HomeEntertainmentေဝဖန္မႈမ်ားၾကားထဲမွ စံခ်ိန္တင္ႏုိင္ေတာ့မည့္ Joker ဇာတ္ကား။

ေဝဖန္မႈမ်ားၾကားထဲမွ စံခ်ိန္တင္ႏုိင္ေတာ့မည့္ Joker ဇာတ္ကား။

- Advertisement -

ေဝဖန္မႈမ်ားရွိေနသည့္တိုင္ေအာင္ ပရိသတ္မ်ားရဲ႕ အားေပးမႈကို အခိုင္အမာရရွိခ့ဲသည့္ Joker ဇာတ္ကားသည္ Box Office ရဲ႕ စံခ်ိန္ကို ရိုက္ခ်ိဳးႏုိင္ေတာ့မည္ျဖစ္ေၾကာင္း သိရွိရပါတယ္။ အဆုိပါဇာတ္ကားရဲ႕ ဝင္ေငြသည္  ေျမာက္အေမရိကတိုက္၌ ေဒၚလာ (၉၃.၅) သန္း ရရွိေနၿပီး အဆုိပါပမာဏသည္ ၿပီးခ့ဲသည့္ႏွစ္  ေအာက္တိုဘာလက Venom ဇာတ္ကားရရွိခ့ဲသည့္ ဝင္ေငြေဒၚလာသန္း (၈၀) ထက္ ပိုမိုမ်ားျပားသြားခ့ဲပါတယ္။

Joaquin Phoenix က Joker ဇာတ္ေကာင္အျဖစ္ ပါဝင္သရုပ္ေဆာင္ထားသည့္ အဆုိပါဇာတ္ကားသည္ ယခုႏွစ္အတြက္ လူေျပာအမ်ားဆံုးရုပ္ရွင္ဇာတ္ကားျဖစ္ခ့ဲၿပီး FBI အဖြဲ႕အစည္းကလည္း အဆုိပါဇာတ္ကားထဲ၌ ပါဝင္သည့္ ဇာတ္ဝင္ခန္းမ်ားသည္ တရားဥပေဒစိုးမုိးေရးကုိ အေႏွာင့္အယွက္ျဖစ္ေစႏုိင္ေၾကာင္း သတိေပးခ့ဲေပမယ့္ WarnerMedia ကမူ ေဝဖန္မႈမ်ားကို ကာကြယ္ေျပာၾကားသြားခ့ဲေၾကာင္း သိရွိရပါတယ္။

- Advertisement -

Rotten Tomatoes ရဲ႕ ဝက္ဘ္ဆိုက္၌လည္း Joker ဇာတ္ကားအေပၚ Review ေပးမႈက (၆၉) ရာခိုင္ႏႈန္းအထိ ရွိခ့ဲၿပီး Comscore ရဲ႕ Media Analyst တစ္ဦးျဖစ္သူ Paul Dergarabedian ကလည္း “လူေတြရဲ႕ အျငင္းပြါးမႈေတြက ဒီဇာတ္ကားကုိ ပိုမိုေအာင္ျမင္ေစပါတယ္။ အခုဆုိ လူတုိင္းက ဒီဇာတ္ကားအေၾကာင္းကို  ေျပာေနၾကၿပီး မျဖစ္မေနၾကည့္သင့္တ့ဲ ဇာတ္ကားတစ္ကားလို ျဖစ္ေနပါၿပီ။” ဟု မွတ္ခ်က္ေပး  ေျပာၾကားခ့ဲပါတယ္။

- Advertisement -

Cinemascore ၌ B+ အဆင့္ရရွိထားသည့္ Joker ဇာတ္ကားရဲ႕ ေအာင္ျမင္မႈသည္ က်ဆင္းမႈေတြရွိေနသည့္  ေဟာလိဝုဒ္ေလာကအတြက္ သတင္းေကာင္းတစ္ခုျဖစ္ခ့ဲၿပီး Frozen 2 ၊ Jumanji: The Next Level ၊ Cats နဲ႔ Star Wars: The Rise of the Skywalker တုိ႔က့ဲသို႔ နာမည္ႀကီး ဇာတ္ကားမ်ားလည္း လာမယ့္လအနည္းငယ္အတြင္း၌ ထပ္မံထြက္လာရန္ က်န္ရွိေနပါေသးတယ္။

