HomeEntertainmentပရိသတ္တစ္ဦးရဲ႕ လက္ခံအသိမွတ္ျပဳမႈကို ေကာင္းမြန္စြာတံု႔ျပန္ခဲ့တဲ့ Miley Cyrus

ပရိသတ္တစ္ဦးရဲ႕ လက္ခံအသိမွတ္ျပဳမႈကို ေကာင္းမြန္စြာတံု႔ျပန္ခဲ့တဲ့ Miley Cyrus

- Advertisement -

ေအာက္တိုဘာလ ၁၄ ရက္ေန႔မွာ Miley Cyrus ရဲ႕ ပရိသတ္တစ္ဦးက Miley နဲ႔သူ႔ရဲ႕ခင္ပြန္းေဟာင္း Liam Hemsworth တုိ႔ တြဲ႐ိုက္ထားတဲ့ပံု ၊ Miley နဲ႔ သူ႔ရဲ႕အရင္ခ်စ္သူ  Kaitlynn Carter တို႔ တြဲ႐ိုက္ထားတဲ့ပံု နဲ႔ Cody Simpson တို႔တြဲ႐ိုက္ထားတဲ့ပံု သံုးပံုကိုအျဖဴအမဲအေရာင္သြင္းၿပီး ဓာတ္ပံုတစ္ပံုတည္းျဖစ္ေအာင္လုပ္ကာ သူ႔ရဲ႕အင္စတာဂရမ္အေကာင့္မွာ တင္ထားတာပဲျဖစ္ပါတယ္။

https://www.instagram.com/p/B3nhClWFop2/?utm_source=ig_embed

- Advertisement -

ဒီပံုေလးကိုျမင္ေတာ့ Miley က “Classic” (အေကာင္းမြန္ဆံုးေသာ/လက္ရာေျမာက္ေသာ အႏုပညာ) ဆိုၿပီး  ေကာင္းမြန္စြာ မွတ္ခ်က္ေရးသားခဲ့တာျဖစ္ပါတယ္။

- Advertisement -

Miley Cyrus ဟာ Liam Hemsworth နဲ႔ ၂၀၀၉ ခုႏွစ္ကတည္းက စတင္တြဲခဲ့ၿပီး ျပတ္လိုက္ဆက္လိုက္နဲ႔ ၉ ႏွစ္ၾကာေအာင္ရွိေနခဲ့ၿပီးေနာက္ ၂၀၁၈ ခုႏွစ္မွာ လက္ထပ္လိုက္ၾကတာပဲျဖစ္ပါတယ္။ အိမ္ေထာင္သက္တမ္း ၇ လေက်ာ္ခန္႔အၾကာမွာ ႏွစ္ဦးသေဘာတူကြာရွင္းျပတ္ဆဲလိုက္ၾကတာပဲျဖစ္ပါတယ္။

- Advertisement -

အဲ့ဒီေနာက္မွာေတာ့ Miley က Lifestyle Blogger တစ္ဦးျဖစ္တဲ့ Kaitlynn Carter နဲ႔ တြဲခဲ့ၿပီး ခ်စ္သက္တမ္းသိပ္မၾကာခဲ့ပါဘူး။ ေအာက္တိုဘာလ ၃ ရက္ေန႔မွာေတာ့ Cody Simpson နဲ႔ တြဲေနေၾကာင္းကို ဝန္ခံခဲ့တာပဲျဖစ္ပါတယ္။ Cody ကလည္း Miley နဲ႔ သူနဲ႔ဟာ အရင္ကတည္းက ခင္မင္ရင္းႏွီးေနခဲ့တာျဖစ္ၿပီး ယခုအခ်ိန္မွာလည္း ႏွစ္ဦးသားဟာ ကိုယ္စီအိမ္မက္ေတြကို အေကာင္အထည္ေဖာ္ဖို႔ ႀကိဳးစားေနေၾကာင္း  ေျပာဆိုခဲ့ပါတယ္။

<Zawgyi Version>

 

Source ~ US Magazine

#SY(Soshwe)

#SoshweCelebrity

#SoshweForYourDailyLife

#Like&Share

 

အောက်တိုဘာလ ၁၄ ရက်နေ့မှာ Miley Cyrus ရဲ့ ပရိသတ်တစ်ဦးက Miley နဲ့သူ့ရဲ့ခင်ပွန်းဟောင်း Liam Hemsworth တို့ တွဲရိုက်ထားတဲ့ပုံ ၊ Miley နဲ့ သူ့ရဲ့အရင်ချစ်သူ  Kaitlynn Carter တို့ တွဲရိုက်ထားတဲ့ပုံ နဲ့ Cody Simpson တို့တွဲရိုက်ထားတဲ့ပုံ သုံးပုံကိုအဖြူအမဲအရောင်သွင်းပြီး ဓာတ်ပုံတစ်ပုံတည်းဖြစ်အောင်လုပ်ကာ သူ့ရဲ့အင်စတာဂရမ်အကောင့်မှာ တင်ထားတာပဲဖြစ်ပါတယ်။

https://www.instagram.com/p/B3nhClWFop2/?utm_source=ig_embed

ဒီပုံလေးကိုမြင်တော့ Miley က “Classic” (အကောင်းမွန်ဆုံးသော/လက်ရာမြောက်သော အနုပညာ) ဆိုပြီး  ကောင်းမွန်စွာ မှတ်ချက်ရေးသားခဲ့တာဖြစ်ပါတယ်။

Miley Cyrus ဟာ Liam Hemsworth နဲ့ ၂၀၀၉ ခုနှစ်ကတည်းက စတင်တွဲခဲ့ပြီး ပြတ်လိုက်ဆက်လိုက်နဲ့ ၉ နှစ်ကြာအောင်ရှိနေခဲ့ပြီးနောက် ၂၀၁၈ ခုနှစ်မှာ လက်ထပ်လိုက်ကြတာပဲဖြစ်ပါတယ်။ အိမ်ထောင်သက်တမ်း ၇ လကျော်ခန့်အကြာမှာ နှစ်ဦးသဘောတူကွာရှင်းပြတ်ဆဲလိုက်ကြတာပဲဖြစ်ပါတယ်။

အဲ့ဒီနောက်မှာတော့ Miley က Lifestyle Blogger တစ်ဦးဖြစ်တဲ့ Kaitlynn Carter နဲ့ တွဲခဲ့ပြီး ချစ်သက်တမ်းသိပ်မကြာခဲ့ပါဘူး။ အောက်တိုဘာလ ၃ ရက်နေ့မှာတော့ Cody Simpson နဲ့ တွဲနေကြောင်းကို ဝန်ခံခဲ့တာပဲဖြစ်ပါတယ်။ Cody ကလည်း Miley နဲ့ သူနဲ့ဟာ အရင်ကတည်းက ခင်မင်ရင်းနှီးနေခဲ့တာဖြစ်ပြီး ယခုအချိန်မှာလည်း နှစ်ဦးသားဟာ ကိုယ်စီအိမ်မက်တွေကို အကောင်အထည်ဖော်ဖို့ ကြိုးစားနေကြောင်း  ပြောဆိုခဲ့ပါတယ်။

<Unicode Version>

 

Source ~ US Magazine

#SY(Soshwe)

#SoshweCelebrity

#SoshweForYourDailyLife

#Like&Share

- Advertisement -

Must Read