HomeSportတည္ၿငိမ္မႈမရွိသည့္ ေပါ့ဘာရဲ႕ အေနအထားကို ေဝဖန္ျပစ္တင္လုိက္သည့္ ယူႏုိက္တက္အသင္းေခါင္းေဆာင္ေဟာင္း။

တည္ၿငိမ္မႈမရွိသည့္ ေပါ့ဘာရဲ႕ အေနအထားကို ေဝဖန္ျပစ္တင္လုိက္သည့္ ယူႏုိက္တက္အသင္းေခါင္းေဆာင္ေဟာင္း။

- Advertisement -

ယူႏုိက္တက္အသင္းရဲ႕ ဂႏၱဝင္အသင္းေခါင္းေဆာင္ေဟာင္းတစ္ေယာက္ျဖစ္သူ ရြိဳင္ကိန္းက အသင္းရဲ႕လက္ရွိ ကြင္းလယ္ကစားသမား ေပါ့ဘာရဲ႕ စိတ္ပိုင္းဆုိင္ရာ ခံယူခ်က္နဲ႔ ပတ္သက္၍ စိုးရိမ္မိေၾကာင္း ဖြင့္ဟေဝဖန္္သြားခ့ဲပါတယ္။ ေပါ့ဘာသည္ ယူႏုိက္တက္အသင္းရဲ႕ စံခ်ိန္တင္  ေျပာင္းေရႊ႕ေၾကးရွင္တစ္ေယာက္ ျဖစ္လင့္ကစား သူ႔ရဲ႕ေျခစြမ္းပိုင္းနဲ႔ ပတ္သက္၍ မၾကာခဏဆုိသလို ေဝဖန္မႈမ်ားနဲ႔ ရင္ဆုိင္ေနရသည့္ ကစားသမားတစ္ဦးလည္းျဖစ္ပါတယ္။

အာဆင္နယ္အသင္းနဲ႔ တစ္ဖက္တစ္ဂိုးစီသေရက်ခ့ဲသည့္ ပြဲအၿပီး၌လည္း ရြိဳင္ကိန္းက “ေပါ့ဘာရဲ႕ စိတ္ပိုင္းဆုိင္ရာခံယူခ်က္က မွန္ကန္မႈရွိဖို႔ လိုအပ္ေနပါတယ္။ သူကနည္းျပအတြက္ အၿမဲတမ္း စိုးရိမ္စရာေတြ   ေပးေနတ့ဲ ကစားသမားတစ္ဦးလို႔ ကြ်န္ေတာ္ထင္ၿပီး သူ႔လို ကစားသမားမ်ိဳးနဲ႔ အလုပ္တြဲလုပ္ရတာက နည္းျပတစ္ေယာက္အတြက္ စဥ္းစားစရာေတြျဖစ္ေနမွာပါ။ ငါတုိ႔ဒီေန႔မွာ ဘာလုပ္သင့္လဲဆုိၿပီးေတာ့ေပါ့။”

- Advertisement -

“ေပါ့ဘာက နည္းျပအတြက္ အေကာင္းဆံုး ကစားသမားတစ္ေယာက္ျဖစ္ေနတာလည္း မေကာင္းပါဘူး။ အ့ဲဒါဆုိရင္ သူကအပတ္စဥ္အပတ္တုိင္း ရမွတ္ (၁၀) မွတ္မွာ (၈) မွတ္ေလာက္အထိ ရယူႏုိင္သင့္ၿပီး ေပါ့ဘာနဲ႔ ပတ္သက္တ့ဲ ေမးခြန္းေတြကလည္း အခုခ်ိန္အထိ သူ႔အေနနဲ႔ လံုေလာက္တ့ဲ စြမ္းေဆာင္ရည္ မျပသထားဘူးဆိုတာပါပဲ။ သူ ယူႏုိက္တက္အသင္းကုိ စတင္ေရာက္ရွိလာခ်ိန္ကစၿပီး လံုးဝကုိ တည္ၿငိမ္မႈ မရွိခ့ဲပါဘူး။” ဟု ေဝဖန္ေျပာၾကားသြားခ့ဲေၾကာင္း သိရွိရပါတယ္။ ေပါ့ဘာသည္ လက္ရွိေဘာလံုးရာသီ၌ ယူႏုိက္တက္အသင္းအတြက္ ၿပိဳင္ပြဲစံု (၆) ပြဲအထိ ပြဲထြက္ကစားခြင့္ ရရွိထားေပမယ့္ လက္ရွိအခ်ိန္အထိ ဂိုးေပါက္ေတြ႕ႏုိင္ရန္ ရုန္းကန္ေနရဆဲျဖစ္တ့ဲ ကစားသမားတစ္ဦးလည္း ျဖစ္ပါတယ္။

- Advertisement -

ေပါ့ဘာသည္ ကြင္းတြင္းေျခစြမ္းပိုင္းထက္ ကြင္းျပင္ပလူေနထိုင္မႈဘဝအေပၚ ပိုမုိအာရံုစုိက္သည့္ ကစားသမားတစ္ဦးအျဖစ္ နာမည္ႀကီးၿပီး မၾကာခဏဆုိသလို ဆံပင္ပံုစံေျပာင္းလဲေနျခင္းအေပၚလည္း ပရိသတ္မ်ားက ေဝဖန္မႈမ်ား ျပဳလုပ္လ်က္ရွိၾကပါတယ္။ ယူႏုိက္တက္ဂႏၱဝင္တစ္ေယာက္ရဲ႕ ေဝဖန္မႈကိုခံခ့ဲရသည့္  ေပါ့ဘာအေနနဲ႔ ယခုတစ္ႀကိမ္က ပထမဆံုးအႀကိမ္မဟုတ္ဘဲ ယခင္ကလည္း  ေပါလ္စခိုးလ္၊ ဂယ္ရီနဗီးလ္တုိ႔လုိ ယူႏုိက္တက္အသင္းရဲ႕ နာမည္ေက်ာ္ ဂႏၱဝင္ကစားသမားႀကီးမ်ားက   ေပါ့ဘာအေပၚ ေဝဖန္မႈမ်ား အႀကိမ္ႀကိမ္ျပဳလုပ္ခ့ဲၾကဖူးပါတယ္။

