လန်ဒန်မြို့ တော်ဝင်ပထဝီဝင်အဖွဲ့အစည်း (Royal Geographical Society) က ပျားလေးတွေဟာ ကမ္ဘာကြီးပုံမှန်လည်ပတ်နေဖို့အတွက် အရေးပါဆုံးသော အရာတွေထဲကတစ်ခုဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
ကမ္ဘာပေါ်မှာ ၇၀% သော အသီးအနှံများ ၊ ပန်းပင်များနှင့် အခြားသော သစ်ပင်ပန်းမန်များ စိုက်ပျိုးဖြစ်ထွန်းရန်အတွက် ပျားကောင်လေးတွေရဲ့ အကူအညီ လိုအပ်ပါတယ်။ ပျားလေးတွေရဲ့ အဓိကလုပ်ဆောင်ချက်ကတော့ ဝတ်မှုန်ကူးပြီးတော့ အပင်တွေကို အသစ်တစ်ဖန် ပြန်လည်ပေါက်ဖွားကြီးထွားလာဖို့အတွက် ကူညီပေးတာပဲ ဖြစ်ပါတယ်။
ပျားလေးတွေက ရောဂါဖြစ်ပွားစေတတ်တဲ့ မှိုတွေ ၊ ဗိုင်းရပ်တွေနဲ့ ဘက်တီးရီးယားတွေကို သယ်ဆောင်ခြင်းမရှိတဲ့ အန္တရာယ်အကင်းဆုံး သက်ရှိလေးတွေပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း သူတို့ကို အန္တရာယ်ပေးတယ်ထင်ရင်တော့ ခန္ဓာကိုယ်တစ်ခုလုံး ဖူးရောင်အောင် တုပ်တတ်ပေမဲ့ သူတို့လေးတွေဆီကနေ ရရှိတဲ့ ပျားရည်ဟာ လူသားတွေရဲ့ ကျန်းမာရေးဆိုင်ရာကိစ္စတွေဖြစ်တဲ့ ခန္ဓာကိုယ်အတွင်းပိုင်းအတွက် (သို့) ခန္ဓာကိုယ်အပြင်ပိုင်း အရေပြားအတွက် အလွန်အသုံးဝင်ပါတယ်။
ပြီးခဲ့တဲ့ ၁၀ စုနှစ်အတွင်း ပန်းပင်စိုက်တာတွေနည်းပါးလာပြီး တောပြုန်းမှုတွေလည်းဖြစ်လာတာကြောင့် ကမ္ဘာပေါ်က ၉၀% သော ပျားလေးတွေဟာ ပျောက်ဆုံးသွားကြပြီ ဖြစ်ပါတယ်။ အခုကဲ့သို့ ပျားပမာဏ အဆမတန် ပျောက်ဆုံးသွားရတဲ့အကြောင်းအရင်းကတော့ စိုက်ပျိုးရေးသမားတွေအနေနဲ့ အပင်တွေမှာ ပိုးမကိုက်စေရန် ပိုးသတ်ဆေးကို အလွန်အကျွံသုံးမိတာတွေကြောင့်လည်း ဖြစ်တယ်လို့ ပညာရှင်တွေက ဆိုခဲ့ပါတယ်။
အခုနောက်ပိုင်းမှာတော့ ပျားလေးတွေရဲ့အရေအတွက် ပြန်လည်တိုးလာစေဖို့အတွက် ဓာတုပစ္စည်းအလွန်အကျွံမပါတဲ့ သဘာဝနည်းနဲ့ထုတ်လုပ်ထားတဲ့ ပိုးသတ်ဆေးမျိုးကိုသာ ဆန်းသစ်တီထွင်ထုတ်လုပ်လာကြပါတယ်။ Albert Einstein က အကယ်၍များသာ ကမ္ဘာပေါ်မှာပျားလေးတွေ လုံးဝမရှိတော့ဘူးဆိုရင်တော့ လူသားတွေ အသက်ရှင်နေထိုင်ဖို့အတွက် အချိန် ၄ နှစ်ခန့်ပဲကျန်တော့တာဖြစ်ကြောင်း ဟိုးအရင်ကတည်းက သတိပေးထားပြီး ဖြစ်ပါတယ်။
<Unicode Version>
ကမာၻႀကီးပံုမွန္လည္ပတ္ဖို႔အတြက္ အေရးပါဆံုးေသာ သက္ရွိေလးအေၾကာင္း။
