HomeSportေရာ္နယ္ဒုိကို ေက်ာ္ျဖတ္ၿပီး စံခ်ိန္သစ္တင္ႏိုင္ခ့ဲသည့္ မက္ဆီ။

ေရာ္နယ္ဒုိကို ေက်ာ္ျဖတ္ၿပီး စံခ်ိန္သစ္တင္ႏိုင္ခ့ဲသည့္ မက္ဆီ။

- Advertisement -

ဘာစီလိုနာအသင္းရဲ႕ အသင္းေခါင္းေဆာင္ မက္ဆီသည္ ဆီဗီလာအသင္းကို ေလးဂုိးျပတ္နဲ႔ အႏုိင္ရရွိခ့ဲသည့္ လာလီဂါအိမ္ကြင္းပြဲစဥ္၌ သူ႔ရဲ႕ ပံုစံအတုိင္း ဖရီးကစ္မွတစ္ဆင့္ အသင္းအတြက္ အႏုိင္ဂိုးတစ္ဂိုးကို သြင္းယူႏုိင္ခ့ဲၿပီးေနာက္ ေရာ္နယ္ဒိုတင္ရွိထားသည့္ စံခ်ိန္မွတ္တမ္းတစ္ခုကို ေက်ာ္ျဖတ္ႏုိင္ခ့ဲေၾကာင္း သိရွိရပါတယ္။

ဂ်ဴဗင္တပ္စ္အသင္းအတြက္ ကစားေပးလ်က္ရွိသည့္ ေရာ္နယ္ဒိုသည္ ဥေရာပရဲ႕ ထိပ္သီးလိဂ္ (၅) ခုအတြင္း သြင္းဂိုး (၄၁၉) ဂိုးနဲ႔ ဂိုးအမ်ားဆံုး သြင္းယူထားသည့္ ကစားသမားတစ္ဦးျဖစ္ခ့ဲေပမယ့္ မက္ဆီရဲ႕ ယခုသြင္းဂိုးက သူ႔အတြက္ လာလီဂါမွာတင္ သြင္းဂုိး (၄၂၀) ေျမာက္ သြင္းဂိုးျဖစ္ခ့ဲပါတယ္။ ဘာစီလိုနာအသင္းသည္ ပထမပိုင္း၌ပင္ သံုးဂိုးျပတ္နဲ႔ ဦးေဆာင္ႏိုင္ခ့ဲၿပီး ပြဲကစားခ်ိန္ (၇၈) မိနစ္၌ မက္ဆီက အသင္းအတြက္ ပြဲသိမ္းအႏုိင္ဂုိးကို သြင္းယူေပးခ့ဲျခင္းျဖစ္ပါတယ္။ ပြဲကစားခ်ိန္ (၈၇) မိနစ္နဲ႔ (၈၈) မိနစ္တို႔၌ ဘာစီလိုနာအသင္းရဲ႕ ကစားသမားမ်ားျဖစ္သည့္ အာရူဂ်ိဳ နဲ႔ ဒမ္ဘီလီတို႔ တိုက္ရိုက္အနီကတ္မ်ားနဲ႔ ဆက္တိုက္ အထုတ္ခံခ့ဲရေပမယ့္ ဘာစီလိုနာအသင္းက ေခ်ပဂိုးျပန္မေပးရေအာင္ ထိန္းကစားႏိုင္ခ့ဲၿပီး အိမ္ကြင္းမွာ  ေပးဂိုးမရွိႏုိင္ပြဲနဲ႔အတူ အမွတ္ေပးဇယားထိပ္ဆံုးက ရီးရဲယ္မက္ဒရစ္အသင္းကို (၂) မွတ္အကြာနဲ႔ ဆက္လက္ဖိအားေပးႏုိင္ခ့ဲပါတယ္။

