HomeLifeStyle(၂၀၁၉) ခုႏွစ္အတြက္ ေဆးပညာႏုိဘယ္လ္ဆုကို ရရွိသြားသူမ်ား။

(၂၀၁၉) ခုႏွစ္အတြက္ ေဆးပညာႏုိဘယ္လ္ဆုကို ရရွိသြားသူမ်ား။

- Advertisement -

(၂၀၁၉) ခုႏွစ္ရဲ႕ ေဆးပညာႏိုဘယ္လ္ဆုကို William Kaelin Jr., Sir Peter Ratcliffe နဲ႔ Gregg Semenza တို႔က ပူးတြဲဆြတ္ခူး ရရွိခ့ဲတယ္လို႔ သိရွိရပါတယ္။ အဆိုပါ (၃) ေယာက္သည္  ေအာက္စီဂ်င္ပမာဏအေပၚမူတည္ၿပီး လူ႔ခႏၶာကိုယ္ရွိဆဲလ္မ်ားရဲ႕ တံု႔ျပန္မႈအေပၚ ရွာေဖြဆန္းစစ္ျခင္းျဖင့္ ယခုက့ဲသို႔ ႏုိဘယ္လ္ဆုကို ဆြတ္ခူးရရွိခ့ဲျခင္းျဖစ္ပါတယ္။ တနလာၤေန႔က ဆြီဒင္ႏုိင္ငံ၊ စေတာ့ဟုမ္းၿမိဳ႕၌ က်င္းပျပဳလုပ္သည့္ အဆိုပါဆုေပးပြဲ၌ ဆုခ်ီးျမွင့္ေရးအဖြဲ႕က “သူတုိ႔ သံုးေယာက္ရဲ႕ နည္းဗ်ဴဟာအသစ္ေတြက  ေသြးအားနည္းေရာဂါ၊ ကင္ဆာေရာဂါနဲ႔ အျခားေသာ ေရာဂါမ်ိဳးစံုကို တုိက္ထုတ္ကာကြယ္ႏုိင္ပါတယ္။” ဟု ထုတ္ျပန္ေၾကညာခ့ဲပါတယ္။

ဆုခ်ီးျမွင့္ေရးေကာ္မတီအဖြဲ႕မွ အဖြဲဲ႕ဝင္တစ္ဦးျဖစ္သူ Randall Johnson ကလည္း “ဒီအရာေတြက ဇီဝေဗဒေက်ာင္းသားေတြအေနနဲ႔ သူတုိ႔အသက္ (၁၂) ႏွစ္ (၁၃) ႏွစ္အရြယ္ကတည္းက သိထားသင့္တ့ဲ အခ်က္ေတြျဖစ္ၿပီး ဆဲလ္ေတြ ဘယ္လုိအလုပ္လုပ္သလဲဆုိတာကုိ အ့ဲဒီအခ်ိန္ကတည္းက ေလ့လာသင့္ပါတယ္။ သူတုိ႔ရွာေဖြခ့ဲတ့ဲအရာေတြက ဆဲလ္ေတြ ဘယ္လုိအလုပ္လုပ္သလဲဆုိတာရဲ႕ အေျခခံအခ်က္အလက္ေတြျဖစ္ၿပီး အရမ္းကို စိတ္လႈပ္ရွားစရာေကာင္းတ့ဲအရာေတြပါ။” ဟု ေျပာၾကားသြားပါတယ္။

ယခုက့ဲသို႔ ႏုိဘယ္လ္ဆုကို ရရွိခ့ဲသည့္ သိပၸံပညာရွင္ (၃) ေယာက္သည္ ဆဲလ္မ်ားရဲ႕ အလုပ္လုပ္ပံုနဲ႔  ေအာက္စီဂ်င္ပမာ​ဏအေပၚ မူတည္ၿပီး ေျပာင္းလဲမႈမ်ားကို ဆယ္စုႏွစ္ (၂) ခုေက်ာ္ၾကာေအာင္  ေလ့လာခ့ဲၾကပါတယ္။ နယူးေယာ့ခ္ၿမိဳ႕ဖြား Kaelin သည္ ေဘာ့စတြန္ၿမိဳ႕ရွိ Dana- Farber Cancer Institute ရွိ သူ႔ရဲ႕ ကုိယ္ပုိင္ဓာတ္ခြဲခန္းထဲ၌ အဆုိပါရွာေဖြစမ္းသပ္မႈကုိ စတင္ျပဳလုပ္ခ့ဲျခင္းျဖစ္ၿပီး (၂၀၀၂) ခုႏွစ္၌ ဟားဗက္ေဆးေက်ာင္း၌ အခ်ိန္ျပည့္ပါေမာကၡအျဖစ္ စတင္တာဝန္ထမ္းေဆာင္ခ့ဲပါတယ္။

