<Zawgyi Version>
#SY(Soshwe)
#SoshweCelebrity
#Like&Share
ပြီးခဲ့တဲ့ တနင်္လာနေ့က အာမေနီးယန်းနိုင်ငံမှာ Kim Kardashian က Kourtney နဲ့ အတူ သူမရဲ့ ကလေး (၃) ယောက်ကို အာမေနီးယန်းလူမျိုးတွေရဲ့ အထွတ်အမြတ်ထားတဲ့ ခရစ်ယာန်ဘုရားကျောင်းဖြစ်တဲ့ Etchmiadzin Cathedral မှာ ရေဖျန်းခြင်းမင်္ဂလာပြုလုပ်ပေးခဲ့ပြီး ကင်ပွန်းတပ်ခြင်းကိုလည်း ပြုလုပ်ခဲ့ပါသေးတယ်။
အင်္ဂါနေ့ညမှာတော့ အသက် ၃၈ နှစ်အရွယ် Kim က အသက် ၄၀ အရွယ် Kourtney နဲ့ အတူ အာမေးနီးယားနိုင်ငံက အာမေးနီးယန်းသမ္မတ Armen Sarkissia ရဲ့ ညစာစားပွဲသို့ တက်ရောက်ခဲ့ပါတယ်။ ဓာတ်ပုံတွေထဲမှာ အတူတွေ့မြင်ရတဲ့ Kardashian ညီအစ်မနှစ်ယောက်ဟာ အနက်ရောင် ဝမ်းဆက်ကိုသာ ဝတ်ဆင်ထားပြီး နောက်တစ်ပုံမှာတော့ အာမေးနီးယန်းလူမျိုးတွေကို ကိုယ်စားပြုတဲ့ အသင်းဝင်တံဆိပ်ရှေ့မှာ ရပ်နေတာပဲဖြစ်ပါတယ်။ နောက်တစ်ပုံမှာတော့ ခန်းမထဲကနေ အာမေနီးယမ်းသမ္မတနဲ့ အတူထွက်လာသကဲ့သို့ ယှဉ်ရပ်ပြီးဓာတ်ပုံရိုက်ထားတာပဲ ဖြစ်ပါတယ်။
https://www.instagram.com/p/B3UgGAyhZMP/?utm_source=ig_embed&utm_campaign=dlfix
https://www.instagram.com/p/B3QFBgXgkk8/?utm_source=ig_embed&utm_campaign=dlfix
၂၀၁၉ နှစ်တည်းမှာပဲ Kim က အိမ်ဖြူတော်အတွင်း အမေရိကန်သမ္မတ Donald Trump ဆီကို သွားရောက်ခဲ့သေးတာပဲဖြစ်ပါတယ်။ အကြောင်းအရင်းကတော့ Alive Marie Johnson တစ်ယောက် ထောင်မှလွတ်မြောက်ရေးအတွက် ညှိနှိုင်းပြောဆိုနေရတာကြောင့်ပဲဖြစ်ပါတယ်။
https://www.instagram.com/p/B3PmnUzAHjY/?utm_source=ig_embed&utm_campaign=dlfix
အာမေနီးယန်းနိုင်ငံမှာ Kim တို့ညီအစ်မရဲ့ ဖခင်ဖက်မှ ဆွေမျိုးတွေရှိတာကြောင့် သွားရောက်လည်ပတ်ခဲ့ပြီး အာမေနီယန်းသမ္မတနှင့်လည်း တွေ့ဆုံကာ အာမေနီးယန်းနိုင်ငံသားတွေ အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်လာရေးအတွက် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါတယ်။
<Unicode Version>
Source ~ PEOPLE Magazine
#SY(Soshwe)
#SoshweCelebrity
#SoshweForYourDailyLife
#Like&Share