Breaking News
Sydney Russell dancing at Disney while dressed as Princess Tiana https://timeincsecure-a.akamaihd.net/rtmp_uds/416418724/201910/2687/416418724_6093511106001_6093481417001.mp4?pubId=416418724&videoId=6093481417001

ကြည့်ရှုသူတွေကို အံ့သြမှင်သက်သွားစေခဲ့တဲ့ ၈ နှစ်အရွယ် ကလေးငယ်လေးရဲ့ အကစွမ်းရည်။

ကာတွန်းကားတွေထဲမှ တိရစ္ဆာန်ဇာတ်ကောင်လေးတွေ ၊ မင်းသမီး ၊ မင်းသားလေးတွေနဲ့ပုံစံတူတွေရှိတဲ့ Disney World ကို သွားရောက်လည်ပတ်ဖို့ဆိုတာ ကာတွန်းလေးတွေကို ကြိုက်နှစ်သက်တဲ့ ကလေးငယ်လေးတွေရဲ့ အိမ်မက်တွေထဲက တစ်ခုပဲဖြစ်ပါတယ်။

တက်ဆက်ပြည်နယ်က အသက် ၈ နှစ်အရွယ် Sydney Elise Russell ဆိုတဲ့ ကလေးမလေးကလည်း ထိုအိမ်မက်မျိုးကို အကောင်အထည်ဖော်လိုတဲ့အတွက် သူမရဲ့မိခင်ဖြစ်သူ Dr. Tiffany McKinnon-Russell က ကလေးမလေးရဲ့ အိမ်မက်လေးကို ကူညီပုံဖော်ပေးခဲ့ပါတယ်။ Sydney လေးကတော့ သူမကိုယ်တိုင် “The Princess and The Frog” ဇာတ်ကားထဲက မင်းသမီးလေး Tiana လို အဝါရောင်ဂါဝန်လေး ဝတ်ဆင်ပြီး ဖလော်ရီဒါပန်းခြံထဲကို တခြားသောမင်းသမီးလေးတွေနဲ့ ပုံစံတူဝတ်ဆင်ထားတဲ့ မင်းသမီးလေးတွေကို သွားရောက်တွေ့ဆုံခဲ့ပါတယ်။

Sydney လေးတစ်ယောက် ပန်းခြံထဲမှာလမ်းလျှောက်နေစဉ်အတွင်း တီးဝိုင်းက တီးခတ်လိုက်တဲ့ “When We’re Human” ဆိုတဲ့ သီချင်းသံလေးကိုကြားတာနဲ့ သူကတတ်သလိုလေး လှည့်ကာ ခုန်ကာ ပတ်ကာ ကနေပါတော့တယ်။ Sydney လေးရဲ့ မိခင်ဖြစ်သူမှ သူ့သမီးလေး ပျော်ရွှင်စွာကခုန်နေတာကို ဖေ့ဘုတ်ခ်လူမှုကွန်ရက်မှာ ဗီဒီယိုလေးရိုက်ပြီး တင်ခဲ့ပါတယ်။

 

ထိုဗီဒီယိုလေးကို လူမှုကွန်ရက်အသုံးပြုသူ ၃ သောင်းကျော်က အချင်းချင်းမျှဝေပေးခဲ့ကြပါတယ်။ ထိုသို့ကခုန်ပြီးတဲ့နောက်မှာတော့ Sydney လေးဟာ သူမအနှစ်သက်ဆုံးသော မင်းသမီးလေး Tiana ကို တွေ့ဆုံဖို့သွားရောက်ခဲ့ပါတယ်။ Sydney ရဲ့ မိခင်ဖြစ်သူ Tiffany မှ သမီးငယ်လေး ပျော်ပျော်ရွှင်ရွှင် ကခုန်နေတဲ့ ဗီဒီယိုကို လူတွေဒီလောက်ထိနှစ်သက်သွားကြလိမ့်မယ်လို့ မတွေးမိခဲ့ဘူးလို့လည်း GMA သတင်းဌာနကို ပြောပြခဲ့ပါတယ်။ Sydney လေးကလည်း “မင်းသမီး Tiana က သူ့လိုဝတ်ဆင်ထားတဲ့ သမီးကိုမြင်တော့ ပျော်တာပေါ့။ သမီးတို့နှစ်ယောက်လုံး တစ်ယောက်ကိုတစ်ယောက် တွေ့ခွင့်ရတာနဲ့တင် အရမ်းပျော်ရွှင်မိပါတယ်။ ပြီးတော့ သမီးက မုန့်ဖုတ်ရတာကြိုက်ပြီး အစိမ်းရောင် ကြိုက်တာကိုလည်း ပြောပြခဲ့ပါတယ်။” လို့ ဆိုခဲ့ပါတယ်။

Sydney လေးဟာ အသက်၈နှစ်အရွယ်လေးသာ ရှိသေးပေမယ့် တခြားသူတွေကို “ကိုယ်ဖြစ်ချင်တဲ့အရာတွေကို ဖြစ်အောင်လုပ်ပါဆိုပြီး” တိုက်တွန်းပြောဆိုခဲ့ပါသေးတယ်။

<Unicode Version>

 

 

 

ၾကည့္႐ႈသူေတြကို အံ့ၾသမွင္သက္သြားေစခဲ့တဲ့ ၈ ႏွစ္အရြယ္ ကေလးငယ္ေလးရဲ႕ အကစြမ္းရည္။

ကာတြန္းကားေတြထဲမွ တိရစာၦန္ဇာတ္ေကာင္ေလးေတြ ၊ မင္းသမီး ၊ မင္းသားေလးေတြနဲ႔ပံုစံတူေတြရွိတဲ့ Disney World ကို သြားေရာက္လည္ပတ္ဖို႔ဆိုတာ ကာတြန္းေလးေတြကို ႀကိဳက္ႏွစ္သက္တဲ့ ကေလးငယ္ေလးေတြရဲ႕ အိမ္မက္ေတြထဲက တစ္ခုပဲျဖစ္ပါတယ္။