- Advertisement -

နယူးေယာ့့ခ္ၿမိဳ႕ဖြားတစ္ဦးပင္ျဖစ္သူ Semenza သည္လည္း (၁၉၉၉) ခုႏွစ္မွစတင္ၿပီး Johns Hopkins တကၠသိုလ္ရဲ႕ အခ်ိန္ျပည့္ပါေမာကၡတစ္ဦးအျဖစ္စတင္တာဝန္ထမ္းေဆာင္ခ့ဲပါတယ္။ အ့ဲဒီေနာက္ (၂၀၀၃) ခုႏွစ္၌ Cell Engineering အတြက္ Vascular Research Program ရဲ႕ ဒါရိုက္တာျဖစ္လာခ့ဲပါတယ္။

- Advertisement -

ေနာက္ထပ္တစ္ဦးျဖစ္သူ Ratcliffe သည္လည္း အဂၤလန္ႏုိင္ငံ၊ လန္ကက္ရိႈင္းယားေဒသ၌ ေမြးဖြားခ့ဲသူျဖစ္ၿပီး Cambridge တကၠသိုလ္၌ ေဆးပညာကို သင္ယူခ့ဲပါတယ္။ Nobleprize. Org နဲ႔ ေတြ႕ဆံုရာ၌လည္း Ratcliffe က “ရွာေဖြေတြ႕ရွိမႈအားလံုး အၿပီးသတ္သေလာက္ျဖစ္သြားမွ ဒီအရာေတြကို ေနာက္ပိုင္း ေသခ်ာထုတ္ျပသြားမွာပါ။ ကြ်န္ေတာ္တို႔ ဒါကို စစလုပ္ခ်င္းတုန္းက ဒီေလာက္အထိ ခရီးေရာက္လာလိမ့္မယ္လို႔ မျမင္ခ့ဲပါဘူး။” ဟု ေျပာၾကားခ့ဲသလို ႏုိဘယ္လ္ဆုရရွိခ့ဲျခင္းနဲ႔ ပတ္သက္လို႔လည္း “အရမ္းကို စိတ္ေက်နပ္မိပါတယ္။ ဒါေပမယ့္ လူသိမ်ားေက်ာ္ၾကားလာႏုိင္တာကိုေတာ့ ကြ်န္ေတာ္သိပ္ၿပီး ပီတိမျဖစ္ပါဘူး။ ဒါေပမယ့္ ဒါကကြ်န္ေတာ့္တာဝန္ျဖစ္ၿပီး ဒါကိုၿပီးေျမာက္ေအာင္လုပ္ႏုိင္ဖို႔ အမ်ားႀကီးေမွ်ာ္လင့္ထားပါတယ္။” ဟုလည္း Ratcliffe က ေျပာၾကားသြားခ့ဲေၾကာင္း သိရွိရပါတယ္။ အဆုိပါ သိပၸံပညာရွင္ (၃) ေယာက္သည္ ယခုက့ဲသို႔ ႏုိဘယ္လ္ဆုကို ဆြတ္ခူးႏုိင္ခ့ဲျခင္းေၾကာင့္ ေဒၚလာ (၉၀၇,၀၀၀) အထိ ရရွိမွာျဖစ္ပါတယ္။

<Zawgyi Version>

 

Source ~ CNN News

#HM(Soshwe)

#SoshweNews

#SoshweForYourDailyLife

#Like&Share

- Advertisement -

 

(၂၀၁၉) ခုနှစ်ရဲ့ ဆေးပညာနိုဘယ်လ်ဆုကို William Kaelin Jr., Sir Peter Ratcliffe နဲ့ Gregg Semenza တို့က ပူးတွဲဆွတ်ခူး ရရှိခဲ့တယ်လို့ သိရှိရပါတယ်။ အဆိုပါ (၃) ယောက်သည်  အောက်စီဂျင်ပမာဏအပေါ်မူတည်ပြီး လူ့ခန္ဓာကိုယ်ရှိဆဲလ်များရဲ့ တုံ့ပြန်မှုအပေါ် ရှာဖွေဆန်းစစ်ခြင်းဖြင့် ယခုကဲ့သို့ နိုဘယ်လ်ဆုကို ဆွတ်ခူးရရှိခဲ့ခြင်းဖြစ်ပါတယ်။ တနလာင်္နေ့က ဆွီဒင်နိုင်ငံ၊ စတော့ဟုမ်းမြို့၌ ကျင်းပပြုလုပ်သည့် အဆိုပါဆုပေးပွဲ၌ ဆုချီးမြှင့်ရေးအဖွဲ့က “သူတို့ သုံးယောက်ရဲ့ နည်းဗျူဟာအသစ်တွေက  သွေးအားနည်းရောဂါ၊ ကင်ဆာရောဂါနဲ့ အခြားသော ရောဂါမျိုးစုံကို တိုက်ထုတ်ကာကွယ်နိုင်ပါတယ်။” ဟု ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ဆုချီးမြှင့်ရေးကော်မတီအဖွဲ့မှ အဖွဲဲ့ဝင်တစ်ဦးဖြစ်သူ Randall Johnson ကလည်း “ဒီအရာတွေက ဇီဝဗေဒကျောင်းသားတွေအနေနဲ့ သူတို့အသက် (၁၂) နှစ် (၁၃) နှစ်အရွယ်ကတည်းက သိထားသင့်တဲ့ အချက်တွေဖြစ်ပြီး ဆဲလ်တွေ ဘယ်လိုအလုပ်လုပ်သလဲဆိုတာကို အဲ့ဒီအချိန်ကတည်းက လေ့လာသင့်ပါတယ်။ သူတို့ရှာဖွေခဲ့တဲ့အရာတွေက ဆဲလ်တွေ ဘယ်လိုအလုပ်လုပ်သလဲဆိုတာရဲ့ အခြေခံအချက်အလက်တွေဖြစ်ပြီး အရမ်းကို စိတ်လှုပ်ရှားစရာကောင်းတဲ့အရာတွေပါ။” ဟု ပြောကြားသွားပါတယ်။