<Zawgyi Version>

 

Source ~ CNN News

#HM(Soshwe)

#SoshweEntertainment

#SoshweForYourDailyLife

#Like&Share

- Advertisement -

 

ဝေဖန်မှုများရှိနေသည့်တိုင်အောင် ပရိသတ်များရဲ့ အားပေးမှုကို အခိုင်အမာရရှိခဲ့သည့် Joker ဇာတ်ကားသည် Box Office ရဲ့ စံချိန်ကို ရိုက်ချိုးနိုင်တော့မည်ဖြစ်ကြောင်း သိရှိရပါတယ်။ အဆိုပါဇာတ်ကားရဲ့ ဝင်ငွေသည်  မြောက်အမေရိကတိုက်၌ ဒေါ်လာ (၃.၅) သန်း ရရှိနေပြီး အဆိုပါပမာဏသည် ပြီးခဲ့သည့်နှစ်  အောက်တိုဘာလက Venom ဇာတ်ကားရရှိခဲ့သည့် ဝင်ငွေဒေါ်လာသန်း (၈၀) ထက် ပိုမိုများပြားသွားခဲ့ပါတယ်။

Joaquin Phoenix က Joker ဇာတ်ကောင်အဖြစ် ပါဝင်သရုပ်ဆောင်ထားသည့် အဆိုပါဇာတ်ကားသည် ယခုနှစ်အတွက် လူပြောအများဆုံးရုပ်ရှင်ဇာတ်ကားဖြစ်ခဲ့ပြီး FBI အဖွဲ့အစည်းကလည်း အဆိုပါဇာတ်ကားထဲ၌ ပါဝင်သည့် ဇာတ်ဝင်ခန်းများသည် တရားဥပဒေစိုးမိုးရေးကို အနှောင့်အယှက်ဖြစ်စေနိုင်ကြောင်း သတိပေးခဲ့ပေမယ့် WarnerMedia ကမူ ဝေဖန်မှုများကို ကာကွယ်ပြောကြားသွားခဲ့ကြောင်း သိရှိရပါတယ်။

Rotten Tomatoes ရဲ့ ဝက်ဘ်ဆိုက်၌လည်း Joker ဇာတ်ကားအပေါ် Review ပေးမှုက (၆၉) ရာခိုင်နှုန်းအထိ ရှိခဲ့ပြီး Comscore ရဲ့ Media Analyst တစ်ဦးဖြစ်သူ Paul Dergarabedian ကလည်း “လူတွေရဲ့ အငြင်းပွါးမှုတွေက ဒီဇာတ်ကားကို ပိုမိုအောင်မြင်စေပါတယ်။ အခုဆို လူတိုင်းက ဒီဇာတ်ကားအကြောင်းကို  ပြောနေကြပြီး မဖြစ်မနေကြည့်သင့်တဲ့ ဇာတ်ကားတစ်ကားလို ဖြစ်နေပါပြီ။” ဟု မှတ်ချက်ပေး  ပြောကြားခဲ့ပါတယ်။

Cinemascore ၌ B+ အဆင့်ရရှိထားသည့် Joker ဇာတ်ကားရဲ့ အောင်မြင်မှုသည် ကျဆင်းမှုတွေရှိနေသည့်  ဟောလိဝုဒ်လောကအတွက် သတင်းကောင်းတစ်ခုဖြစ်ခဲ့ပြီး Frozen 2 ၊ Jumanji: The Next Level ၊ Cats နဲ့ Star Wars: The Rise of the Skywalker တို့ကဲ့သို့ နာမည်ကြီး ဇာတ်ကားများလည်း လာမယ့်လအနည်းငယ်အတွင်း၌ ထပ်မံထွက်လာရန် ကျန်ရှိနေပါသေးတယ်။

<Unicode Version>

 

Source ~ CNN News

#HM(Soshwe)

#SoshweEntertainment

#SoshweForYourDailyLife

#Like&Share

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

twenty + 16 =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...