HomeEntertainmentThe Tonight Show အစီအစဥ္တြင္ သီခ်င္းခန္႕မွန္းေျပာဆိုရတ့ဲ ဂိမ္းအစီအစဥ္၌ ကုိယ္ပိုင္သီခ်င္းကို မမွတ္မိတဲ့ ခ်စ္စရာ Taylor Swift

The Tonight Show အစီအစဥ္တြင္ သီခ်င္းခန္႕မွန္းေျပာဆိုရတ့ဲ ဂိမ္းအစီအစဥ္၌ ကုိယ္ပိုင္သီခ်င္းကို မမွတ္မိတဲ့ ခ်စ္စရာ Taylor Swift

- Advertisement -

The Tonight Show အစီအစဥ္ဟာ အေမရိကန္အေျခစိုက္ တိုက္ရိုက္ထုတ္လႊင့္မႈ အစီအစဥ္တစ္ခုျဖစ္ပါတယ္။ ထို႐ိႈးပြဲအစီအစဥ္ကို Jimmy Fallon က တင္ဆက္သူအျဖစ္ လုပ္ေဆာင္ၿပီး Hollywood နဲ႔ ကမာၻတစ္ဝွမ္းက နာမည္ႀကီးအႏုပညာရွင္ေတြကို ဖိတ္ေခၚကာ ပရိသတ္ခ်င္ေတြေမးထားတဲ့ ေမးခြန္းေလးေတြေမးတာတို႔၊ ဂိမ္းကစားတာတို႔ျပဳလုပ္ေလ့ရွိပါတယ္။

ေအာက္တိုဘာ ၄ ရက္ေန႔ညက ျပဳလုပ္ခဲ့တဲ့ The Tonight Show ကို ေရာက္ရွိလာတဲ့ အႏုပညာရွင္ကေတာ့ Taylor Swift ျဖစ္ၿပီး Jimmy နဲ႔အတူတူ “Name That Song” ဆိုတဲ့ ဂိမ္းကိုေဆာ့ခဲ့ၾကပါတယ္။ ထိုဂိမ္းမွာေတာ့ Jimmy ရဲ႕ ႐ိႈးပြဲမွာ ပင္တိုင္တီးေပးတဲ့ တီးဝိုင္းကသီခ်င္းသံစဥ္ေတြကို တီးေပးရတာျဖစ္ၿပီး အႏုပညာရွင္ေတြကေတာ့ ဒီသံစဥ္ပါတဲ့ သီခ်င္းက ဘာလဲဆိုတာကို ခန္႔မွန္းရတာပဲျဖစ္ပါတယ္။

- Advertisement -

- Advertisement -

Taylor က ထိုဂိမ္းကိုကစားတဲ့ေနရာမွာေတာ့ ဆရာမႀကီးပါပဲ။ Britney Spearsရဲ႕ “Baby One More Time” ၊ Nelly ရဲ႕ “Hot In Here” ၊ Sixpence None The Richer ရဲ႕ “Kiss Me” နဲ႔ TLC ရဲ႕ “No Scrubs” သီခ်င္းတို႔ကို မွန္ကန္စြာခန္႔မွန္းႏိုင္ခဲ့ၿပီး သူမရဲ႕ “Shake It Off” ဆိုတဲ့ သီခ်င္းသံကိုၾကားတဲ့အခါမွာေတာ့ Taylor တစ္ေယာက္ လံုးဝမခန္႔မွန္းႏိုင္ေတာ့ဘဲ ေၾကာင္ေတာင္ေတာင္ေလးနဲ႔ ေငးၾကည့္ေနခဲ့တာျဖစ္ပါတယ္။ Jimmy က “Shake It Off” လို႔ ေျဖလိုက္တဲ့အခါမွ Taylor က သူ႔ရဲ႕သီခ်င္းကိုသတိရသြားၿပီး အရမ္းကိုမွရွက္သြားခဲ့တာပဲျဖစ္ပါတယ္။

- Advertisement -

<Zawgyi Version>

 

Source ~ BuzzFeed

#SY(Soshwe)

#SoshweCelebrity

#SoshweForYourDailyLife

#Like&Share

 

The Tonight Show အစီအစဉ်ဟာ အမေရိကန်အခြေစိုက် တိုက်ရိုက်ထုတ်လွှင့်မှု အစီအစဉ်တစ်ခုဖြစ်ပါတယ်။ ထိုရှိုးပွဲအစီအစဉ်ကို Jimmy Fallon က တင်ဆက်သူအဖြစ် လုပ်ဆောင်ပြီး Hollywood နဲ့ ကမ္ဘာတစ်ဝှမ်းက နာမည်ကြီးအနုပညာရှင်တွေကို ဖိတ်ခေါ်ကာ ပရိသတ်ချင်တွေမေးထားတဲ့ မေးခွန်းလေးတွေမေးတာတို့၊ ဂိမ်းကစားတာတို့ပြုလုပ်လေ့ရှိပါတယ်။

အောက်တိုဘာ ၄ ရက်နေ့ညက ပြုလုပ်ခဲ့တဲ့ The Tonight Show ကို ရောက်ရှိလာတဲ့ အနုပညာရှင်ကတော့ Taylor Swift ဖြစ်ပြီး Jimmy နဲ့အတူတူ “Name That Song” ဆိုတဲ့ ဂိမ်းကိုဆော့ခဲ့ကြပါတယ်။ ထိုဂိမ်းမှာတော့ Jimmy ရဲ့ ရှိုးပွဲမှာ ပင်တိုင်တီးပေးတဲ့ တီးဝိုင်းကသီချင်းသံစဉ်တွေကို တီးပေးရတာဖြစ်ပြီး အနုပညာရှင်တွေကတော့ ဒီသံစဉ်ပါတဲ့ သီချင်းက ဘာလဲဆိုတာကို ခန့်မှန်းရတာပဲဖြစ်ပါတယ်။

Taylor က ထိုဂိမ်းကိုကစားတဲ့နေရာမှာတော့ ဆရာမကြီးပါပဲ။ Britney Spearsရဲ့ “Baby One More Time” ၊ Nelly ရဲ့ “Hot In Here” ၊ Sixpence None The Richer ရဲ့ “Kiss Me” နဲ့ TLC ရဲ့ “No Scrubs” သီချင်းတို့ကို မှန်ကန်စွာခန့်မှန်းနိုင်ခဲ့ပြီး သူမရဲ့ “Shake It Off” ဆိုတဲ့ သီချင်းသံကိုကြားတဲ့အခါမှာတော့ Taylor တစ်ယောက် လုံးဝမခန့်မှန်းနိုင်တော့ဘဲ ကြောင်တောင်တောင်လေးနဲ့ ငေးကြည့်နေခဲ့တာဖြစ်ပါတယ်။ Jimmy က “Shake It Off” လို့ ဖြေလိုက်တဲ့အခါမှ Taylor က သူ့ရဲ့သီချင်းကိုသတိရသွားပြီး အရမ်းကိုမှရှက်သွားခဲ့တာပဲဖြစ်ပါတယ်။

<Unicode Version>

 

Source ~ BuzzFeed

#SY(Soshwe)

#SoshweCelebrity

#SoshweForYourDailyLife

#Like&Share

 

- Advertisement -

Must Read