HomeEntertainmentMiley Cyrus နဲ႔ တြဲေနေၾကာင္း ဝန္ခံၿပီးတဲ့ေနာက္ "Making Love" ဆိုတဲ့ ကဗ်ာကိုတင္ခဲ့တဲ့ Cody Simpson

Miley Cyrus နဲ႔ တြဲေနေၾကာင္း ဝန္ခံၿပီးတဲ့ေနာက္ “Making Love” ဆိုတဲ့ ကဗ်ာကိုတင္ခဲ့တဲ့ Cody Simpson

- Advertisement -

လြန္ခဲ့တဲ့ ရက္သတၱပတ္အခ်ိဳ႕မွာပဲ Miley Cyrus က ၾသစေတးလ်အဆိုေတာ္ေလး Cody Simpson နဲ႔ တြဲေနၿပီျဖစ္ေၾကာင္း ပရိသတ္ေတြနဲ႔ လူထုႀကီးကို အသိေပးလိုက္တာပဲျဖစ္ပါတယ္။ Miley ဟာ မၾကာေသးခင္ကမွ လက္ထပ္ထားၿပီျဖစ္တဲ့Liam Hemsworth နဲ႔ ကြာရွင္းျပတ္ဆဲခဲ့ၿပီး ခ်စ္သူေကာင္မေလး Kaitlynn Carter နဲ႔လည္း ေကာလဟာလေတြၾကားခဲ့ရပါေသးတယ္။

https://www.instagram.com/p/B22xqIWpPvz/?utm_source=ig_embed&utm_campaign=dlfix

- Advertisement -

Mileyကလည္း သူ႕ရဲ႕ပရိသတ္ေတြက သူရဲ႕အခ်စ္ေရးကိုစိတ္ဝင္စားေနမယ္ထင္တဲ့အတြက္ လက္ရွိအခ်စ္ေရးကို ပြင့္ပြင့္လင္းလင္း ေျပာျပခဲ့တာပဲျဖစ္ပါတယ္။

- Advertisement -

Cody Simpsonက Miley နဲ႔ အတူတူတြဲ႐ိုက္ထားတဲ့ပံုကို သူ႔ရဲ႕အင္စတာဂရမ္အေကာင့္မွာ တင္ခဲ့တာျဖစ္ၿပီး Miley ကိုလည္း “Baby” လို႔ ေခၚထားပါေသးတယ္။ Cody နဲ႔ Miley ကို ေန႔လည္စာစားရင္း အနမ္းဖလွယ္ေနတဲ့ပံုေတြ ပ်ံ႕ႏွ႔ံသြားၿပီးေနာက္မွာပဲ Miley က အင္တာဗ်ဴးေတြမွာ အမွန္အတိုင္းေျဖေပးခဲ့တာ ျဖစ္ပါတယ္။

- Advertisement -

Cody ကလည္း သူ႔ရဲ႕ အင္စတာဂရမ္အေကာင့္မွာ Miley မဟုတ္တဲ့ တျခားတစ္ေယာက္ရဲ႕ ဓာတ္ပံုကို တင္ထားပါေသးတယ္။ ထိုဓာတ္ပံုထဲက မိန္းကေလးမွာ မည္သူမည္ဝါျဖစ္တယ္ဆိုတာကိုေတာ့ အတိအက်မသိရေသးပါဘူး။ ထို႔ေနာက္မွာပဲ Cody က ကဗ်ာဆရာ Prince Neptune ရဲ႕ “Making Love” ဆိုတဲ့ ကဗ်ာကို ဓာတ္ပံု႐ိုက္ၿပီးတင္ထားပါေသးတယ္။ ထိုကဗ်ာကို ဖတ္ၿပီးတဲ့ ပရိသတ္ေတြကလည္း Cody က Miley ရဲ႕ အေတြးအေခၚေတြကို နားလည္လက္ခံေပးတာကို သိရွိသြားၾကေၾကာင္း မွတ္ခ်က္ေပးခဲ့ၾကပါတယ္။

ဒီလိုဆိုရင္ေတာ့ Cody နဲ႔ Miley တို႔ႏွစ္ဦးဟာ အေပးအယူမွ်တဲ့ ခ်စ္ျခင္းေႏွာင္ႀကိဳးကို ရရွိထားတာပဲ ျဖစ္တ့ဲအတြက္ သူတို႔ႏွစ္ဦးရဲ႕ ခ်စ္သက္တမ္းေလး သက္ဆံုးတိုင္ထိေရာက္ပါေစလို႔ ဆုေတာင္းေပးသူ အမ်ားအျပားလည္းရွိေနပါတယ္။

