မၾကာခင္ကမွ ဒုတိယအႀကိမ္ေျမာက္ မဂၤလာပြဲကို က်င္းပခ့ဲဲၾကသည့္ Justin Bieber နဲ႔ Hailey Baldwin တုိ႔ရဲ႕ အင္စတာဂရမ္ ဗီဒီယိုနဲ႔ ပတ္သက္ၿပီး Taylor Swift ရဲ႕ ပရိသတ္မ်ားက ေဝဖန္မႈေတြ ျပဳလုပ္ခ့ဲၾကတယ္လို႔ သိရွိရပါတယ္။ အဆုိပါစံုတြဲသည္ ယခု ရက္သတၱပတ္အတြင္း၌ သူတုိ႔ရဲ႕ အင္စတာဂရမ္ Story မွတစ္ဆင့္ Taylor ရဲ႕ နာမည္ေက်ာ္ Post- Surgery Recovery ဗီဒီယုိကို ကိုယ္တုိင္ပံုစံတူ ရုိက္ကူးခ့ဲျခင္းျဖစ္ၿပီး ဒီဗီဒီယုိအေပၚ ေဝဖန္မႈမ်ား ထြက္ေပၚလာခ့ဲျခင္းျဖစ္ပါတယ္။
Jimmy Fallon တိုက္ရိုက္ထုတ္လႊင့္မႈအစီအစဥ္၌ Jimmy နဲ႔ ျပဳလုပ္ခ့ဲသည့္ အင္တာဗ်ဴးတြင္ Taylor က ပရိသတ္မ်ားကို အံ့အားသင့္သြားေစရန္ ဗီဒီယုိတစ္ခုကို ျပသသြားခ့ဲပါတယ္။ Lasik Eye Surgery ဟုေခၚသည့္ ကုသမႈတစ္ခုကို ခံယူၿပီးခ်ိန္၌ သူမအေနနဲ႔ ေန႔စဥ္လႈပ္ရွားမႈမ်ား၌ အခက္အခဲမ်ားနဲ႔ ရင္ဆုိင္ခ့ဲရၿပီး အဆုိးဆံုးအေနနဲ႔ ငွက္ေပ်ာသီးကိုပင္ သာမန္လူအတုိင္း ေကာင္းမြန္စြာမစားေသာက္ႏုိင္ပံုကုိ Taylor ရဲ႕ မိခင္က မွတ္တမ္းတင္ေပးထားၿပီး Taylor က အခုလိုပဲ ပရိသတ္မ်ားေရွ႕၌ ခ်ျပသြားခ့ဲျခင္းျဖစ္ပါတယ္။
အဆုိပါဗီဒီယိုကို Justin နဲ႔ Hailey တို႔ စံုတြဲကလည္းျမင္ေတြ႕ခ့ဲဟန္ရွိၿပီး ယခုလိုပဲ ကိုယ္ပိုင္ဗားရွင္းျဖင့္ ျပန္လည္ရုိက္ကူးကာ သူတုိ႔ရဲ႕ အင္စတာဂရမ္ Story မွတစ္ဆင့္ ပရိသတ္မ်ားထံ ျပန္လည္ေဝမွ်သြားခ့ဲပါတယ္။ Justin က ကုိယ္တုိင္သရုပ္ေဆာင္ခ့ဲၿပီး Hailey က လိုက္လံရုိက္ကူးေပးထားသည့္ အဆိုပါဗီဒီယိုနဲ႔ ပတ္သက္၍ Taylor ရဲ႕ ပရိသတ္မ်ားက စိတ္ပ်က္ေနၾကၿပီး ေဝဖန္မႈမ်ား ထြက္ေပၚလ်က္ရွိပါတယ္။
ဒါေပမယ့္ ပရိသတ္တစ္ဦးကမူ “ဒီဗီဒီယိုထဲမွာ ရုိင္းစိုင္းတာ၊ တစ္စံုတစ္ေယာက္ကို တိုက္ခိုက္တာမ်ိဳး တစ္ခုခုမပါဝင္ပါဘူး။” ဟု တြစ္တာမွတစ္ဆင့္ ကာကြယ္ေရးသားခ့ဲပါတယ္။ Hailey ကလည္း “ဒီဗီဒီယုိက တစ္စံုတစ္ေယာက္ကို ထိခိုက္နာက်င္ေစတာမ်ိဳးျဖစ္သြားရင္ ေတာင္းပန္ပါတယ္။ ကြ်န္မအ့ဲဒီလုိျဖစ္ဖို႔ မရည္ရြယ္ပါဘူး။ ဒါေပမယ့္ တစ္ဖက္သား ဘာလုပ္ေနလဲဆိုတာ တကယ္မသိဘဲ စိတ္ဆုိးေဒါသထြက္ေနတာက အလုပ္မဟုတ္ပါဘူး။ ဒီလိုလူမ်ိဳးေတြအတြက္ ကြ်န္မရဲ႕ ခြန္အားေတြကို အကုန္ခံဖုိ႔ မရွိသလို ဘယ္သူမွလည္း ဒီလိုမ်ိဳးျဖစ္ေနဖုိ႔ မထိုက္တန္ပါဘူး။” ဟု ျပန္လည္တံု႔ျပန္ေရးသားခ့ဲပါတယ္။
Justin နဲ႔ Hailey တို႔ရဲ႕ ဗီဒီယိုနဲ႔ ပတ္သက္၍ လက္ရွိအခ်ိန္အထိ မူရင္းဗီဒီယုိပိုင္ရွင္ Taylor ထံမွ တံု႔ျပန္မႈ တစ္စံုတစ္ရာ ျပဳလုပ္ထားျခင္းမရွိေသးေၾကာင္းလည္း သိရွိရပါတယ္။
<Zawgyi Version>
Source ~ Teenvogue
#HM(Soshwe)
#SoshweCelebrity
#SoshweForYourDailyLife
#Like&Share