- Advertisement -

စေနေန႔က ကစားခ့ဲသည့္ပြဲ၌လည္း ရီးရဲယ္မက္ဒရစ္အသင္းက ဂရန္နာဒါအသင္းကို (၃) ဂိုးျပတ္နဲ႔ ဦးေဆာင္ထားၿပီးမွ ေခ်ပဂိုး (၂) ဂိုးျပန္ေပးခ့ဲရျခင္းေၾကာင့္ စိုးရိမ္စရာအေနအထားတစ္ရပ္ကို  ေရာက္ရွိခ့ဲပါေသးတယ္။ ဒါေပမယ့္ အသင္းရဲ႕ ခံစစ္ပိုင္းက အမွားအယြင္းတစ္စံုတစ္ရာမရွိခ့ဲဘဲ ပြဲကစားခ်ိန္ေနာက္ဆံုးမိနစ္၌ လူစားဝင္ ကြင္းလယ္ကစားသမား ဂ်ိမ္းစ္ရိုဒရီဂြက္ဇ္ရဲ႕ ပြဲသိမ္းအႏိုင္ဂုိးေၾကာင့္ ၄-၂ ဂိုးနဲ႔ ျပတ္ျပတ္သားသား အႏုိင္ရရွိကာ အမွတ္ေပးဇယားကို ဦးေဆာင္ႏုိင္ခ့ဲျခင္းျဖစ္ပါတယ္။

- Advertisement -

တစ္ဖက္က ေရာ္နယ္ဒိုရဲ႕ ဂ်ဴဗင္တပ္စ္အသင္းကလည္း အမွတ္ေပးဇယားဦးေဆာင္ခြင့္အတြက္ အေရးပါသည့္ ပြဲစဥ္မွာ အင္တာမီလန္အသင္းကို အေဝးကြင္း၌ပင္ ဒီဘားလား၊ ဟီဂြါအင္တုိ႔ရဲ႕ သြင္းဂိုးမ်ားနဲ႔အတူ ၁-၂ ဂုိးနဲ႔ အႏုိင္ကစားသြားခ့ဲပါတယ္။ ဒီပြဲ၌လည္း ေရာ္နယ္ဒိုအေနနဲ႔ ဂုိးရရွိႏိုင္မယ့္ အခြင့္အေရးမ်ားရရွိခ့ဲေပမယ့္ ဂိုးဘားတန္းထိထြက္ခ့ဲသလို၊ ရရွိခ့ဲသည့္သြင္းဂိုးတစ္ဂိုးကလည္း ျငင္းဆန္ပယ္ခ်ခံခ့ဲရတာေၾကာင့္ သြင္းဂိုးမရရွိခ့ဲျခင္းလည္းျဖစ္ပါတယ္။

- Advertisement -

<Zawgyi Version>

 

Source ~ CNN News

#HM(Soshwe)

#SoshweSport

#SoshweForYourDailyLife

#Like&Share

 

 

ဘာစီလိုနာအသင်းရဲ့ အသင်းခေါင်းဆောင် မက်ဆီသည် ဆီဗီလာအသင်းကို လေးဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့သည့် လာလီဂါအိမ်ကွင်းပွဲစဉ်၌ သူ့ရဲ့ ပုံစံအတိုင်း ဖရီးကစ်မှတစ်ဆင့် အသင်းအတွက် အနိုင်ဂိုးတစ်ဂိုးကို သွင်းယူနိုင်ခဲ့ပြီးနောက် ရော်နယ်ဒိုတင်ရှိထားသည့် စံချိန်မှတ်တမ်းတစ်ခုကို ကျော်ဖြတ်နိုင်ခဲ့ကြောင်း သိရှိရပါတယ်။