တက္ဆက္ျပည္နယ္က အသက္ ၈ ႏွစ္အရြယ္ Sydney Elise Russell ဆိုတဲ့ ကေလးမေလးကလည္း ထိုအိမ္မက္မ်ိဳးကို အေကာင္အထည္ေဖာ္လိုတဲ့အတြက္ သူမရဲ႕မိခင္ျဖစ္သူ Dr. Tiffany McKinnon-Russell က ကေလးမေလးရဲ႕ အိမ္မက္ေလးကို ကူညီပံုေဖာ္ေပးခဲ့ပါတယ္။ Sydney ေလးကေတာ့ သူမကိုယ္တိုင္ “The Princess and The Frog” ဇာတ္ကားထဲက မင္းသမီးေလး Tiana လို အဝါေရာင္ဂါဝန္ေလး ဝတ္ဆင္ၿပီး ဖေလာ္ရီဒါပန္းျခံထဲကို တျခားေသာမင္းသမီးေလးေတြနဲ႔ ပံုစံတူဝတ္ဆင္ထားတဲ့ မင္းသမီးေလးေတြကို သြားေရာက္ေတြ႔ဆံုခ့ဲပါတယ္။

Sydney ေလးတစ္ေယာက္ ပန္းျခံထဲမွာလမ္းေလွ်ာက္ေနစဥ္အတြင္း တီးဝိုင္းက တီးခတ္လိုက္တဲ့ “When We’re Human” ဆိုတဲ့ သီခ်င္းသံေလးကိုၾကားတာနဲ႔ သူကတတ္သလိုေလး လွည့္ကာ ခုန္ကာ ပတ္ကာ ကေနပါေတာ့တယ္။ Sydney ေလးရဲ႕ မိခင္ျဖစ္သူမွ သူ႕သမီးေလး ေပ်ာ္ရႊင္စြာကခုန္ေနတာကို ေဖ့ဘုတ္ခ္လူမႈကြန္ရက္မွာ ဗီဒီယိုေလး႐ိုက္ၿပီး တင္ခဲ့ပါတယ္။

ထိုဗီဒီယိုေလးကို လူမႈကြန္ရက္အသံုးျပဳသူ ၃ ေသာင္းေက်ာ္က အခ်င္းခ်င္းမွ်ေဝေပးခဲ့ၾကပါတယ္။ ထိုသို႔ကခုန္ၿပီးတဲ့ေနာက္မွာေတာ့ Sydney ေလးဟာ သူမအႏွစ္သက္ဆံုးေသာ မင္းသမီးေလး Tiana ကို  ေတြ႔ဆံုဖို႔သြားေရာက္ခဲ့ပါတယ္။ Sydney ရဲ႕ မိခင္ျဖစ္သူ Tiffany မွ သမီးငယ္ေလး ေပ်ာ္ေပ်ာ္ရႊင္ရႊင္ ကခုန္ေနတ့ဲ ဗီဒီယိုကို လူေတြဒီေလာက္ထိႏွစ္သက္သြားၾကလိမ့္မယ္လို႔ မေတြးမိခဲ့ဘူးလို႔လည္း GMA သတင္းဌာနကို ေျပာျပခ့ဲပါတယ္။ Sydney ေလးကလည္း “မင္းသမီး Tiana က သူ႕လိုဝတ္ဆင္ထားတဲ့ သမီးကိုျမင္ေတာ့ ေပ်ာ္တာေပါ့။ သမီးတို႔ႏွစ္ေယာက္လံုး တစ္ေယာက္ကိုတစ္ေယာက္  ေတြ႕ခြင့္ရတာနဲ႕တင္ အရမ္းေပ်ာ္ရႊင္မိပါတယ္။ ၿပီးေတာ့ သမီးက မုန္႔ဖုတ္ရတာႀကိဳက္ၿပီး အစိမ္းေရာင္ ႀကိဳက္တာကိုလည္း  ေျပာျပခဲ့ပါတယ္။” လို႔ ဆိုခဲ့ပါတယ္။

Sydney ေလးဟာ အသက္၈ႏွစ္အရြယ္ေလးသာ ရွိေသးေပမယ့္ တျခားသူေတြကို “ကိုယ္ျဖစ္ခ်င္တဲ့အရာေတြကို ျဖစ္ေအာင္လုပ္ပါဆုိၿပီး” တိုက္တြန္းေျပာဆိုခဲ့ပါေသးတယ္။

<Zawgyi Version>

 

#SoshweLifestyle

#SoshweForYourDaiilyLife

#Like&Share

About admin

Check Also

ဘယ်ဘက်ဖြင့် လုံးဝမပြုလုပ်သင့်သည့်အရာများ။

၁။ ထမင်းဝိုင်း။ ကောင်းမွန်သည့် ထမင်းဝိုင်း၌ အစားအသောက်၊ သောက်ရေတို့နဲ့ပတ်သက်ပြီး သတ်မှတ်ထားသည့် စည်းကမ်းများအတိုင်း လိုက်နာရန်လိုအပ်ပါတယ်။ ထမင်းဝိုင်းမှ ဟင်းပန်းကန်များကို တူညီသည့်ဘက်တစ်ခုတည်းကိုသာ ပေးသင့်သည်ဟုဆိုကြပြီး “ဘယ်ဘက်ကိုပေးလိုက်။” ဟု …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro