HomeSportဟာရီကိန္းကို ကမ္းလွမ္းမႈျပဳလုပ္ရန္ ျပင္ဆင္ေနသည့္ ရီးရဲယ္မက္ဒရစ္။

ဟာရီကိန္းကို ကမ္းလွမ္းမႈျပဳလုပ္ရန္ ျပင္ဆင္ေနသည့္ ရီးရဲယ္မက္ဒရစ္။

- Advertisement -

ရီးရဲယ္မက္ဒရစ္အသင္းသည္ စပါးအသင္းရဲ႕ တိုက္စစ္မွဴးျဖစ္သူ ဟာရီကိန္းရဲ႕ အေျခအေနကို  ေစာင့္ၾကည့္လ်က္ရွိၿပီး လာမည့္ ေႏြရာသီ အေျပာင္းအေရႊ႕၌ စုစုေပါင္းတန္ေၾကး ယူရို (၈၅) သန္းျဖင့္ ကမ္းလွမ္းႏုိင္ရန္ ျပင္ဆင္ထားေၾကာင္း သိရွိရပါတယ္။ မက္ဒရစ္ၿမိဳ႕ခံကလပ္အသင္းႀကီးသည္ ဟာရီကိန္းကို ကာလရွည္ပစ္မွတ္ထားခ့ဲသည့္ အသင္းတစ္သင္းျဖစ္ၿပီး လက္ရွိစပါးအသင္းရဲ႕ အေျခအေနဆိုးမ်ားေၾကာင့္ ဟာရီကိန္းကို ေခၚယူႏုိင္ရန္ ယံုၾကည္ခ်က္ပိုမိုရွိလာခ့ဲပါတယ္။

ဘရိုက္တန္အသင္းကို ၃-၀ ဂုိးျဖင့္ ရံႈးနိမ့္ခ့ဲသည့္ပြဲအၿပီး၌ စပါးအသင္းသည္ လက္ရွိရာသီ ၿပိဳင္ပြဲစံု (၁၁) ပြဲ၌ ႏုိင္ပြဲ (၃) ပြဲသာ ရရွိထားၿပီး လာမည့္ရာသီ ခ်န္ပီယံလိဂ္ဝင္ခြင့္အတြက္ ရုန္းကန္ရဖြယ္ရွိေနျခင္းေၾကာင့္ နည္းျပပိုခ်က္တီႏိုရဲ႕ အနာဂတ္ကလည္း လႈပ္ခတ္လာပါတယ္။

Don Balon သတင္းစာရဲ႕ ေဖာ္ျပခ်က္အရ စပါးအသင္းအေနနဲ႔ လာမည့္ေဘာလံုးရာသီ၌ ခ်န္ပီယံလိဂ္ဝင္ခြင့္နဲ႔ လြဲေခ်ာ္ခ့ဲပါက ဟာရီကိန္းကို ေျပာင္းေရႊ႕ေၾကး ယူရိုသန္း (၅၀) ပမာဏသာ အသံုးျပဳရလိမ့္မယ္ဟု ရီးရဲယ္မက္ဒရစ္အသင္းက ယံုၾကည္ထားၿပီး စပါးအသင္းရဲ႕ ကစားသမားေဟာင္း ဂါရတ္ေဘးလ္ကိုပါ အလုိက္ေပးကာ စုစုေပါင္း တန္ဖိုး ယူရို (၈၅) သန္း သတ္မွတ္ကာ ကမ္းလွမ္းရန္ ျပင္ဆင္ထားေၾကာင္း သိရွိရပါတယ္။ ဒါေပမယ့္ ဂါရတ္ေဘးလ္ရဲ႕ တစ္ႏွစ္လုပ္ခက ေပါင္ (၁၅) သန္းနဲ႔ အထက္ရွိေနၿပီး စပါးက့ဲသုိ႔ အသင္းတစ္သင္းအတြက္ အဆုိပါပမာဏကို ေပးေခ်ႏုိင္ရန္ အခက္အခဲႀကံဳရဖြယ္ရွိႏုိင္ပါတယ္။

- Advertisement -

ရီးရဲယ္မက္ဒရစ္အသင္းသည္ စပါးအသင္းရဲ႕ ေနာက္ထပ္ၾကယ္ပြင့္ တစ္ဦးျဖစ္သူ အဲရစ္ဆင္ကိုလည္း စိတ္ဝင္စားေနၿပီး လာမည့္ေဆာင္းရာသီအေျပာင္းအေရႊ႕၌ပင္ ေခၚယူႏုိင္ရန္ ကစားသမားရဲ႕  ေအးဂ်င့္ျဖစ္သူနဲ႔  ေဆြးေႏြးေနေၾကာင္းသိရွိရပါတယ္။ အဲရစ္ဆင္ရဲ႕ စာခ်ဳပ္သက္တမ္းကလည္း လာမည့္ (၂၀၂၀) ခုႏွစ္၊ ဇြန္လ၌ ကုန္ဆံုးမည္ျဖစ္ရာ လာမည့္ႏွစ္ေဘာလံုးရာသီ၌ စပါးအသင္းရဲ႕ ၾကယ္ပြင့္ကစားသမား (၂) ေယာက္ကို ရီးရဲယ္မက္ဒရစ္အသင္း၌ ျမင္ေတြ႕ရႏုိင္ေခ်ရွိေနပါတယ္။

