HomeEntertainmentUFC ေလာကထဲသုိ႔ ဝင္ေရာက္ရန္ ဆံုးျဖတ္လိုက္သည့္ YouTuber တစ္ဦး။

UFC ေလာကထဲသုိ႔ ဝင္ေရာက္ရန္ ဆံုးျဖတ္လိုက္သည့္ YouTuber တစ္ဦး။

- Advertisement -

နာမည္ေက်ာ္ YouTuber တစ္ဦးျဖစ္သူ Logan Paul သည္ ဆုိရွယ္မီဒီယာေပၚမွ သူ႔ရဲ႕ ၿပိဳင္ဘက္ျဖစ္သူ KSI နဲ႔ ႀကိဳးဝုိင္းအတြင္း၌ ထုိးသတ္ရန္ စီစဥ္ၿပီးေနာက္ UFC ေလာကထဲသို႔ ဝင္ေရာက္ရန္ ဆံုးျဖတ္လုိက္ၿပီျဖစ္ေၾကာင္း သိရွိရပါတယ္။ ယခုက့ဲသုိ႔ သူတို႔ႏွစ္ေယာက္ ထိပ္တိုက္ေတြ႕ဆံုျခင္းသည္ ဒုတိယအႀကိမ္ေျမာက္ျဖစ္ၿပီး အဆုိပါပြဲကို အေမရိကန္ႏုိင္ငံ၊ ေလာ့စ္အိန္ဂ်ယ္လိစ္ၿမိဳ႕၌ လာမည့္ ႏုိဝင္ဘာလ (၉) ရက္ေန႔တြင္ ထိုးသတ္သြားမည္ျဖစ္ပါတယ္။

- Advertisement -

လက္ရွိအခ်ိန္၌ အဆုိပါပဲြအတြက္ Paul တစ္ေယာက္ ျပင္ဆင္ေလ့က်င့္ ျပင္ဆင္မႈမ်ား ျပဳလုပ္ေနၿပီး သူ႔ရဲ႕နည္းျပအျဖစ္ ဟဲဗီးဝိတ္ခ်န္ပီယံ Shannon Briggs ကို နည္းျပအျဖစ္ ငွားရမ္းထားေၾကာင္း သိရွိရပါတယ္။ လန္ဒန္ၿမိဳ႕၌ ျပဳလုပ္ခ့ဲသည့္ သတင္းစာရွင္းလင္းပြဲ၌ Paul က “အခုပြဲအၿပီးမွာ ေနာက္ထပ္ နာမည္ေက်ာ္အႏုပညာရွင္ေတြ၊ YouTuber ေတြနဲ႔ ထိုးသတ္ႏုိင္ဖုိ႔အတြက္ ကြ်န္ေတာ္ ျပင္ဆင္သြားဦးမွာပါ။ ကြ်န္ေတာ့္ရဲ႕ ပထမဆံုးပဲြတုန္းက ကိုယ့္ရဲ႕ စိတ္အားထက္သန္မႈကို အဓိက အေျခခံခ့ဲရၿပီး အ့ဲဒါက အလုပ္ျဖစ္ခ့ဲပါတယ္။ အခုဆိုရင္ ကြ်န္ေတာ္က လက္ေဝွ႔သမားတစ္ေယာက္၊ ပေရာ္ဖက္ရွင္နယ္ဖုိက္တာ တစ္ေယာက္ျဖစ္ေနၿပီလုိ႔ ခံစားမိေနပါၿပီ။ အရုိးသားဆံုး ေျပာရရင္ ကြ်န္ေတာ္ UFC ႀကိဳးဝုိင္းထဲမွာ ထိုးသတ္ရတာကို သေဘာက်ၿပီး Octagon မွာ ျပဳလုပ္မယ့္ UFC ပြဲမွာ ဥကၠဌ Dana White က ကြ်န္ေတာ့္ကို ပြဲသြင္းဖုိ႔ ေမွ်ာ္လင့္ပါတယ္။” ဟုလည္း ေျပာၾကားခ့ဲပါတယ္။

- Advertisement -

- Advertisement -

ပထမအႀကိမ္ လန္ဒန္ၿမိဳ႕၌ ထုိးသတ္ခ့ဲစဥ္က အခေပးရုပ္သံလိုင္းမွ ၾကည့္ရႈသူ ပရိသတ္ (၁) သန္းေက်ာ္ကို ဆြဲေဆာင္ႏုိင္ခ့ဲၿပီး ေရွ႕လ၌ ထိုးသတ္မည့္ပြဲစဥ္ကိုလည္း UK ရွိ Sky Sports Box Office မွ ထုတ္လႊင့္ျပသသြားမယ္လို႔ သိရွိရပါတယ္။ ဆက္လက္၍လည္း Paul က “မႏွစ္ကပြဲကို ကြ်န္ေတာ္က စိုးရိမ္ေၾကာင့္ၾကမႈ အခ်ိဳ႕နဲ႔ လာခ့ဲတာပါ။ ကြ်န္ေတာ့္ရဲ႕ လက္ေဝွ႕စြမ္းေဆာင္ရည္ေၾကာင့္ေပါ့။ ကြ်န္ေတာ့္ရဲ႕ ႀကံ႕ခိုင္မႈ၊ စိတ္အားထက္သန္မႈ၊ အလုပ္ႀကိဳးစားမႈေတြအေပၚ ယံုၾကည္ခ်က္ရွိခ့ဲေပမယ့္ လက္ေဝွ႔သမားတစ္ေယာက္လုိ မခံစားခ့ဲရဘဲ YouTuber တစ္ေယာက္ဆုိတ့ဲ စိတ္ႀကီးက ဝင္ေနပါတယ္။” ဟု ေျပာၾကားခ့ဲပါတယ္။

