌ ရလဒ္ေကာင္းမ်ားရရွိရန္ ရုန္းကန္ေနရသည့္တိုင္ တိုက္စစ္မွဴးဟာရီကိန္းကမူ သူ႔ရဲ႕တာဝန္ကို ေက်ပြန္ေအာင္ အေကာင္းဆံုး စြမ္းေဆာင္ျပေနၿပီး လက္ရွိေဘာလံုးရာသီ၌ အဂၤလန္လက္ေရြးစင္အသင္းနဲ႔စပါးအသင္းတို႔အတြက္ ပါဝင္ကစားေပးထားသည့္ ပဲြစဥ္ (၁၅) ပဲြ၌ (၁၃) ဂုိး သြင္းယူေပးႏိုင္ခဲ့ပါတယ္။

- Advertisement -

<Zawgyi Version>

 

Source ~ Sportsmole

#HM(Soshwe)

#SoshweSport

#SoshweForYourDailyLife

#Like&Share

 

- Advertisement -

ယူနိုက်တက်အသင်းရဲ့ ကွင်းလယ်ကစားသမားဟောင်း ရွိုင်ကိန်းက သူ့အသင်းဟောင်းအနေဖြင့် စပါးအသင်းရဲ့ တိုက်စစ်မှူး ဟာရီကိန်းကို ခေါ်ယူရန် ကြိုးပမ်းသင့်ကြောင်း တိုက်တွန်းပြောကြားသွားခဲ့ပါတယ်။ ပြီးခဲ့သည့် နွေရာသီအပြောင်းအရွှေ့၌ လူကာကူ၊ ဆန်းချက်ဇ်တို့ကို လက်လွှတ်ခဲ့ရသည့် ယူနိုက်တက်အသင်းသည် အသင်းရဲ့တိုက်စစ်ပိုင်းအတွက် လုံလောက်သည့် အင်အားဖြည့်တင်းမှုများကို ပြန်လည်ပြုလုပ်နိုင်ခြင်းမရှိသည့်အတွက် အဓိက တိုက်စစ်မှူးနှစ်ယောက်ဖြစ်သည့် မာစီရယ်လ်၊ ရပ်ရှ်ဖို့ဒ်တို့ ဒဏ်ရာပြဿနာနဲ့ ရင်ဆိုင်ရချိန်၌ တိုက်စစ်ပိုင်း အားနည်းမှုများနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

ယူနိုက်တက်နည်းပြ ဆိုးလ်ရှားကိုယ်တိုင်ကလည်း လာမယ့် ဆောင်းရာသီ အပြောင်းအရွှေ့၌ အသင်းရဲ့တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းသွားရမည်ဟု ဝန်ခံထားပြီး လက်ရှိအချိန်၌ ရွိုင်ကိန်းကလည်း စပါးအသင်းရဲ့ တိုက်စစ်မှူး ဟာရီကိန်းကို ခေါ်ယူသင့်ကြောင်း ယူနိုက်တက်အသင်းကို တိုက်တွန်းလာခဲ့ပါတယ်။

လီဗာပူးအသင်းနဲ့ တစ်ဖက် တစ်ဂိုးစီ သရေကျခဲ့သည့်ပွဲအပြီး၌ ရွိုင်ကိန်းက “ယူနိုက်တက်တို့အနေနဲ့ ဟာရီကိန်းကို ခေါ်ယူသင့်ပြီး စပါးအသင်းကနေ သူ့ကိုသွားခေါ်လိုက်တာက ပိုလွယ်ကူပါလိမ့်မယ်။ သူက တစ်ရာသီကို ဂိုး (၂၀) လောက် သွင်းနိုင်ပြီး အခုဆိုရင် စပါးအသင်းကလည်း ဖရိုဖရဲဖြစ်နေပါပြီ။” ဟု တိုက်တွန်းပြောကြားသွားခဲ့ပါတယ်။

စပါးအသင်းသည် လက်ရှိဘောလုံးရာသီ၌ ရလဒ်ကောင်းများရရှိရန် ရုန်းကန်နေရသည့်တိုင် တိုက်စစ်မှူးဟာရီကိန်းကမူ သူ့ရဲ့တာဝန်ကို ကျေပွန်အောင် အကောင်းဆုံး စွမ်းဆောင်ပြနေပြီး လက်ရှိဘောလုံးရာသီ၌ အင်္ဂလန်လက်ရွေးစင်အသင်းနဲ့စပါးအသင်းတို့အတွက် ပါဝင်ကစားပေးထားသည့် ပွဲစဉ် (၁၅) ပွဲ၌ (၁၃) ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။

<Unicode Version>

 

Source ~ Sportsmole

#HM(Soshwe)

#SoshweSport

#SoshweForYourDailyLife

#Like&Share

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

four + 7 =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...