HomeSportဆိုးလ်ရှားရဲ့ အရည်အချင်းကို မေးခွန်းထုတ်ဝေဖန်လိုက်သည့် ဗန်ပါစီ။
ဆိုးလ်ရှားရဲ့ အရည်အချင်းကို မေးခွန်းထုတ်ဝေဖန်လိုက်သည့် ဗန်ပါစီ။
- Advertisement -
- Advertisement -
- Advertisement -
<Zawgyi Version>
Source ~ FourFourTwo
#HM(Soshwe)
#SoshweSport
#Like&Share
- Advertisement -
ယူနိုက်တက်အသင်းရဲ့ တိုက်စစ်မှူးဟောင်းကြီး ဗန်ပါစီက အသင်းရဲ့ လက်ရှိနည်းပြ ဆိုးလ်ရှားရဲ့ အရည်အချင်းအပေါ် ဝေဖန်ပြောကြားသွားခဲ့ကြောင်း သိရှိရပါတယ်။ တနင်္ဂနွေနေ့ညက နယူးကာဆယ်အသင်းကို ရှုံးနိမ့့်ခဲ့သည့်ပွဲအပြီး၌ ယူနို်က်တက်အသင်းအနေနဲ့ အဆင့် (၁၂) နေရာအထိ   ရောက်ရှိသွားခဲ့ကာ လီဗာပူးနဲ့ ကစားမည့် ပရီးမီးယားလိဂ်ပွဲစဉ်၌ ထပ်မံရှုံးနိမ့်ခဲ့ပါက တန်းဆင်းဇုန်းအတွင်း ကျရောက်သွားနိုင်သည်အထိ အခြေအနေဆိုးနေပြီဖြစ်ပါတယ်။
နယူးကာဆယ်အသင်းကို ရှုံးနိမ့်ခဲ့သည့်ပွဲအပြီး၌ ဆိုးလ်ရှားက “ကစားသမားတွေက ခေါင်းငိုက်စိုက်ကျနေပါပြီ။” ဟု ပြောကြားခဲ့ပြီး အဆိုပါပြောစကားအပေါ် ဗန်ပါစီက တုံ့ပြန်ပြောကြားလာခဲ့ခြင်းဖြစ်ပါတယ်။ ဗန်ပါစီက “ကစားသမားတစ်ယောက်အနေနဲ့ ဒါဘာကိုပြောတာလဲ။ သူပြောတဲ့စကားက ဘာအဓိပ္ပါယ်လဲ။ နည်းပြတစ်ယောက်အနေနဲ့ ခင်ဗျားအသင်းက ယုံကြည်မှုလျော့ကျနေပြီဆိုရင် သူတို့ကို စိတ်ဓာတ်မြှင့်တင်ပေးဖို့ လိုအပ်ပါတယ်။ နောက်ပြီး အရမ်းကို ယုံကြည်မှုလွန်ကဲနေပြီဆိုရင်လည်း သူတို့ကို သာမန်ယုံကြည်မှုလောက်ပဲ ထားနိုင်အောင် ထိန်းညှိပေးနိုင်ဖို့ လိုအပ်ပါတယ်။”
“လက်ရှိအခြေအနေကို ကြည့်မယ်၊ ပွဲအပြီး သူ့ရဲ့ အင်တာဗျူးကို ကြည့်မယ်၊ ကျွန်တော်မြင်ခဲ့တာကို  ပြောမယ်ဆိုရင် ဆိုးလ်ရှားအနေနဲ့ သူ့အသင်းကို ဘာလုပ်ပေးရမယ်မှန်း မသိပါဘူး။” ဟု ဝေဖန်ပြောကြားသွားခဲ့ပါတယ်။ ဒါ့အပြင် ယူနိုက်တက်အသင်းရဲ့ အခြားသော ဂန္တဝင်ကစားသမားဟောင်းတစ်ဦးဖြစ်သူ ရိုင်ယန်ဂစ်ကလည်း ယူနိုက်တက်အသင်းအနေနဲ့ နောက်ထပ် ကစားသမားသစ် (၅) ယောက်လောက်အထိ ခေါ်ယူရန်လိုအပ်ကြောင်း ထောက်ပြပြောကြားသွားခဲ့ပါတယ်။
နယူးကာဆယ်အသင်းကို ရှုံးနိမ့်ပြီးနောက် ဆိုးလ်ရှားရဲ့ ယူနိုက်တက်နည်းပြ အနာဂတ်က အတော်လေး လှုပ်ခတ်လာခဲ့ပြီး ရာထူးကအထုတ်ခံရမည့် နည်းပြများစာရင်းထဲ၌ ထိပ်ဆုံးနေရာသို့ ရောက်ရှိလာကြောင်း သိရှိရပါတယ်။ နိုင်ငံတကာပွဲစဉ်များအပြီး ကစားမည့် လီဗာပူးအသင်းကလည်း လက်ရှိအချိန်၌ ပုံစံကောင်းများပြသနေပြီး ရာနှုန်းပြည့်နိုင်ပွဲနဲ့အတူ အမှတ်ပေးဇယားကို ဦးဆောင်ထားသည့် အသင်းတစ်သင်းဖြစ်ပါတယ်။ ပြီးခဲ့သည့်နှစ်ကလည်း နည်းပြမော်ရင်ဟိုတစ်ယောက် ယူနိုက်တက်အသင်းနဲ့အတူ လီဗာပူးအသင်းကို ရှုံးနိမ့်ခဲ့သည့်ပွဲအပြီးမှာပင် ရာထူးက အထုတ်ပယ်ခံခဲ့ရကာ လက်ရှိအချိန်၌လည်း နည်းပြဆိုးလ်ရှားတစ်ယောက် မော်ရင်ဟိုနဲ့ တစ်ထပ်တည်းကျနေသည့် ကံကြမ္မာဆိုးကြီးကို ထပ်မံရင်ဆိုင်ရဖွယ်ရှိနေပါတယ်။
<Unicode Version>
Source ~ FourFourTwo
#HM(Soshwe)
#SoshweSport
#SoshweForYourDailyLife
#Like&Share
- Advertisement -
LEAVE A REPLY
Please enter your comment!
Please enter your name here
17 + one =
Must Read
အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။
အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...