လန္ဒန္ၿမိဳ႕ ေတာ္ဝင္ပထဝီဝင္အဖြဲ႔အစည္း (Royal Geographical Society) က ပ်ားေလးေတြဟာ ကမာၻႀကီးပံုမွန္လည္ပတ္ေနဖို႔အတြက္ အေရးပါဆံုးေသာ အရာေတြထဲက တစ္ခုျဖစ္ေၾကာင္း ထုတ္ေဖာ္ေျပာၾကားခ့ဲပါတယ္။
ကမာၻေပၚမွာ ၇၀% ေသာ အသီးအႏွံမ်ား ၊ ပန္းပင္မ်ားႏွင့္ အျခားေသာ သစ္ပင္ပန္းမန္မ်ား စိုက္ပ်ိဳးျဖစ္ထြန္းရန္အတြက္ ပ်ားေကာင္ေလးေတြရဲ႕ အကူအညီ လိုအပ္ပါတယ္။ ပ်ားေလးေတြရဲ႕ အဓိကလုပ္ေဆာင္ခ်က္ကေတာ့ ဝတ္မႈန္ကူးၿပီးေတာ့ အပင္ေတြကို အသစ္တစ္ဖန္ ျပန္လည္ေပါက္ဖြားႀကီးထြားလာဖို႔အတြက္ ကူညီေပးတာပဲ ျဖစ္ပါတယ္။
ပ်ားေလးေတြက ေရာဂါျဖစ္ပြားေစတတ္တဲ့ မႈိေတြ ၊ ဗိုင္းရပ္ေတြနဲ႔ ဘက္တီးရီးယားေတြကို သယ္ေဆာင္ျခင္းမရွိတ့ဲ အႏၱရာယ္အကင္းဆုံး သက္ရွိေလးေတြပဲ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း သူတို႕ကို အႏၱရာယ္ေပးတယ္ထင္ရင္ေတာ့ ခႏၶာကိုယ္တစ္ခုလံုး ဖူးေရာင္ေအာင္ တုပ္တတ္ေပမဲ့ သူတို႔ေလးေတြဆီကေန ရရွိတ့ဲ ပ်ားရည္ဟာ လူသားေတြရဲ႕ က်န္းမာေရးဆိုင္ရာကိစၥေတြျဖစ္တဲ့ ခႏၶာကိုယ္အတြင္းပိုင္းအတြက္ (သို႔) ခႏၶာကိုယ္အျပင္ပိုင္း အေရျပားအတြက္ အလြန္အသံုးဝင္ပါတယ္။
ၿပီးခ့ဲတ့ဲ ၁၀ စုႏွစ္အတြင္း ပန္းပင္စိုက္တာေတြနည္းပါးလာၿပီး ေတာျပဳန္းမႈေတြလည္းျဖစ္လာတာေၾကာင့္ ကမာၻေပၚက ၉၀% ေသာ ပ်ားေလးေတြဟာ ေပ်ာက္ဆံုးသြားၾကၿပီ ျဖစ္ပါတယ္။ အခုက့ဲသို႕ ပ်ားပမာဏ အဆမတန္ ေပ်ာက္ဆံုးသြားရတဲ့အေၾကာင္းအရင္းကေတာ့ စိုက္ပ်ိဳးေရးသမားေတြအေနနဲ႕ အပင္ေတြမွာ ပိုးမကိုက္ေစရန္ ပိုးသတ္ေဆးကို အလြန္အကၽြံသံုးမိတာေတြေၾကာင့္လည္း ျဖစ္တယ္လို႔ ပညာရွင္ေတြက ဆိုခဲ့ပါတယ္။
အခုေနာက္ပိုင္းမွာေတာ့ ပ်ားေလးေတြရဲ႕အေရအတြက္ ျပန္လည္တိုးလာေစဖို႔အတြက္ ဓာတုပစၥည္းအလြန္အကၽြံမပါတဲ့ သဘာဝနည္းနဲ႔ထုတ္လုပ္ထားတဲ့ ပိုးသတ္ေဆးမ်ိဳးကိုသာ ဆန္းသစ္တီထြင္ထုတ္လုပ္လာၾကပါတယ္။ Albert Einstein က အကယ္၍မ်ားသာ ကမာၻေပၚမွာပ်ားေလးေတြ လံုးဝမရွိေတာ့ဘူးဆိုရင္ေတာ့ လူသားေတြ အသက္ရွင္ေနထိုင္ဖို႔အတြက္ အခ်ိန္ ၄ ႏွစ္ခန္႔ပဲက်န္ေတာ့တာျဖစ္ေၾကာင္း ဟိုးအရင္ကတည္းက သတိေပးထားၿပီး ျဖစ္ပါတယ္။
<Zawgyi Version>
#SoshweAnimal
#SoshweForYourDailyLife
#Like&Share