ယခုတစ္ႀကိမ္ ထုိးသတ္မည့္ပြဲနဲ႔ ပတ္သက္၍မူ Paul က “အခုဆုိ ကြ်န္ေတာ့္ရဲ႕လက္ေဝွ႕စြမ္းရည္က တုိးတက္လာၿပီး ယံုၾကည္မႈလည္း တုိးတက္လာပါၿပီ။ KSI ႏုိင္မယ္လို႔ ထင္ေနတ့ဲသူေတြကို ကြ်န္ေတာ္ စိတ္ပ်က္မိပါတယ္။ သူ႔ပရိသတ္ေတြက သူအႏုိင္ရရွိဖုိ႔ ေမွ်ာ္လင့္ေနတာကို ကြ်န္ေတာ္ နားလည္ႏုိင္ပါတယ္။ ဒါေပမယ့္ သူတုိ႔ ဘယ္လုိတလြဲအေတြးေတြကို ေတြးေနၾကတာလဲဗ်ာ။ ကြ်န္ေတာ္ အ့ဲဒီဘဲကို အဆံုးသတ္ေပးလိုက္မွာပါ။ မႏွစ္တုန္းက ကြ်န္ေတာ္က ႀကိဳးဝိုင္းကိုပတ္ၿပီး ဟန္ျပထိုးခ့ဲေပမယ့္ ဒီႏွစ္မွာေတာ့ အလဲထိုးသြားမွာပါ။” ဟု ႀကံဳးဝါးေျပာဆုိသြားခ့ဲေၾကာင္းလည္း သိရွိရပါတယ္။ ပထမဆံုးအႀကိမ္ ရင္ဆုိင္ခ့ဲစဥ္က သေရရလဒ္နဲ႔သာ အဆံုးသတ္ခ့ဲရသည့္ သူတုိ႔ႏွစ္ေယာက္ရဲ႕ အားၿပိဳင္မႈက ယခုတစ္ႀကိမ္၌လည္း စိတ္ဝင္စားဖြယ္ရာေကာင္းေနဦးမွာ အေသအခ်ာပင္ျဖစ္ပါတယ္။

<Zawgyi Version>

 

Source ~ Ladbible

#HM(Soshwe)

#SoshweEntertainment

#SoshweForYourDailyLife

#Like&Share

 

နာမည်ကျော် YouTuber တစ်ဦးဖြစ်သူ Logan Paul သည် ဆိုရှယ်မီဒီယာပေါ်မှ သူ့ရဲ့ ပြိုင်ဘက်ဖြစ်သူ KSI နဲ့ ကြိုးဝိုင်းအတွင်း၌ ထိုးသတ်ရန် စီစဉ်ပြီးနောက် UFC လောကထဲသို့ ဝင်ရောက်ရန် ဆုံးဖြတ်လိုက်ပြီဖြစ်ကြောင်း သိရှိရပါတယ်။ ယခုကဲ့သို့ သူတို့နှစ်ယောက် ထိပ်တိုက်တွေ့ဆုံခြင်းသည် ဒုတိယအကြိမ်မြောက်ဖြစ်ပြီး အဆိုပါပွဲကို အမေရိကန်နိုင်ငံ၊ လော့စ်အိန်ဂျယ်လိစ်မြို့၌ လာမည့် နိုဝင်ဘာလ (၉) ရက်နေ့တွင် ထိုးသတ်သွားမည်ဖြစ်ပါတယ်။