ယခုကဲ့သို့ နိုဘယ်လ်ဆုကို ရရှိခဲ့သည့် သိပ္ပံပညာရှင် (၃) ယောက်သည် ဆဲလ်များရဲ့ အလုပ်လုပ်ပုံနဲ့  အောက်စီဂျင်ပမာဏအပေါ် မူတည်ပြီး ပြောင်းလဲမှုများကို ဆယ်စုနှစ် (၂) ခုကျော်ကြာအောင်  လေ့လာခဲ့ကြပါတယ်။ နယူးယော့ခ်မြို့ဖွား Kaelin သည် ဘော့စတွန်မြို့ရှိ Dana- Farber Cancer Institute ရှိ သူ့ရဲ့ ကိုယ်ပိုင်ဓာတ်ခွဲခန်းထဲ၌ အဆိုပါရှာဖွေစမ်းသပ်မှုကို စတင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး (၂၀၀၂) ခုနှစ်၌ ဟားဗက်ဆေးကျောင်း၌ အချိန်ပြည့်ပါမောက္ခအဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

နယူးယော့့ခ်မြို့ဖွားတစ်ဦးပင်ဖြစ်သူ Semenza သည်လည်း (၁၉၉၉) ခုနှစ်မှစတင်ပြီး Johns Hopkins တက္ကသိုလ်ရဲ့ အချိန်ပြည့်ပါမောက္ခတစ်ဦးအဖြစ်စတင်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ အဲ့ဒီနောက် (၂၀၀၃) ခုနှစ်၌ Cell Engineering အတွက် Vascular Research Program ရဲ့ ဒါရိုက်တာဖြစ်လာခဲ့ပါတယ်။

နောက်ထပ်တစ်ဦးဖြစ်သူ Ratcliffe သည်လည်း အင်္ဂလန်နိုင်ငံ၊ လန်ကက်ရှိုင်းယားဒေသ၌ မွေးဖွားခဲ့သူဖြစ်ပြီး Cambridge တက္ကသိုလ်၌ ဆေးပညာကို သင်ယူခဲ့ပါတယ်။ Nobleprize. Org နဲ့ တွေ့ဆုံရာ၌လည်း Ratcliffe က “ရှာဖွေတွေ့ရှိမှုအားလုံး အပြီးသတ်သလောက်ဖြစ်သွားမှ ဒီအရာတွေကို နောက်ပိုင်း သေချာထုတ်ပြသွားမှာပါ။ ကျွန်တော်တို့ ဒါကို စစလုပ်ချင်းတုန်းက ဒီလောက်အထိ ခရီးရောက်လာလိမ့်မယ်လို့ မမြင်ခဲ့ပါဘူး။” ဟု ပြောကြားခဲ့သလို နိုဘယ်လ်ဆုရရှိခဲ့ခြင်းနဲ့ ပတ်သက်လို့လည်း “အရမ်းကို စိတ်ကျေနပ်မိပါတယ်။ ဒါပေမယ့် လူသိများကျော်ကြားလာနိုင်တာကိုတော့ ကျွန်တော်သိပ်ပြီး ပီတိမဖြစ်ပါဘူး။ ဒါပေမယ့် ဒါကကျွန်တော့်တာဝန်ဖြစ်ပြီး ဒါကိုပြီးမြောက်အောင်လုပ်နိုင်ဖို့ အများကြီးမျှော်လင့်ထားပါတယ်။” ဟုလည်း Ratcliffe က ပြောကြားသွားခဲ့ကြောင်း သိရှိရပါတယ်။ အဆိုပါ သိပ္ပံပညာရှင် (1209၃) ယောက်သည် ယခုကဲ့သို့ နိုဘယ်လ်ဆုကို ဆွတ်ခူးနိုင်ခဲ့ခြင်းကြောင့် ဒေါ်လာ (၉၀၇,၀၀၀) အထိ ရရှိမှာဖြစ်ပါတယ်။

<Unicode Version>

 

Source ~ CNN News

#HM(Soshwe)

#SoshweNews

#SoshweForYourDailyLife

#Like&Share

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

4 × 4 =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...