<Zawgyi Version>
Source ~ CNN News
#HM(Soshwe)
#SoshweEntertainment
#Like&Share
“Joker” ဇာတ်ကား၌ ပါဝင်သည့် New York မြို့ရှိ လှေကားသည်လည်း ဇာတ်ကားနဲ့အပြိုင် နာမည်ကြီးလာပြီဖြစ်ကြောင်း သိရှိရပါတယ်။ အဆိုပါ လှေကားသည် နယူးယော့ခ်မြို့ရှိ (၁၆၇) လမ်းအနောက်ပိုင်း၌ တည်ရှိပြီး ယခင်တည်းက ဇာတ်ဝင်ခန်းများထဲ၌ ပါဝင်နေကျ နေရာဖြစ်ပေမယ့် Bronx တိရစ္ဆာန်ရုံ၊ New York ရုက္ခဗေဒဥယျာဉ်၊ Yankee အားကစားကွင်းတို့ကဲ့သို့ မကျော်ကြားခဲ့ပေမယ့် လက်ရှိအချိန်၌ ဓာတ်ပုံလာရောက် ရိုက်ကူးသူအများအပြားဖြင့် ကမ္ဘာလှည့်ခရီးသွားများကို ဆွဲဆောင်နိုင်သည့် နေရာတစ်ခုဖြစ်လာခဲ့ပါတယ်။
https://www.instagram.com/p/B3qkm5_Jlpd/?utm_source=ig_embed&utm_campaign=dlfix
https://www.instagram.com/p/B3rxFfdh4Uf/?utm_source=ig_embed&utm_campaign=dlfix
“Joker Stairs” အဖြစ် နာမည်ကြီးနေသည့် အဆိုပါ လှေကား၌ ဓာတ်ပုံအရိုက်ခံသူများသည် Joker ရဲ့ သရုပ်ဆောင်ဟန်များအတိုင်း ပုံစံအမျိုးမျိုးပြုလုပ်ကာ ရိုက်ကူးထားသည့် ဓာတ်ပုံများကို Instagram ပေါ်၌ “Jokerstairs” ဟူသည့် Hashtag များဖြင့် မျှဝေထားကြပါတယ်။
https://www.instagram.com/p/B3z503pn-e6/?utm_source=ig_embed&utm_campaign=dlfix
https://www.instagram.com/p/B3s93o_Jbgm/?utm_source=ig_embed&utm_campaign=dlfix
Joker ဇာတ်ကားသည် ရုံစတင်သည့်အချိန်တွင် ဒေါ်လာ (၉၆) သန်းအထိ ဝင်ငွေရရှိခဲ့ပြီး အောက်တိုဘာလ၌ ဝင်ငွေအများဆုံး ရရှိခဲ့သည့် ဇာတ်ကားတစ်ကားလည်း ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် ဒုတိယအပတ်၌လည်း မြောက်အမေရိကတိုက်တစ်ခုတည်း၌ ဒေါ်လာ (၅၅) သန်းဆက်လက်ရရှိခဲ့ပြီး ပြီးခဲ့သည့် ရက်သတ္တပတ်က ရရှိခဲ့သည့် စစ်တမ်းများအရ တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် ဒေါ်လာ (၅၄၃) သန်းအထိ ဝင်ငွေရရှိခဲ့ပါတယ်။
https://www.instagram.com/p/B3z3UcHB2GA/?utm_source=ig_embed&utm_campaign=dlfix
ဒါ့အပြင် ဂျိုကာဇာတ်ကားသည် ရုံတင်မပြသခင်တည်းက ဗင်းနစ်ရုပ်ရှင်ပွဲတော်၌ ပထမဆုရရှိခဲ့ပြီး လက်ရှိအချိန်၌လည်း အော်စကာဆုဆက်လက်ဆွတ်ခူးနိုင်ရန်အတွက် ရေပန်းစားလျက်ရှိနေပြီဖြစ်ပါတယ်။
<Unicode Version>
Source ~ CNN News
#HM(Soshwe)
#SoshweEntertainment
#SoshweForYourDailyLife
#Like&Share