- Advertisement -

<Zawgyi Version>

 

Source ~ Sportsmole

#HM(1209Soshwe)

#SoshweSport

#SoshweForYourDailyLife

#Like&Share

 

- Advertisement -

ရီးရဲယ်မက်ဒရစ်အသင်းသည် စပါးအသင်းရဲ့ တိုက်စစ်မှူးဖြစ်သူ ဟာရီကိန်းရဲ့ အခြေအနေကို  စောင့်ကြည့်လျက်ရှိပြီး လာမည့် နွေရာသီ အပြောင်းအရွှေ့၌ စုစုပေါင်းတန်ကြေး ယူရို (၈၅) သန်းဖြင့် ကမ်းလှမ်းနိုင်ရန် ပြင်ဆင်ထားကြောင်း သိရှိရပါတယ်။ မက်ဒရစ်မြို့ခံကလပ်အသင်းကြီးသည် ဟာရီကိန်းကို ကာလရှည်ပစ်မှတ်ထားခဲ့သည့် အသင်းတစ်သင်းဖြစ်ပြီး လက်ရှိစပါးအသင်းရဲ့ အခြေအနေဆိုးများကြောင့် ဟာရီကိန်းကို ခေါ်ယူနိုင်ရန် ယုံကြည်ချက်ပိုမိုရှိလာခဲ့ပါတယ်။

ဘရိုက်တန်အသင်းကို ၃-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့်ပွဲအပြီး၌ စပါးအသင်းသည် လက်ရှိရာသီ ပြိုင်ပွဲစုံ (၁၁) ပွဲ၌ နိုင်ပွဲ (၃) ပွဲသာ ရရှိထားပြီး လာမည့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ရုန်းကန်ရဖွယ်ရှိနေခြင်းကြောင့် နည်းပြပိုချက်တီနိုရဲ့ အနာဂတ်ကလည်း လှုပ်ခတ်လာပါတယ်။

Don Balon သတင်းစာရဲ့ ဖော်ပြချက်အရ စပါးအသင်းအနေနဲ့ လာမည့်ဘောလုံးရာသီ၌ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်ခဲ့ပါက ဟာရီကိန်းကို ပြောင်းရွှေ့ကြေး ယူရိုသန်း (၅၀) ပမာဏသာ အသုံးပြုရလိမ့်မယ်ဟု ရီးရဲယ်မက်ဒရစ်အသင်းက ယုံကြည်ထားပြီး စပါးအသင်းရဲ့ ကစားသမားဟောင်း ဂါရတ်ဘေးလ်ကိုပါ အလိုက်ပေးကာ စုစုပေါင်း တန်ဖိုး ယူရို (၈၅) သန်း သတ်မှတ်ကာ ကမ်းလှမ်းရန် ပြင်ဆင်ထားကြောင်း သိရှိရပါတယ်။ ဒါပေမယ့် ဂါရတ်ဘေးလ်ရဲ့ တစ်နှစ်လုပ်ခက ပေါင် (၁၅) သန်းနဲ့ အထက်ရှိနေပြီး စပါးကဲ့သို့ အသင်းတစ်သင်းအတွက် အဆိုပါပမာဏကို ပေးချေနိုင်ရန် အခက်အခဲကြုံရဖွယ်ရှိနိုင်ပါတယ်။

ရီးရဲယ်မက်ဒရစ်အသင်းသည် စပါးအသင်းရဲ့ နောက်ထပ်ကြယ်ပွင့် တစ်ဦးဖြစ်သူ အဲရစ်ဆင်ကိုလည်း စိတ်ဝင်စားနေပြီး လာမည့်ဆောင်းရာသီအပြောင်းအရွှေ့၌ပင် ခေါ်ယူနိုင်ရန် ကစားသမားရဲ့  အေးဂျင့်ဖြစ်သူနဲ့  ဆွေးနွေးနေကြောင်းသိရှိရပါတယ်။ အဲရစ်ဆင်ရဲ့ စာချုပ်သက်တမ်းကလည်း လာမည့် (၂၀၂၀) ခုနှစ်၊ ဇွန်လ၌ ကုန်ဆုံးမည်ဖြစ်ရာ လာမည့်နှစ်ဘောလုံးရာသီ၌ စပါးအသင်းရဲ့ ကြယ်ပွင့်ကစားသမား (၂) ယောက်ကို ရီးရဲယ်မက်ဒရစ်အသင်း၌ မြင်တွေ့ရနိုင်ချေရှိနေပါတယ်။

<Unicode Version>

 

Source ~ Sportsmole

#HM(Soshwe)

#SoshweSport

#SoshweForYourDailyLife

#Like&Share

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

twenty + seventeen =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...