HomeEntertainmentလမ်းခွဲလိုက်ကြပြီဖြစ်တဲ့ Kylie Jenner နဲ့ Travis Scott

လမ်းခွဲလိုက်ကြပြီဖြစ်တဲ့ Kylie Jenner နဲ့ Travis Scott

- Advertisement -




- Advertisement -


- Advertisement -

<Zawgyi Version>

 

Source ~ Marieclaire

#SY(Soshwe)

#SoshweCelebrity


#Like&Share

 

- Advertisement -

မကြာသေးခင်ကမှ ကျင်းပပြီးစီးသွားတဲ့ Justin Bieber နဲ့ Hailey Baldwin တို့ရဲ့ လက်ထက်ထိမ်းမြားပွဲမှာ Kylie Jenner နဲ့ Travis Scott တို့ကို အတူတူမတွေ့ရခြင်းကတော့ ယခုလက်ရှိအချိန်မှာတော့ သူတို့နှစ်ဦးဟာ ခဏတာလမ်းခွဲထားကြပြီး အနာဂါတ်မှာတော့ ပြန်လည်ပေါင်းဖက်ချင်လည်း ပေါင်းဖက်လိမ့်မယ်လို့ TMZ သတင်းဌာနက ဆိုပါတယ်။

Jenner နဲ့ Scott တို့နှစ်ဦးဟာ ၂နှစ်ကျော်အောင် တွဲခဲ့ကြပြီး သူတို့မှာချစ်စရာကောင်းတဲ့ သမီးချောလေး Stormi Webster လေးလည်း ရှိခဲ့တာပဲဖြစ်ပါတယ်။ သူတို့နှစ်ဦးကတော့ လွန်ခဲ့တဲ့ ရက်အနည်းငယ်လောက်က လမ်းခွဲခဲ့ကြတာဖြစ်ပြီး သမီးလေး Stormi ကိုတော့ နှစ်ဦးစလုံးအတူတကွ ထိန်းသိမ်းပျိုးထောင်ကြမယ် လို့ဆိုပါတယ်။

၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလအကုန်ပိုင်းလောက်မှာတော့ Travis က တခြားကောင်မလေးတစ်ယောက်နဲ့ Kylie နောက်ကွယ်မှာ စာတွေအပြန်အလှန်ပို့တာကို Kylie က တွေ့ခဲ့ရပြီးတဲ့နောက် သူတို့နှစ်ဦး ခဏတာ ခွဲနေခဲ့ပေမယ့် နောက်ပိုင်းမှာတာ့ ပြန်လည်အဆင်ပြေသွားပါတယ်။

Playboy’s New Issue ထဲမှာတော့ သူတို့နှစ်ဦးကို အတူတကွ တွဲတွေ့ခဲ့ရပါတယ်။ Scott က Jenner ကို သူတို့နှစ်ဦးက ချစ်သူတွေအဖြစ်နဲ့ နေတဲ့အချိန်တော်တော်များများမှာ ဘာကြောင့် အဆင်ပြေနေခဲ့တာလဲဆိုတဲ့  မေးခွန်းကို Jennerက ” ကျွန်မတို့နှစ်ယောက်လုံးက ဘဝရည်မှန်းချက်ပန်းတိုင်တွေ၊ ဖြစ်ချင်တဲ့ဆန္ဒတွေ တူတယ်။ ဒါ့အပြင်ကိုလည်း အခက်အခဲတွေ အဆင်မပြေမှုတွေ ကြုံတွေရတဲ့အချိန်မှာလည်း တစ်ဦးနဲ့တစ်ဦး နားလည်ပေးပြီး အတူတူရင်ဆိုင်ဖြေရှင်းနိုင်ခဲ့ကြပြီး သံယောဇဉ်တွေလည်း ပိုမိုခိုင်မာလာကြတယ် . . . ” လို့ ဆိုပါတယ်။

<Unicode Version>

 

Source ~ Marieclaire

#SY(1209Soshwe)

#SoshweCelebrity

#SoshweForYourDailyLife

#Like&Share

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

five × 1 =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...