မကြာခင်ကမှ ဒုတိယအကြိမ်မြောက် မင်္ဂလာပွဲကို ကျင်းပခဲ့ဲကြသည့် Justin Bieber နဲ့ Hailey Baldwin တို့ရဲ့ အင်စတာဂရမ် ဗီဒီယိုနဲ့ ပတ်သက်ပြီး Taylor Swift ရဲ့ ပရိသတ်များက ဝေဖန်မှုတွေ ပြုလုပ်ခဲ့ကြတယ်လို့ သိရှိရပါတယ်။ အဆိုပါစုံတွဲသည် ယခု ရက်သတ္တပတ်အတွင်း၌ သူတို့ရဲ့ အင်စတာဂရမ် Story မှတစ်ဆင့် Taylor ရဲ့ နာမည်ကျော် Post- Surgery Recovery ဗီဒီယိုကို ကိုယ်တိုင်ပုံစံတူ ရိုက်ကူးခဲ့ခြင်းဖြစ်ပြီး ဒီဗီဒီယိုအပေါ် ဝေဖန်မှုများ ထွက်ပေါ်လာခဲ့ခြင်းဖြစ်ပါတယ်။
Jimmy Fallon တိုက်ရိုက်ထုတ်လွှင့်မှုအစီအစဉ်၌ Jimmy နဲ့ ပြုလုပ်ခဲ့သည့် အင်တာဗျူးတွင် Taylor က ပရိသတ်များကို အံ့အားသင့်သွားစေရန် ဗီဒီယိုတစ်ခုကို ပြသသွားခဲ့ပါတယ်။ Lasik Eye Surgery ဟုခေါ်သည့် ကုသမှုတစ်ခုကို ခံယူပြီးချိန်၌ သူမအနေနဲ့ နေ့စဉ်လှုပ်ရှားမှုများ၌ အခက်အခဲများနဲ့ ရင်ဆိုင်ခဲ့ရပြီး အဆိုးဆုံးအနေနဲ့ ငှက်ပျောသီးကိုပင် သာမန်လူအတိုင်း ကောင်းမွန်စွာမစားသောက်နိုင်ပုံကို Taylor ရဲ့ မိခင်က မှတ်တမ်းတင်ပေးထားပြီး Taylor က အခုလိုပဲ ပရိသတ်များရှေ့၌ ချပြသွားခဲ့ခြင်းဖြစ်ပါတယ်။
အဆိုပါဗီဒီယိုကို Justin နဲ့ Hailey တို့ စုံတွဲကလည်းမြင်တွေ့ခဲ့ဟန်ရှိပြီး ယခုလိုပဲ ကိုယ်ပိုင်ဗားရှင်းဖြင့် ပြန်လည်ရိုက်ကူးကာ သူတို့ရဲ့ အင်စတာဂရမ် Story မှတစ်ဆင့် ပရိသတ်များထံ ပြန်လည်ဝေမျှသွားခဲ့ပါတယ်။ Justin က ကိုယ်တိုင်သရုပ်ဆောင်ခဲ့ပြီး Hailey က လိုက်လံရိုက်ကူးပေးထားသည့် အဆိုပါဗီဒီယိုနဲ့ ပတ်သက်၍ Taylor ရဲ့ ပရိသတ်များက စိတ်ပျက်နေကြပြီး ဝေဖန်မှုများ ထွက်ပေါ်လျက်ရှိပါတယ်။
ဒါပေမယ့် ပရိသတ်တစ်ဦးကမူ “ဒီဗီဒီယိုထဲမှာ ရိုင်းစိုင်းတာ၊ တစ်စုံတစ်ယောက်ကို တိုက်ခိုက်တာမျိုး တစ်ခုခုမပါဝင်ပါဘူး။” ဟု တွစ်တာမှတစ်ဆင့် ကာကွယ်ရေးသားခဲ့ပါတယ်။ Hailey ကလည်း “ဒီဗီဒီယိုက တစ်စုံတစ်ယောက်ကို ထိခိုက်နာကျင်စေတာမျိုးဖြစ်သွားရင် တောင်းပန်ပါတယ်။ ကျွန်မအဲ့ဒီလိုဖြစ်ဖို့ မရည်ရွယ်ပါဘူး။ ဒါပေမယ့် တစ်ဖက်သား ဘာလုပ်နေလဲဆိုတာ တကယ်မသိဘဲ စိတ်ဆိုးဒေါသထွက်နေတာက အလုပ်မဟုတ်ပါဘူး။ ဒီလိုလူမျိုးတွေအတွက် ကျွန်မရဲ့ ခွန်အားတွေကို အကုန်ခံဖို့ မရှိသလို ဘယ်သူမှလည်း ဒီလိုမျိုးဖြစ်နေဖို့ မထိုက်တန်ပါဘူး။” ဟု ပြန်လည်တုံ့ပြန်ရေးသားခဲ့ပါတယ်။
Justin နဲ့ Hailey တို့ရဲ့ ဗီဒီယိုနဲ့ ပတ်သက်၍ လက်ရှိအချိန်အထိ မူရင်းဗီဒီယိုပိုင်ရှင် Taylor ထံမှ တုံ့ပြန်မှု တစ်စုံတစ်ရာ ပြုလုပ်ထားခြင်းမရှိသေးကြောင်းလည်း သိရှိရပါတယ်။
<Unicode Version>
Source ~ Teenvogue
#HM(Soshwe)
#SoshweCelebrity
#SoshweForYourDailyLife
#Like&Share