HomeSportလီဗာပူးအသင်းရဲ့ အဓိက ကစားသမားတစ်ယောက်ကို အရှိန်မြှင့်ကမ်းလှမ်းတော့မည့် ရီးရဲယ်မက်ဒရစ်။

လီဗာပူးအသင်းရဲ့ အဓိက ကစားသမားတစ်ယောက်ကို အရှိန်မြှင့်ကမ်းလှမ်းတော့မည့် ရီးရဲယ်မက်ဒရစ်။

- Advertisement -




- Advertisement -

ပြီးခဲ့သည့် (၂၀၁၈) ခုနှစ် ချန်ပီယံလိဂ်ဗိုလ်လုပွဲအဖြစ် ရီးရဲယ်မက်ဒရစ်အသင်းနဲ့လီဗာပူးအသင်းတို့ ထိပ်တိုက်တွေ့ဆုံရာ၌ ဆာလာအနေနဲ့ ရာမို့စ်ရဲ့ ကြမ်းတမ်းသည့် ကစားပုံကြောင့် ပခုံးဒဏ်ရာရရှိခဲ့ပြီး ပထမပိုင်းမှာတင် လူစားလဲခံခဲ့ရသလို ပွဲပြီးဆုံးချိန်၌လည်း လီဗာပူးအသင်းက ရီးရဲယ်မက်ဒရစ်အသင်းကို ၃-၁ ဂိုးနဲ့ ရှုံးနိမ့်ပြီး ချန်ပီယံလိဂ်ဆုဖလားနဲ့ လွဲချော်ခဲ့ဖူးတာလည်းဖြစ်ပါတယ်။

- Advertisement -

<Zawgyi Version>

 

Source ~ Sportsmole

#HM(Soshwe)

#SoshweSport


#Like&Share

 

- Advertisement -

ရီးရဲယ်မက်ဒရစ်အသင်းသည် လီဗာပူးအသင်းရဲ့ အဓိက ကစားသမားတစ်ယောက်ဖြစ်သူ ဆာလာကို ပြောင်းရွှေ့ကြေး ပေါင် (၁၅၂) သန်းအထိ တိုးမြှင့်ကမ်းလှမ်းသွားရန် ပြင်ဆင်နေကြောင်း သိရှိရပါတယ်။ အဆိုပါအီဂျစ်လက်ရွေးစင်ကစားသမားသည် လီဗာပူးအသင်းကို စတင်ရောက်ရှိလာသည့် (၂၀၁၆) ခုနှစ်မှစတင်ကာ ကမ္ဘာ့အကောင်းဆုံးတိုက်စစ်ကစားသမားများထဲမှ တစ်ယောက်အဖြစ် စာရင်းဝင်လာခဲ့ပြီး ယာဂင်ကလော့ပ်လက်ထက် လီဗာပူးအသင်းအတွက် ပွဲပေါင်း (၁၁၆) ပွဲကစားပြီးချိန်၌ သွင်းဂိုး (၇၇) ဂိုးသွင်းယူပေးနိုင်ခဲ့သည့် ကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။

သတင်းအချို့ရဲ့ဖော်ပြချက်အရ ရီးရဲယ်မက်ဒရစ်အသင်းသည် လာမည့်နွေရာသီအပြောင်းအရွှေ့၌ PSG တိုက်စစ်မှူး အမ်ဘာပေထက် ဆာလာကိုသာ ပိုမိုဦးစားပေးကြိုးစားလာဖွယ်ရှိကြောင်း သိရှိရပါတယ်။ ဒါ့အပြင် စပိန်မှလာသောသတင်းများအရ တော်ဝင်မက်ဒရစ်အသင်းကြီးသည် မူလက ဆာလာအတွက်  ပြောင်းရွှေ့ကြေး ပေါင် (၁၃၄) သန်းဖြင့်သာ ကမ်းလှမ်းရန် ပြင်ဆင်ထားပေမယ့် လက်ရှိအချိန်၌  ပြောင်းရွှေ့ကြေးကို ပေါင် (၁၅၂) သန်းအထိ တိုးမြှင့်ကမ်းလှမ်းလာဖွယ်ရှိနေပါတယ်။

အဆိုပါပြောင်းရွှေ့ကြေးပမာဏဖြင့်သာ ဆာလာတစ်ယောက် ရီးရဲယ်မက်ဒရစ်အသင်းကို  ပြောင်းရွှေ့ရောက်ရှိလာခဲ့ပါက အသင်းရဲ့စံချိန်တင်ပြောင်းရွှေ့ကြေးရှင်အဖြစ် မှတ်တမ်းဝင်သွားမည်လည်းဖြစ်ပါတယ်။ ညာတောင်ပံတိုက်စစ်၌ ဂါရတ်ဘေးလ်ကို စိတ်တိုင်းမကျဖြစ်နေသည့် နည်းပြဇီဒန်းအတွက်လည်း ဆာလာက ဖြေရှင်းနည်းတစ်ရပ်ဖြစ်လာနိုင်ဖွယ်ရှိပေမယ့် ရာမို့စ်နဲ့ ဆာလာတို့အကြား ဆက်ဆံရေးကြောင့် ဆာလာအနေနဲ့ လီဗာပူးက ထွက်ခွာဖြစ်ခဲ့သည့်တိုင်အောင် ဘာစီလိုနာအသင်းကိုသာ ပြောင်းရွှေ့ဖွယ်ရှိကြောင်း သတင်းများက ဆိုကြပါတယ်။

ပြီးခဲ့သည့် (၂၀၁၈) ခုနှစ် ချန်ပီယံလိဂ်ဗို်လ်လုပွဲအဖြစ် ရီးရဲယ်မက်ဒရစ်အသင်းနဲ့လီဗာပူးအသင်းတို့ ထိပ်တိုက်တွေ့ဆုံရာ၌ ဆာလာအနေနဲ့ ရာမို့စ်ရဲ့ ကြမ်းတမ်းသည့် ကစားပုံကြောင့် ပခုံးဒဏ်ရာရရှိခဲ့ပြီး ပထမပိုင်းမှာတင် လူစားလဲခံခဲ့ရသလို ပွဲပြီးဆုံးချိန်၌လည်း လီဗာပူးအသင်းက ရီးရဲယ်မက်ဒရစ်အသင်းကို ၃-၁ ဂိုးနဲ့ ရှုံးနိမ့်ပြီး ချန်ပီယံလိဂ်ဆုဖလားနဲ့ လွဲချော်ခဲ့ဖူးတာလည်းဖြစ်ပါတယ်။

<Unicode Version>

 

Source ~ Sportsmole

#HM(Soshwe)

#SoshweSport

#SoshweForYourDailyLife

#Like&Share

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

4 + sixteen =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...