လက်ရှိအချိန်၌ အဆိုပါပွဲအတွက် Paul တစ်ယောက် ပြင်ဆင်လေ့ကျင့် ပြင်ဆင်မှုများ ပြုလုပ်နေပြီး သူ့ရဲ့နည်းပြအဖြစ် ဟဲဗီးဝိတ်ချန်ပီယံ Shannon Briggs ကို နည်းပြအဖြစ် ငှားရမ်းထားကြောင်း သိရှိရပါတယ်။ လန်ဒန်မြို့၌ ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲ၌ Paul က “အခုပွဲအပြီးမှာ နောက်ထပ် နာမည်ကျော်အနုပညာရှင်တွေ၊ YouTuber တွေနဲ့ ထိုးသတ်နိုင်ဖို့အတွက် ကျွန်တော် ပြင်ဆင်သွားဦးမှာပါ။ ကျွန်တော့်ရဲ့ ပထမဆုံးပွဲတုန်းက ကိုယ့်ရဲ့ စိတ်အားထက်သန်မှုကို အဓိက အခြေခံခဲ့ရပြီး အဲ့ဒါက အလုပ်ဖြစ်ခဲ့ပါတယ်။ အခုဆိုရင် ကျွန်တော်က လက်ဝှေ့သမားတစ်ယောက်၊ ပရော်ဖက်ရှင်နယ်ဖိုက်တာ တစ်ယောက်ဖြစ်နေပြီလို့ ခံစားမိနေပါပြီ။ အရိုးသားဆုံး ပြောရရင် ကျွန်တော် UFC ကြိုးဝိုင်းထဲမှာ ထိုးသတ်ရတာကို သဘောကျပြီး Octagon မှာ ပြုလုပ်မယ့် UFC ပွဲမှာ ဥက္ကဌ Dana White က ကျွန်တော့်ကို ပွဲသွင်းဖို့ မျှော်လင့်ပါတယ်။” ဟုလည်း ပြောကြားခဲ့ပါတယ်။

ပထမအကြိမ် လန်ဒန်မြို့၌ ထိုးသတ်ခဲ့စဉ်က အခပေးရုပ်သံလိုင်းမှ ကြည့်ရှုသူ ပရိသတ် (၁) သန်းကျော်ကို ဆွဲဆောင်နိုင်ခဲ့ပြီး ရှေ့လ၌ ထိုးသတ်မည့်ပွဲစဉ်ကိုလည်း UK ရှိ Sky Sports Box Office မှ ထုတ်လွှင့်ပြသသွားမယ်လို့ သိရှိရပါတယ်။ ဆက်လက်၍လည်း Paul က “မနှစ်ကပွဲကို ကျွန်တော်က စိုးရိမ်ကြောင့်ကြမှု အချို့နဲ့ လာခဲ့တာပါ။ ကျွန်တော့်ရဲ့ လက်ဝှေ့စွမ်းဆောင်ရည်ကြောင့်ပေါ့။ ကျွန်တော့်ရဲ့ ကြံ့ခိုင်မှု၊ စိတ်အားထက်သန်မှု၊ အလုပ်ကြိုးစားမှုတွေအပေါ် ယုံကြည်ချက်ရှိခဲ့ပေမယ့် လက်ဝှေ့သမားတစ်ယောက်လို မခံစားခဲ့ရဘဲ YouTuber တစ်ယောက်ဆိုတဲ့ စိတ်ကြီးက ဝင်နေပါတယ်။” ဟု ပြောကြားခဲ့ပါတယ်။

ယခုတစ်ကြိမ် ထိုးသတ်မည့်ပွဲနဲ့ ပတ်သက်၍မူ Paul က “အခုဆို ကျွန်တော့်ရဲ့လက်ဝှေ့စွမ်းရည်က တိုးတက်လာပြီး ယုံကြည်မှုလည်း တိုးတက်လာပါပြီ။ KSI နိုင်မယ်လို့ ထင်နေတဲ့သူတွေကို ကျွန်တော် စိတ်ပျက်မိပါတယ်။ သူ့ပရိသတ်တွေက သူအနိုင်ရရှိဖို့ မျှော်လင့်နေတာကို ကျွန်တော် နားလည်နိုင်ပါတယ်။ ဒါပေမယ့် သူတို့ ဘယ်လိုတလွဲအတွေးတွေကို တွေးနေကြတာလဲဗျာ။ ကျွန်တော် အဲ့ဒီဘဲကို အဆုံးသတ်ပေးလိုက်မှာပါ။ မနှစ်တုန်းက ကျွန်တော်က ကြိုးဝိုင်းကိုပတ်ပြီး ဟန်ပြထိုးခဲ့ပေမယ့် ဒီနှစ်မှာတော့ အလဲထိုးသွားမှာပါ။” ဟု ကြုံးဝါးပြောဆိုသွားခဲ့ကြောင်းလည်း သိရှိရပါတယ်။ ပထမဆုံးအကြိမ် ရင်ဆိုင်ခဲ့စဉ်က သရေရလဒ်နဲ့သာ အဆုံးသတ်ခဲ့ရသည့် သူတို့နှစ်ယောက်ရဲ့ အားပြိုင်မှုက ယခုတစ်ကြိမ်၌လည်း စိတ်ဝင်စားဖွယ်ရာကောင်းနေဦးမှာ အသေအချာပင်ဖြစ်ပါတယ်။

<Unicode Version>

 

Source ~ Ladbible

#HM(Soshwe)

#SoshweEntertainment

#SoshweForYourDailyLife

#Like&Share

- Advertisement -

Must Read