HomeSportအုိေဇးလ္ရဲ႕ အာဆင္နယ္ကစားသမားဘဝအေျခအေန။

အုိေဇးလ္ရဲ႕ အာဆင္နယ္ကစားသမားဘဝအေျခအေန။

- Advertisement -

ဘုန္းေမာက္အသင္းကို အိမ္ကြင္း၌ တစ္ဂိုးဂိုးမရွိျဖင့္ အႏုိင္ရရွိခ့ဲသည့္ပြဲ၌ အုိေဇးလ္တစ္ေယာက္ အာဆင္နယ္အသင္းရဲ႕ ကစားသမားစာရင္းမွ ထပ္မံခ်န္လွပ္ခံခ့ဲရပါတယ္။ အုိေဇးလ္အေနနဲ႔ အရံခံုေပၚ၌ ထိုင္ခြင့္ပင္မရရွိခ့ဲဘဲ ကစားသမားစာရင္းထဲမွ ခ်န္လွပ္ခံရကာ အုိေဇးလ္ရဲ႕ပရိသတ္မ်ားအတြက္မူ စိတ္ပ်က္စရာျဖစ္ခ့ဲရပါတယ္။ နည္းျပ အူႏုိင္းအမ္မရီက အိုေဇးလ္က့ဲသုိ႔ နံပါတ္ (၁၀) ကစားသမားမ်ား သူ႔ရဲ႕ အနာဂတ္စီမံကိန္း၌ မပါဝင္ေၾကာင္းကို ၿပီးခ့ဲသည့္ရာသီအစ၌ပင္ အရိပ္အျမြက္ေျပာၾကားခဲ့ဖူးၿပီး အိုေဇးလ္အေနနဲ႔ သူအလိုရွိသည့္ ရုပ္ပုိင္းဆုိင္ရာႀကံ႕ခိုင္မႈနဲ႔ စိတ္အားထက္သန္မႈ မရွိေၾကာင္း ယူဆထားပါတယ္။

အုိေဇးလ္အေနနဲ႔ အူႏုိင္းအမ္မရီေရြးခ်ယ္သည့္ အာဆင္နယ္အသင္းရဲ႕ အသင္းေခါင္းေဆာင္ (၅)  ေယာက္စာရင္းထဲ ပါဝင္ခ့ဲဖူးေပမယ့္ ၿပီးခ့ဲသည့္ယူရိုပါလိဂ္ဗိုလ္လုပြဲ၌ ခ်ဲလ္ဆီးအသင္းကို ၄-၁ ဂုိးနဲ႔ ရံႈးနိမ့္ခ့ဲသည့္ပြဲ၌ လူငယ္ကစားသမားေလး ဝဲလ္ေလာ့ခ္နဲ႔ လူစားလဲခံရၿပီးေနာက္ အုိေဇးလ္ရဲ႕ အာဆင္နယ္ကစားသမားဘဝ ၿပီးဆံုးၿပီဟု ပရိသတ္အမ်ားစုက ထင္မွတ္ခ့ဲၾကပါတယ္။ ဒါေပမယ့္ အုိေဇးလ္အေနနဲ႔ လက္ရွိေဘာလံုးရာသီ၌လည္း အသင္း၌ဆက္ရွိေနခ့ဲၿပီး ဝက္ဖို႔ဒ္အသင္းနဲ႔ ႏွစ္ဂိုးစီသေရက်ခ့ဲသည့္ပြဲ၊ ေနာ္တင္ဟမ္ေဖာ္ရက္စ္အသင္းကို ငါးဂုိးျပတ္နဲ႔ အႏုိင္ရရွိခ့ဲသည့္ပြဲတို႔တြင္သာ ပါဝင္ကစားခြင့္ရရွိခ့ဲပါတယ္။

အူဘာမီးယန္း ဦးေဆာင္ေနသည့္ အာဆင္နယ္တိုက္စစ္ပုိင္းက ဆုိးရြားသည့္အေနအထားဟု မဆုိႏုိင္ေပမယ့္ ၿပီးခ့ဲသည့္ရာသီ၌ အုိေဇးလ္ရဲ႕ တစ္ပြဲပ်မ္းမွ် ေဘာလံုးေပးပို႔မႈက (၄၆) ႀကိမ္အထိ ရွိခ့ဲၿပီး တိက်မႈႏႈန္းက (၈၈.၆) ရာခိုင္ႏႈန္းအထိ ရွိခ့ဲပါတယ္။ အဓိကက်သည့္ ေဘာလံုးေပးပုိ႔မႈကလည္း တစ္ပြဲပ်မ္းမွ် (၁.၉) ႀကိမ္အထိ ရွိခ့ဲေပမယ့္ လက္ရွိ ပရီးမီးယားလိဂ္ရာသီအဖြင့္ (၈) ပြဲ ကစားၿပီးခ်ိန္၌ အိုေဇးလ္က့ဲသုိ႔ စြမ္းေဆာင္ထားႏုိင္သည့္ အာဆင္နယ္ကစားသမားတစ္ေယာက္မွ မရွိျခင္းကိုလည္း ျမင္ေတြ႕ေနရပါတယ္။

