HomeHealth & BeautyTravis Scott နဲ့ ပြတ်ပြီးနောက် ရည်းစားဟောင်းဆီ သွားရောက်လည်ပတ်ခဲ့တဲ့ Kyllie Jenner

Travis Scott နဲ့ ပြတ်ပြီးနောက် ရည်းစားဟောင်းဆီ သွားရောက်လည်ပတ်ခဲ့တဲ့ Kyllie Jenner

- Advertisement -



- Advertisement -


- Advertisement -


- Advertisement -


<Zawgyi Version>

 

Source ~ US Magazine

#SY(Soshwe)

#SoshweCelebrity


#Like&Share

 

 

US Weekly သတင်းဌာနက Kylier Jenner နဲ့ Trvist Scott တို့ တရားဝင်လမ်းခွဲပြီးပြီဖြစ်ကြောင်း ကြေငြာလိုက်ပြီးနာရီပိုင်းအကြာမှာပဲ Kylie က လော့စ်အိန်ဂျလိစ်မှာရှိတဲ့ ရည်းစားဟောင်း Tyga ရဲ့ သီချင်းအသံသွင်းစတူဒီယိုကို သွားရောက်လည်ပတ်ခဲ့ပါတယ်။

The Daily Mail သတင်းဌာနရဲ့ ပြောကြားချက်အရတော့ Kylie Cosmeti ပိုင်ရှင် အသက် ၂၂ နှစ်အရွယ် Kylie Jenner ကို အောက်တိုဘာ ၁ ရက်နေ့တွင် Kylie ရဲ့ သူငယ်ချင်းနှစ်ယောက်ဖြစ်တဲ့ Anastasia Stassi Karanikolaou နဲ့ Kelsey Calemine  တို့နဲ့အတူ Delilah ကလပ်မှာ မနက် ၂နာရီလောက်အထိ အတူရှိနေခဲ့တယ်ဆိုပြီး သိရှိရပါတယ်။ အဲ့ဒီနောက်မှာတော့ Kylie က သူ့ရဲ့သူငယ်ချင်းနှစ်ယောက်ကို Tyga  သီချင်းအသံသွင်းနေတဲ့ Sunset Marquis ဟိုတယ်သို့ လိုက်ပို့ခဲ့ပေးပြီးနောက် သူ့ရဲ့အပြာရောင် Rolls Royce လေးစီးကာ တစ်ကိုယ်တည်း ထွက်သွားခဲ့ပါတယ်။

မနက်၃နာရီမှာတော့ Tyga ကို Kylie သူငယ်ချင်း Karanikolaou နဲ့ Calemine တို့နဲ့အတူ ဟိုတယ်ထဲက ထွက်လာတာကိုတွေ့မြင်ရပါတယ်။ သို့သော်လည်း Kylie ကို Sunset Marquis ဟိုတယ်ရဲ့ တခြားထွက်ပေါက်တစ်ခုကနေ ထွက်သွားကြောင်း မြင်လိုက်တဲ့သူရှိတဲ့အတွက်လည်း Kylie က Travis Scott နဲ့ ပြတ်ပြီးတဲ့နောက်မှာ ရည်းစားဟောင်း Tyga နဲ့ ပြန်လည်တွေ့ဆုံတယ်ဆိုတဲ့ သတင်းမျိုး ထွက်လာခဲ့တာပဲဖြစ်ပါတယ်။

Kylie  နဲ့ Tyga တို့နှစ်ဦးဟာ ၂၀၁၅ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အထိ တွဲခဲ့ကြသော်လည်း ချစ်သူသက်တမ်း ၂ နှစ်မှာ တွဲလိုက်ပြတ်လိုက်ဖြစ်နေတာပဲဖြစ်ပါတယ်။ သြဂုတ်လတုန်းက Kylie နဲ့ Tyga တို့နှစ်ဦးဟာ လတ်စ်ဗီးဂတ်စ်က ကလပ်တစ်ခုမှာ သီချင်းတွေအတူတူဆိုခဲ့ကြတယ်လို့လည်း သိရှိရပါတယ်။

Kylie ရော Tyga ရော နှစ်ဦးလုံးက တစ်ယောက်အပေါ်တစ်ယောက် မတွယ်တာပေမယ့် သူငယ်ချင်းဖြစ်နေသေးတဲ့သဘောပါပဲ။ Kylier Jenner နဲ့ Trvist Scott တို့နှစ်ဦးဟာလည်း ၂နှစ်မျှတွဲခဲ့ကြပြီး ချစ်သူဆက်ဆံရေးကြားမှာ အဖုအထစ်လေးတွေရှိတာကြောင့် နှစ်ဦးသဘောတူ ခြေတစ်လှမ်းနောက်ဆုတ်လိုက်ကြခြင်းဖြစ်တဲ့အတွက် အနာဂါတ်မှာ သူတို့နှစ်ဦးကို အတူတူပြန်တွေ့ရင်လည်း  တွေ့ရနိုင်ပါတယ်။

<Unicode Version>

 

Source ~ US Magazine

#SY(1209Soshwe)

#SoshweCelebrity

#SoshweForYourDailyLife

#Like&Share

- Advertisement -

Must Read