HomeOtherေျမျပင္ေပၚသို႔ အေရးေပၚဆင္းသက္ခဲ့ရတဲ့ ေလယာဥ္တစ္စီးရဲ႕အျဖစ္။

ေျမျပင္ေပၚသို႔ အေရးေပၚဆင္းသက္ခဲ့ရတဲ့ ေလယာဥ္တစ္စီးရဲ႕အျဖစ္။

- Advertisement -

၂၀၁၉ ခုႏွစ္ စက္တင္ဘာလ ၁၇ ရက္ေန႔တြင္ ကေနဒါေလေၾကာင္းလိုင္းကေျပးဆြဲတဲ့ ေလယာဥ္တစ္စီးကို  ေမာင္းႏွင္လာတဲ့ ေလယာဥ္မွဴးေတြဟာ ႐ုတ္တရက္ေျမေပၚသို႔ ဆင္းသက္ရန္ ျပင္းျပင္းထန္ထန္  ေတာင္းဆိုခံခဲ့ရပါတယ္။ ေလယာဥ္မွဴးေတြက အေၾကာင္းအရင္းကိုလိုက္ရွာတဲ့အခါမွာေတာ့ ေလယာဥ္မယ္ေတြက ဆိုးရြားတဲ့ရနံ႔တစ္ခုကို ရလိုက္တာေၾကာင့္ပဲ ျဖစ္ပါတယ္။

ေလယာဥ္ကစတင္ထြက္ခြာလာၿပီး အျမင့္ေပ ၇၀၀၀ ကို ေရာက္ရွိတဲ့အခါမွာ ထိုရနံ႔ကိုစတင္ရရွိခဲ့တာပဲ ျဖစ္ပါတယ္။ ေလယာဥ္မယ္ေတြကလည္း ထိုရနံ႔ကို ဘယ္လိုမွ ထိန္းခ်ဳပ္လို႔မရေတာ့တဲ့ အဆံုးမွာေတာ့ ေလယာဥ္မွဴးေတြကို ေလယာဥ္ဆင္းသက္ရန္ေတာင္းဆိုခဲ့ရကာ ေလယာဥ္မွဴးေတြကလည္း “Pan Pan” လို႔ေခၚတဲ့ အသက္အႏၱရာယ္မရွိႏိုင္ေပမယ့္ ဒုတိယအျပင္းထန္ဆံုးအဆင့္အျဖစ္သတ္မွတ္ထားတဲ့ အေရးေပၚအေျခအေနကို ေၾကျငာခဲ့ရပါတယ္။

- Advertisement -

ခရီးသည္၂၄၅ ေယာက္ပါတ့ဲ အဆိုပါေလယာဥ္ဟာ ေလယာဥ္ကြင္းကေနထြက္ခြာၿပီး ၃၇မိနစ္အၾကာမွာ ေလယာဥ္ကြင္းကိုျပန္လွည့္လာရတာပဲျဖစ္ပါတယ္။ ေလယာဥ္ရပ္ၿပီးတဲ့အခါမွသာ ဒီရနံကဟာ မည္သည့္ေနရာကေန လာသလဲဆိုတာကို ရွာေဖြႏိုင္ခဲ့ၿပီး အဆိုပါရနံ႔ဟာ ဒူးရင္းသီးကေနလာေၾကာင္း သိရွိသြားခဲ့တာပဲျဖစ္ပါတယ္။

- Advertisement -

ဒူးရင္းသီးကိုတစ္စံုတစ္ေယာက္က ေလယာဥ္ကေနတဆင့္မွာယူခဲ့တာျဖစ္ၿပီး လံုျခံဳစြာထုပ္ပိုးမႈမရွိခဲ့ျခင္းေၾကာင့္ ထိုကဲ့သို႔ႀကံဳေတြ႔ခဲ့ရျခင္းျဖစ္ပါတယ္။ ဒါ့ေၾကာင့္ ဒူးရင္းသီးကိုအလံုပိတ္ယာဥ္ေပၚတြင္ သယ္ယူသြားခ်င္တယ္ဆိုရင္ ဒူးရင္းသီးအလံုးလိုက္ကို အေပၚကေနစကၠဴအထပ္ထပ္ကပ္ၿပီး အိတ္အထပ္ထပ္ခ်ည္ကာ သယ္ယူသင့္ပါတယ္။