- Advertisement -

ဒါေပမယ့္ ၿပီးခ့ဲသည့္ ေႏြရာသီအေျပာင္းအေရႊ႕၌ နီကုိးလပ္စ္ပီပီကို ကလပ္စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကးျဖင့္ ေခၚယူခ့ဲျခင္း၊ လူငယ္ကစားသမားေလး ဆာကာကုိ ပိုမိုေနရာေပးလာျခင္းတို႔က အာဆင္နယ္အသင္း၌ အုိေဇးလ္ရဲ႕ အခန္းက႑ကို ရပ္တန္႔သြားေအာင္ အူႏုိင္းအမ္မရီ လုပ္ေဆာင္ေနၿပီလားဆိုတ့ဲ  ေမးခြန္းေတြကလည္း ထြက္ေပၚလာခ့ဲပါတယ္။ အာဆင္နယ္အသင္းရဲ႕ လက္ရွိတုိက္စစ္ပုိင္းသည္  ေရာ္ဘင္ဗန္ပါစီထြက္သြားခ့ဲသည့္ (၂၀၁၂) ခုႏွစ္ေနာက္ပုိင္း အေကာင္းဆံုးစုဖြဲ႕မႈတစ္ခုျဖစ္ေနၿပီး ဂ်ီရူး၊ ဝဲလ္ေကာ့၊ ဆာႏိုဂို၊ ပိုေဒါစကီးတုိ႔လုိ တိုက္စစ္မွဴးေတြကို အေကာင္းဆံုး ဖန္တီးမႈေတြ ျပဳလုပ္ေပးႏိုင္ခ့ဲသည့္ အုိေဇးလ္တစ္ေယာက္ လက္ရွိအသင္းရဲ႕ တုိက္စစ္ပိုင္းနဲ႔ ပူးေပါင္းခြင့္မရရွိျခင္းက ရင္နာစရာကိစၥတစ္ခုလုိ႔ ဆုိႏုိင္ပါတယ္။

- Advertisement -

ဒါေပမယ့္ အာဆင္နယ္အသင္းရဲ႕ ေက်ာနံပါတ္ (၁၀) ေနရာကမူ အုိေဇးလ္တစ္ေယာက္တည္းအတြက္ပင္ ျဖစ္သင့္ၿပီး အုိေဇးလ္အေနနဲ႔ ပြဲထြက္ကစားခြင့္မရသည့္တိုင္ အနည္းဆံုး အရံကစားသမားစာရင္း၌ ပါဝင္ခြင့္ရရွိသင့္ပါတယ္။

<Zawgyi Version>

 

Source ~ FourFourTwo

#HM(1209Soshwe)

#SoshweSports

#SoshweForYourDailyLife

#Like&Share

- Advertisement -

 

ဘုန်းမောက်အသင်းကို အိမ်ကွင်း၌ တစ်ဂိုးဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည့်ပွဲ၌ အိုဇေးလ်တစ်ယောက် အာဆင်နယ်အသင်းရဲ့ ကစားသမားစာရင်းမှ ထပ်မံချန်လှပ်ခံခဲ့ရပါတယ်။ အိုဇေးလ်အနေနဲ့ အရံခုံပေါ်၌ ထိုင်ခွင့်ပင်မရရှိခဲ့ဘဲ ကစားသမားစာရင်းထဲမှ ချန်လှပ်ခံရကာ အိုဇေးလ်ရဲ့ပရိသတ်များအတွက်မူ စိတ်ပျက်စရာဖြစ်ခဲ့ရပါတယ်။ နည်းပြ အူနိုင်းအမ်မရီက အိုဇေးလ်ကဲ့သို့ နံပါတ် (၁၀) ကစားသမားများ သူ့ရဲ့ အနာဂတ်စီမံကိန်း၌ မပါဝင်ကြောင်းကို ပြီးခဲ့သည့်ရာသီအစ၌ပင် အရိပ်အမြွက်ပြောကြားခဲ့ဖူးပြီး အိုဇေးလ်အနေနဲ့ သူအလိုရှိသည့် ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုနဲ့ စိတ်အားထက်သန်မှု မရှိကြောင်း ယူဆထားပါတယ်။