<Zawgyi Version>

 

Source ~ BuzzFeed

#SY(Soshwe)

#SoshweCelebrity

#SoshweForYourDailyLife

#Like&Share

 

လွန်ခဲ့တဲ့ ရက်သတ္တပတ်အချို့မှာပဲ Miley Cyrus က သြစတေးလျအဆိုတော်လေး Cody Simpson နဲ့ တွဲနေပြီဖြစ်ကြောင်း ပရိသတ်တွေနဲ့ လူထုကြီးကို အသိပေးလိုက်တာပဲဖြစ်ပါတယ်။ Miley ဟာ မကြာသေးခင်ကမှ လက်ထပ်ထားပြီဖြစ်တဲ့Liam Hemsworth နဲ့ ကွာရှင်းပြတ်ဆဲခဲ့ပြီး ချစ်သူကောင်မလေး Kaitlynn Carter နဲ့လည်း ကောလဟာလတွေကြားခဲ့ရပါသေးတယ်။

https://www.instagram.com/p/B22xqIWpPvz/?utm_source=ig_embed&utm_campaign=dlfix

Mileyကလည်း သူ့ရဲ့ပရိသတ်တွေက သူရဲ့အချစ်ရေးကိုစိတ်ဝင်စားနေမယ်ထင်တဲ့အတွက် လက်ရှိအချစ်ရေးကို ပွင့်ပွင့်လင်းလင်း ပြောပြခဲ့တာပဲဖြစ်ပါတယ်။

Cody Simpsonက Miley နဲ့ အတူတူတွဲရိုက်ထားတဲ့ပုံကို သူ့ရဲ့အင်စတာဂရမ်အကောင့်မှာ တင်ခဲ့တာဖြစ်ပြီး Miley ကိုလည်း “Baby” လို့ ခေါ်ထားပါသေးတယ်။ Cody နဲ့ Miley ကို နေ့လည်စာစားရင်း အနမ်းဖလှယ်နေတဲ့ပုံတွေ ပျံ့နှ့ံသွားပြီးနောက်မှာပဲ Miley က အင်တာဗျူးတွေမှာ အမှန်အတိုင်းဖြေပေးခဲ့တာ ဖြစ်ပါတယ်။

Cody ကလည်း သူ့ရဲ့ အင်စတာဂရမ်အကောင့်မှာ Miley မဟုတ်တဲ့ တခြားတစ်ယောက်ရဲ့ ဓာတ်ပုံကို တင်ထားပါသေးတယ်။ ထိုဓာတ်ပုံထဲက မိန်းကလေးမှာ မည်သူမည်ဝါဖြစ်တယ်ဆိုတာကိုတော့ အတိအကျမသိရသေးပါဘူး။ ထို့နောက်မှာပဲ Cody က ကဗျာဆရာ Prince Neptune ရဲ့ “Making Love” ဆိုတဲ့ ကဗျာကို ဓာတ်ပုံရိုက်ပြီးတင်ထားပါသေးတယ်။ ထိုကဗျာကို ဖတ်ပြီးတဲ့ ပရိသတ်တွေကလည်း Cody က Miley ရဲ့ အတွေးအခေါ်တွေကို နားလည်လက်ခံပေးတာကို သိရှိသွားကြကြောင်း မှတ်ချက်ပေးခဲ့ကြပါတယ်။

ဒီလိုဆိုရင်တော့ Cody နဲ့ Miley တို့နှစ်ဦးဟာ အပေးအယူမျှတဲ့ ချစ်ခြင်းနှောင်ကြိုးကို ရရှိထားတာပဲ ဖြစ်တဲ့အတွက် သူတို့နှစ်ဦးရဲ့ ချစ်သက်တမ်းလေး သက်ဆုံးတိုင်ထိရောက်ပါစေလို့ ဆုတောင်းပေးသူ အများအပြားလည်းရှိနေပါတယ်။

<Unicode Version>

 

Source ~ BuzzFeed

#SY(Soshwe)

#SoshweCelebrity

#SoshweForYourDailyLife

#Like&Share

- Advertisement -

Must Read