HomeSportယူနိုက်တက်အသင်းကို ရောင်းချသွားမှာလား ? ? ?

ယူနိုက်တက်အသင်းကို ရောင်းချသွားမှာလား ? ? ?

- Advertisement -

ယူနိုက်တက်အသင်းရဲ့ အလုပ်အမှုဆောင်အရာရှိတစ်ဦးဖြစ်သူ Ed Woodward မှ ဂလေဇာမိသားစု ပိုင်ဆိုင်တဲ့ ယူနိုက်တက်အသင်းကို ရောင်းချသွားမှာမဟုတ်တဲ့အကြောင်းကို အတိအလင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ယူနိုက်တက်အသင်းကို ၂၀၀၅ ခုနှစ်ကတည်းက ဝယ်ယူခဲ့တဲ့ အမေရိကန်လူမျိုး ဂလေဇာမိသားစုအနေနဲ့ ယူနိုက်တက်အသင်းကို ရောင်းချသွားမယ်ဆိုပြီး ကောလဟာလသတင်းများ ထွက်ပေါ်လာခဲ့ပါတယ်။ ထိုသို့ထွက်ပေါ်လာရတဲ့ အကြောင်းအရင်းမှာလည်း ယူနိုက်တက်အသင်းအနေနဲ့ ၂၀၁၉ – ၂၀၂၀ ရာသီအစပိုင်းကတည်းက ရလဒ်ဆိုးတွေနဲ့ ရင်ဆိုင်နေရကာ တန်းဆင်းဇုန်ထဲသို့  ရောက်လုနီးနီးအခြေအနေဆိုးတွေနဲ့ ကြုံတွေ့နေရလို့ပဲဖြစ်ပါတယ်။

- Advertisement -

ထို့အပြင် ဆော်ဒီတော်ဝင်မင်းသား Mohammed Bin Salman မှလည်း ယူနိုက်တက်အသင်းအား ဒေါ်လာ ၃ ဘီလျံဖြင့် ဝယ်ယူရန်စီစဉ်လျက်ရှိကြောင်း သတင်းများ ထွက်ပေါ်လာခဲ့ပါတယ်။

- Advertisement -

“ အခုလိုမျိုး ယူနိုက်တက်အသင်းရဲ့ ဈေးနှုန်း၊ ကမ်းလှမ်းမှုတွေနဲ့ ပက်သက်ပြီး ကျွန်တော်တို့အနေနဲ့ တစ်စုံတစ်ရာ ဆွေးနွေးသွားမှာမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့အနေနဲ့ ယူနိုက်တက်အသင်းကို ရေရှည်ရင်းနှီးမြှုပ်နှံမှုတစ်ခုအဖြစ် ရည်ရွယ်ပြီး ဝယ်ယူခဲ့လို့ပဲဖြစ်ပါတယ် . . . ” ဆိုပြီး Woodward မှ ဖြေကြားခဲ့ပါတယ်။

- Advertisement -

<Zawgyi Version>

 

Source ~ Sportsmole

#ST(Soshwe)

#SoshweSport


#Like&Share

 

ယူနိုက်တက်အသင်းရဲ့ အလုပ်အမှုဆောင်အရာရှိတစ်ဦးဖြစ်သူ Ed Woodward မှ ဂလေဇာမိသားစု ပိုင်ဆိုင်တဲ့ ယူနို်က်တက်အသင်းကို ရောင်းချသွားမှာမဟုတ်တဲ့အကြောင်းကို အတိအလင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ယူနိုက်တက်အသင်းကို ၂၀၀၅ ခုနှစ်ကတည်းက ဝယ်ယူခဲ့တဲ့ အမေရိကန်လူမျိုး ဂလေဇာမိသားစုအနေနဲ့ ယူနို်က်တက်အသင်းကို ရောင်းချသွားမယ်ဆိုပြီး ကောလဟာလသတင်းများ ထွက်ပေါ်လာခဲ့ပါတယ်။ ထိုသို့ထွက်ပေါ်လာရတဲ့ အကြောင်းအရင်းမှာလည်း ယူနို်က်တက်အသင်းအနေနဲ့ ၂၀၁၉ – ၂၀၂၀ ရာသီအစပိုင်းကတည်းက ရလဒ်ဆိုးတွေနဲ့ ရင်ဆိုင်နေရကာ တန်းဆင်းဇုန်ထဲသို့  ရောက်လုနီးနီးအခြေအနေဆိုးတွေနဲ့ ကြုံတွေ့နေရလို့ပဲဖြစ်ပါတယ်။

ထို့အပြင် ဆော်ဒီတော်ဝင်မင်းသား Mohammed Bin Salman မှလည်း ယူနိိုက််တက်အသင်းအား ဒေါ်လာ ၃ ဘီလျံဖြင့် ဝယ်ယူရန်စီစဉ်လျက်ရှိကြောင်း သတင်းများ ထွက်ပေါ်လာခဲ့ပါတယ်။

“ အခုလိုမျိုး ယူနို်က်တက်အသင်းရဲ့ စျေးနှုန်း၊ ကမ်းလှမ်းမှုတွေနဲ့ ပက်သက်ပြီး ကျွန်တော်တို့အနေနဲ့ တစ်စုံတစ်ရာ ဆွေးနွေးသွားမှာမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့အနေနဲ့ ယူနို်က်တက်အသင်းကို ရေရှည်ရင်းနှီးမြှုပ်နှံမှုတစ်ခုအဖြစ် ရည်ရွယ်ပြီး ဝယ်ယူခဲ့လို့ပဲဖြစ်ပါတယ် . . . ” ဆိုပြီး Woodward မှ ဖြေကြားခဲ့ပါတယ်။

<Unicode Version>

 

Source ~ Sportsmole

#ST(Soshwe)

#SoshweSport

#SoshweForYourDailyLife

#Like&Share

- Advertisement -

Must Read