အိုဇေးလ်အနေနဲ့ အူနိုင်းအမ်မရီရွေးချယ်သည့် အာဆင်နယ်အသင်းရဲ့ အသင်းခေါင်းဆောင် (၅)  ယောက်စာရင်းထဲ ပါဝင်ခဲ့ဖူးပေမယ့် ပြီးခဲ့သည့်ယူရိုပါလိဂ်ဗိုလ်လုပွဲ၌ ချဲလ်ဆီးအသင်းကို ၄-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့သည့်ပွဲ၌ လူငယ်ကစားသမားလေး ဝဲလ်လော့ခ်နဲ့ လူစားလဲခံရပြီးနောက် အိုဇေးလ်ရဲ့ အာဆင်နယ်ကစားသမားဘဝ ပြီးဆုံးပြီဟု ပရိသတ်အများစုက ထင်မှတ်ခဲ့ကြပါတယ်။ ဒါပေမယ့် အိုဇေးလ်အနေနဲ့ လက်ရှိဘောလုံးရာသီ၌လည်း အသင်း၌ဆက်ရှိနေခဲ့ပြီး ဝက်ဖို့ဒ်အသင်းနဲ့ နှစ်ဂိုးစီသရေကျခဲ့သည့်ပွဲ၊ နော်တင်ဟမ်ဖော်ရက်စ်အသင်းကို ငါးဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့သည့်ပွဲတို့တွင်သာ ပါဝင်ကစားခွင့်ရရှိခဲ့ပါတယ်။

အူဘာမီးယန်း ဦးဆောင်နေသည့် အာဆင်နယ်တိုက်စစ်ပိုင်းက ဆိုးရွားသည့်အနေအထားဟု မဆိုနိုင်ပေမယ့် ပြီးခဲ့သည့်ရာသီ၌ အိုဇေးလ်ရဲ့ တစ်ပွဲပျမ်းမျှ ဘောလုံးပေးပို့မှုက (၄၆) ကြိမ်အထိ ရှိခဲ့ပြီး တိကျမှုနှုန်းက (၈၈.၆) ရာခိုင်နှုန်းအထိ ရှိခဲ့ပါတယ်။ အဓိကကျသည့် ဘောလုံးပေးပို့မှုကလည်း တစ်ပွဲပျမ်းမျှ (၁.၉) ကြိမ်အထိ ရှိခဲ့ပေမယ့် လက်ရှိ ပရီးမီးယားလိဂ်ရာသီအဖွင့် (၈) ပွဲ ကစားပြီးချိန်၌ အိုဇေးလ်ကဲ့သို့ စွမ်းဆောင်ထားနိုင်သည့် အာဆင်နယ်ကစားသမားတစ်ယောက်မှ မရှိခြင်းကိုလည်း မြင်တွေ့နေရပါတယ်။

ဒါပေမယ့် ပြီးခဲ့သည့် နွေရာသီအပြောင်းအရွှေ့၌ နီကိုးလပ်စ်ပီပီကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူခဲ့ခြင်း၊ လူငယ်ကစားသမားလေး ဆာကာကို ပိုမိုနေရာပေးလာခြင်းတို့က အာဆင်နယ်အသင်း၌ အိုဇေးလ်ရဲ့ အခန်းကဏ္ဍကို ရပ်တန့်သွားအောင် အူနိုင်းအမ်မရီ လုပ်ဆောင်နေပြီလားဆိုတဲ့  မေးခွန်းတွေကလည်း ထွက်ပေါ်လာခဲ့ပါတယ်။ အာဆင်နယ်အသင်းရဲ့ လက်ရှိတိုက်စစ်ပိုင်းသည်  ရော်ဘင်ဗန်ပါစီထွက်သွားခဲ့သည့် (၂၀၁၂) ခုနှစ်နောက်ပိုင်း အကောင်းဆုံးစုဖွဲ့မှုတစ်ခုဖြစ်နေပြီး ဂျီရူး၊ ဝဲလ်ကော့၊ ဆာနိုဂို၊ ပိုဒေါစကီးတို့လို တိုက်စစ်မှူးတွေကို အကောင်းဆုံး ဖန်တီးမှုတွေ ပြုလုပ်ပေးနိုင်ခဲ့သည့် အိုဇေးလ်တစ်ယောက် လက်ရှိအသင်းရဲ့ တိုက်စစ်ပိုင်းနဲ့ ပူးပေါင်းခွင့်မရရှိခြင်းက ရင်နာစရာကိစ္စတစ်ခုလို့ ဆိုနိုင်ပါတယ်။

ဒါပေမယ့် အာဆင်နယ်အသင်းရဲ့ ကျောနံပါတ် (၁၀) နေရာကမူ အိုဇေးလ်တစ်ယောက်တည်းအတွက်ပင် ဖြစ်သင့်ပြီး အိုဇေးလ်အနေနဲ့ ပွဲထွက်ကစားခွင့်မရသည့်တိုင် အနည်းဆုံး အရံကစားသမားစာရင်း၌ ပါဝင်ခွင့်ရရှိသင့်ပါတယ်။

<Unicode Version>

 

Source ~ FourFourTwo

#HM(Soshwe)

#SoshweSports

#SoshweForYourDailyLife

#Like&Share

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

twenty + 12 =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...