<Zawgyi Version>

 

Source ~ 9GAG

#SY(Soshwe)

#SoshweFunny

#SoshweForYourDailyLife

#Like&Share

- Advertisement -

 

၂၀၁၉ ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့တွင် ကနေဒါလေကြောင်းလိုင်းကပြေးဆွဲတဲ့ လေယာဉ်တစ်စီးကို  မောင်းနှင်လာတဲ့ လေယာဉ်မှူးတွေဟာ ရုတ်တရက်မြေပေါ်သို့ ဆင်းသက်ရန် ပြင်းပြင်းထန်ထန်  တောင်းဆိုခံခဲ့ရပါတယ်။ လေယာဉ်မှူးတွေက အကြောင်းအရင်းကိုလိုက်ရှာတဲ့အခါမှာတော့ လေယာဉ်မယ်တွေက ဆိုးရွားတဲ့ရနံ့တစ်ခုကို ရလိုက်တာကြောင့်ပဲ ဖြစ်ပါတယ်။

လေယာဉ်ကစတင်ထွက်ခွာလာပြီး အမြင့်ပေ ၇၀၀၀ ကို ရောက်ရှိတဲ့အခါမှာ ထိုရနံ့ကိုစတင်ရရှိခဲ့တာပဲ ဖြစ်ပါတယ်။ လေယာဉ်မယ်တွေကလည်း ထိုရနံ့ကို ဘယ်လိုမှ ထိန်းချုပ်လို့မရတော့တဲ့ အဆုံးမှာတော့ လေယာဉ်မှူးတွေကို လေယာဉ်ဆင်းသက်ရန်တောင်းဆိုခဲ့ရကာ လေယာဉ်မှူးတွေကလည်း “Pan Pan” လို့ခေါ်တဲ့ အသက်အန္တရာယ်မရှိနိုင်ပေမယ့် ဒုတိယအပြင်းထန်ဆုံးအဆင့်အဖြစ်သတ်မှတ်ထားတဲ့ အရေးပေါ်အခြေအနေကို ကြေငြာခဲ့ရပါတယ်။

ခရီးသည်၂၄၅ ယောက်ပါတဲ့ အဆိုပါလေယာဉ်ဟာ လေယာဉ်ကွင်းကနေထွက်ခွာပြီး ၃ရမိနစ်အကြာမှာ လေယာဉ်ကွင်းကိုပြန်လှည့်လာရတာပဲဖြစ်ပါတယ်။ လေယာဉ်ရပ်ပြီးတဲ့အခါမှသာ ဒီရနံကဟာ မည်သည့်နေရာကနေ လာသလဲဆိုတာကို ရှာဖွေနိုင်ခဲ့ပြီး အဆိုပါရနံ့ဟာ ဒူးရင်းသီးကနေလာကြောင်း သိရှိသွားခဲ့တာပဲဖြစ်ပါတယ်။

ဒူးရင်းသီးကိုတစ်စုံတစ်ယောက်က လေယာဉ်ကနေတဆင့်မှာယူခဲ့တာဖြစ်ပြီး လုံခြုံစွာထုပ်ပိုးမှုမရှိခဲ့ခြင်းကြောင့် ထိုကဲ့သို့ကြုံတွေ့ခဲ့ရခြင်းဖြစ်ပါတယ်။ ဒါ့ကြောင့် ဒူးရင်းသီးကိုအလုံပိတ်ယာဉ်ပေါ်တွင် သယ်ယူသွားချင်တယ်ဆိုရင် ဒူးရင်းသီးအလုံးလိုက်ကို အပေါ်ကနေစက္ကူအထပ်ထပ်ကပ်ပြီး အိတ်အထပ်ထပ်ချည်ကာ သယ်ယူသင့်ပါတယ်။

<Unicode Version>

 

Source ~ 9GAG

#SY(Soshwe)

#SoshweFunny

#SoshweForYourDailyLife

#Like&Share

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

13 − 8 =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...