Venom ဇာတ္ကားထဲမွာပါတဲ့ အေၾကာၿပိဳင္းၿပိဳင္းထၿပီး သြားခၽြန္ႀကီးေတြနဲ႔ ကပ္ပါးေကာင္ၾကီးက Marvel ႐ုပ္ရွင္ထုတ္လုပ္ေရး ကုမၸဏီက တီထြင္ထားတဲ့ ဗီလိန္ဇာတ္ေကာင္လုိ႔ဆိုရပါမယ္။ Venom -1 ကို ဒါ႐ိုက္တာ Ruben Fleischer က ႐ိုက္ကူးခဲ့ၿပီး Venom – 2 ကိုေတာ့ ဒါ႐ိုက္တာ Andy Serkis က ဆက္လက္႐ိုက္ကူးမွာပဲျဖစ္ပါတယ္။
Venom – 2 မွာ ေတြ႔ရွိရမယ့္ ထူးျခားခ်က္တစ္ခုကေတာ့ Spiderman ပါ ပါဝင္လာမွာပဲျဖစ္ပါတယ္။ Tom Hardy ကေတာ့ Venomအျဖစ္ သ႐ုပ္ေဆာင္ၿပီး Tom Holland ကေတာ့ Spider Man အျဖစ္ သ႐ုပ္ေဆာင္မွာပဲျဖစ္ပါတယ္။
Sony ႐ုပ္ရွင္ထုတ္လုပ္ေရး ကုမၸဏီက ထုတ္လုပ္သူ Amy Pascal က ” ဟုတ္ပါတယ္။ Tom Hardy က Venom အျဖစ္ ဆက္ၿပီး သ႐ုပ္ေဆာင္သြားမွာပါ။ ဘာလို႔လည္းဆိုေတာ့ ဒီဇာတ္ေကာင္ကို Tom Hardy ကလြဲၿပီး တျခားသ႐ုပ္ေဆာင္ေတြက သ႐ုပ္မေဆာင္ႏိုင္ေလာက္ဘူး။” လို႔ Fandango ကို ေျပာျပခဲ့ပါတယ္။
Venom – 1 စတင္ ထြက္ရွိခဲ့တဲ့အခ်ိန္မွာလည္း ထိုရြံစရာေကာင္းတဲ့ သ႑န္ရွိတဲ့ကပ္ပါးေကာင္ႀကီးက လူသားတစ္ဦးရဲ႕ ခႏၶာကိုယ္ကိုအသံုးခ်ကာ သူရဲ႕တာဝန္ၿပီးေျမာက္ေအာင္ လုပ္ေဆာင္ဖို႔အတြက္ ႀကိဳးပမ္းရာကေန တလြဲျဖစ္ျဖစ္သြားတ့ဲ ဟာသဇာတ္ကြက္ေတြ၊ ၾကမ္းတမ္းလွတဲ့ တိုက္ခိုက္မႈေတြေၾကာင့္ပါ ပရိသတ္ေတြက အေတာ္ေလးကို သေဘာက်ႏွစ္သက္ခဲ့ရတာပဲျဖစ္ပါတယ္။
ယခုအခ်ိန္မွာလည္း Venom – 2 မွာ Spider Man ပါဝင္လာမွာျဖစ္တဲ့ အတြက္ Spider Man နဲ႔ Venom တို႔ ဘယ္လိုမ်ိဳးထိပ္တိုက္ေတြ႔ဆံု ၾကမလဲဆိုတာကို ေစာင့္ၾကည့္ရေအာင္ပါေနာ္။
<Zawgyi Version>
Source ~ Unilad
#SY(1209Soshwe)
#SoshweEntertainment
#SoshweForYourDailyLife
#Like&Share
Venom ဇာတ်ကားထဲမှာပါတဲ့ အကြောပြိုင်းပြိုင်းထပြီး သွားချွန်ကြီးတွေနဲ့ ကပ်ပါးကောင်ကြီးက Marvel ရုပ်ရှင်ထုတ်လုပ်ရေး ကုမ္ပဏီက တီထွင်ထားတဲ့ ဗီလိန်ဇာတ်ကောင်လို့ဆိုရပါမယ်။ Venom -1 ကို ဒါရိုက်တာ Ruben Fleischer က ရိုက်ကူးခဲ့ပြီး Venom – 2 ကိုတော့ ဒါရိုက်တာ Andy Serkis က ဆက်လက်ရိုက်ကူးမှာပဲဖြစ်ပါတယ်။
Venom – 2 မှာ တွေ့ရှိရမယ့် ထူးခြားချက်တစ်ခုကတော့ Spiderman ပါ ပါဝင်လာမှာပဲဖြစ်ပါတယ်။ Tom Hardy ကတော့ Venomအဖြစ် သရုပ်ဆောင်ပြီး Tom Holland ကတော့ Spider Man အဖြစ် သရုပ်ဆောင်မှာပဲဖြစ်ပါတယ်။
Sony ရုပ်ရှင်ထုတ်လုပ်ရေး ကုမ္ပဏီက ထုတ်လုပ်သူ Amy Pascal က ” ဟုတ်ပါတယ်။ Tom Hardy က Venom အဖြစ် ဆက်ပြီး သရုပ်ဆောင်သွားမှာပါ။ ဘာလို့လည်းဆိုတော့ ဒီဇာတ်ကောင်ကို Tom Hardy ကလွဲပြီး တခြားသရုပ်ဆောင်တွေက သရုပ်မဆောင်နိုင်လောက်ဘူး။” လို့ Fandango ကို ပြောပြခဲ့ပါတယ်။
Venom – 1 စတင် ထွက်ရှိခဲ့တဲ့အချိန်မှာလည်း ထိုရွံစရာကောင်းတဲ့ သဏ္ဍန်ရှိတဲ့ကပ်ပါးကောင်ကြီးက လူသားတစ်ဦးရဲ့ ခန္ဓာကိုယ်ကိုအသုံးချကာ သူရဲ့တာဝန်ပြီးမြောက်အောင် လုပ်ဆောင်ဖို့အတွက် ကြိုးပမ်းရာကနေ တလွဲဖြစ်ဖြစ်သွားတဲ့ ဟာသဇာတ်ကွက်တွေ၊ ကြမ်းတမ်းလှတဲ့ တိုက်ခိုက်မှုတွေကြောင့်ပါ ပရိသတ်တွေက အတော်လေးကို သဘောကျနှစ်သက်ခဲ့ရတာပဲဖြစ်ပါတယ်။
ယခုအချိန်မှာလည်း Venom – 2 မှာ Spider Man ပါဝင်လာမှာဖြစ်တဲ့ အတွက် Spider Man နဲ့ Venom တို့ ဘယ်လိုမျိုးထိပ်တိုက်တွေ့ဆုံ ကြမလဲဆိုတာကို စောင့်ကြည့်ရအောင်ပါနော်။
<Unicode Version>
Source ~ Unilad
#SY(1209Soshwe)
#SoshweEntertainment
#SoshweForYourDailyLife
#Like&Share