ဂျူဗင်တပ်စ်အသင်းအတွက် ကစားပေးလျက်ရှိသည့် ရော်နယ်ဒိုသည် ဥရောပရဲ့ ထိပ်သီးလိဂ် (၅) ခုအတွင်း သွင်းဂိုး (၄၁၉) ဂိုးနဲ့ ဂိုးအများဆုံး သွင်းယူထားသည့် ကစားသမားတစ်ဦးဖြစ်ခဲ့ပေမယ့် မက်ဆီရဲ့ ယခုသွင်းဂိုးက သူ့အတွက် လာလီဂါမှာတင် သွင်းဂိုး (၄၂၀) မြောက် သွင်းဂိုးဖြစ်ခဲ့ပါတယ်။ ဘာစီလိုနာအသင်းသည် ပထမပိုင်း၌ပင် သုံးဂိုးပြတ်နဲ့ ဦးဆောင်နိုင်ခဲ့ပြီး ပွဲကစားချိန် (၇၈) မိနစ်၌ မက်ဆီက အသင်းအတွက် ပွဲသိမ်းအနိုင်ဂိုးကို သွင်းယူပေးခဲ့ခြင်းဖြစ်ပါတယ်။ ပွဲကစားချိန် (၈၇) မိနစ်နဲ့ (၈၈) မိနစ်တို့၌ ဘာစီလိုနာအသင်းရဲ့ ကစားသမားများဖြစ်သည့် အာရူဂျို နဲ့ ဒမ်ဘီလီတို့ တိုက်ရိုက်အနီကတ်များနဲ့ ဆက်တိုက် အထုတ်ခံခဲ့ရပေမယ့် ဘာစီလိုနာအသင်းက ချေပဂိုးပြန်မပေးရအောင် ထိန်းကစားနိုင်ခဲ့ပြီး အိမ်ကွင်းမှာ  ပေးဂိုးမရှိနိုင်ပွဲနဲ့အတူ အမှတ်ပေးဇယားထိပ်ဆုံးက ရီးရဲယ်မက်ဒရစ်အသင်းကို (၂) မှတ်အကွာနဲ့ ဆက်လက်ဖိအားပေးနိုင်ခဲ့ပါတယ်။

စနေနေ့က ကစားခဲ့သည့်ပွဲ၌လည်း ရီးရဲယ်မက်ဒရစ်အသင်းက ဂရန်နာဒါအသင်းကို (၃) ဂိုးပြတ်နဲ့ ဦးဆောင်ထားပြီးမှ ချေပဂိုး (၂) ဂိုးပြန်ပေးခဲ့ရခြင်းကြောင့် စိုးရိမ်စရာအနေအထားတစ်ရပ်ကို  ရောက်ရှိခဲ့ပါသေးတယ်။ ဒါပေမယ့် အသင်းရဲ့ ခံစစ်ပိုင်းက အမှားအယွင်းတစ်စုံတစ်ရာမရှိခဲ့ဘဲ ပွဲကစားချိန်နောက်ဆုံးမိနစ်၌ လူစားဝင် ကွင်းလယ်ကစားသမား ဂျိမ်းစ်ရိုဒရီဂွက်ဇ်ရဲ့ ပွဲသိမ်းအနိုင်ဂိုးကြောင့် ၄-၂ ဂိုးနဲ့ ပြတ်ပြတ်သားသား အနိုင်ရရှိကာ အမှတ်ပေးဇယားကို ဦးဆောင်နိုင်ခဲ့ခြင်းဖြစ်ပါတယ်။

တစ်ဖက်က ရော်နယ်ဒိုရဲ့ ဂျူဗင်တပ်စ်အသင်းကလည်း အမှတ်ပေးဇယားဦးဆောင်ခွင့်အတွက် အရေးပါသည့် ပွဲစဉ်မှာ အင်တာမီလန်အသင်းကို အဝေးကွင်း၌ပင် ဒီဘားလား၊ ဟီဂွါအင်တို့ရဲ့ သွင်းဂိုးများနဲ့အတူ ၁-၂ ဂိုးနဲ့ အနိုင်ကစားသွားခဲ့ပါတယ်။ ဒီပွဲ၌လည်း ရော်နယ်ဒိုအနေနဲ့ ဂိုးရရှိနိုင်မယ့် အခွင့်အရေးများရရှိခဲ့ပေမယ့် ဂိုးဘားတန်းထိထွက်ခဲ့သလို၊ ရရှိခဲ့သည့်သွင်းဂိုးတစ်ဂိုးကလည်း ငြင်းဆန်ပယ်ချခံခဲ့ရတာကြောင့် သွင်းဂိုးမရရှိခဲ့ခြင်းလည်းဖြစ်ပါတယ်။

<Unicode Version>

 

Source ~ CNN News

#HM(Soshwe)

#SoshweSport

#SoshweForYourDailyLife

#Like&Share

- Advertisement -

Must Read