- Advertisement -

<Zawgyi Version>

 

Source ~ Sportsmole

#HM(Soshwe)

#SoshweSport

#SoshweForYourDailyLife

#Like&Share

 

 

ယူနိုက်တက်အသင်းရဲ့ ဂန္တဝင်အသင်းခေါင်းဆောင်ဟောင်းတစ်ယောက်ဖြစ်သူ ရွိုင်ကိန်းက အသင်းရဲ့လက်ရှိ ကွင်းလယ်ကစားသမား ပေါ့ဘာရဲ့ စိတ်ပိုင်းဆိုင်ရာ ခံယူချက်နဲ့ ပတ်သက်၍ စိုးရိမ်မိကြောင်း ဖွင့်ဟဝေဖန််သွားခဲ့ပါတယ်။ ပေါ့ဘာသည် ယူနိုက်တက်အသင်းရဲ့ စံချိန်တင်  ပြောင်းရွှေ့ကြေးရှင်တစ်ယောက် ဖြစ်လင့်ကစား သူ့ရဲ့ခြေစွမ်းပိုင်းနဲ့ ပတ်သက်၍ မကြာခဏဆိုသလို ဝေဖန်မှုများနဲ့ ရင်ဆိုင်နေရသည့် ကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။

အာဆင်နယ်အသင်းနဲ့ တစ်ဖက်တစ်ဂိုးစီသရေကျခဲ့သည့် ပွဲအပြီး၌လည်း ရွိုင်ကိန်းက “ပေါ့ဘာရဲ့ စိတ်ပိုင်းဆိုင်ရာခံယူချက်က မှန်ကန်မှုရှိဖို့ လိုအပ်နေပါတယ်။ သူကနည်းပြအတွက် အမြဲတမ်း စိုးရိမ်စရာတွေ   ပေးနေတဲ့ ကစားသမားတစ်ဦးလို့ ကျွန်တော်ထင်ပြီး သူ့လို ကစားသမားမျိုးနဲ့ အလုပ်တွဲလုပ်ရတာက နည်းပြတစ်ယောက်အတွက် စဉ်းစားစရာတွေဖြစ်နေမှာပါ။ ငါတို့ဒီနေ့မှာ ဘာလုပ်သင့်လဲဆိုပြီးတော့ပေါ့။”

“ပေါ့ဘာက နည်းပြအတွက် အကောင်းဆုံး ကစားသမားတစ်ယောက်ဖြစ်နေတာလည်း မကောင်းပါဘူး။ အဲ့ဒါဆိုရင် သူကအပတ်စဉ်အပတ်တိုင်း ရမှတ် (၁၀) မှတ်မှာ (၈) မှတ်လောက်အထိ ရယူနိုင်သင့်ပြီး ပေါ့ဘာနဲ့ ပတ်သက်တဲ့ မေးခွန်းတွေကလည်း အခုချိန်အထိ သူ့အနေနဲ့ လုံလောက်တဲ့ စွမ်းဆောင်ရည် မပြသထားဘူးဆိုတာပါပဲ။ သူ ယူနိုက်တက်အသင်းကို စတင်ရောက်ရှိလာချိန်ကစပြီး လုံးဝကို တည်ငြိမ်မှု မရှိခဲ့ပါဘူး။” ဟု ဝေဖန်ပြောကြားသွားခဲ့ကြောင်း သိရှိရပါတယ်။ ပေါ့ဘာသည် လက်ရှိဘောလုံးရာသီ၌ ယူနိုက်တက်အသင်းအတွက် ပြိုင်ပွဲစုံ (၆) ပွဲအထိ ပွဲထွက်ကစားခွင့် ရရှိထားပေမယ့် လက်ရှိအချိန်အထိ ဂိုးပေါက်တွေ့နိုင်ရန် ရုန်းကန်နေရဆဲဖြစ်တဲ့ ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။

ပေါ့ဘာသည် ကွင်းတွင်းခြေစွမ်းပိုင်းထက် ကွင်းပြင်ပလူနေထိုင်မှုဘဝအပေါ် ပိုမိုအာရုံစိုက်သည့် ကစားသမားတစ်ဦးအဖြစ် နာမည်ကြီးပြီး မကြာခဏဆိုသလို ဆံပင်ပုံစံပြောင်းလဲနေခြင်းအပေါ်လည်း ပရိသတ်များက ဝေဖန်မှုများ ပြုလုပ်လျက်ရှိကြပါတယ်။ ယူနိုက်တက်ဂန္တဝင်တစ်ယောက်ရဲ့ ဝေဖန်မှုကိုခံခဲ့ရသည့်  ပေါ့ဘာအနေနဲ့ ယခုတစ်ကြိမ်က ပထမဆုံးအကြိမ်မဟုတ်ဘဲ ယခင်ကလည်း  ပေါလ်စခိုးလ်၊ ဂယ်ရီနဗီးလ်တို့လို ယူနိုက်တက်အသင်းရဲ့ နာမည်ကျော် ဂန္တဝင်ကစားသမားကြီးများက   ပေါ့ဘာအပေါ် ဝေဖန်မှုများ အကြိမ်ကြိမ်ပြုလုပ်ခဲ့ကြဖူးပါတယ်။

<Unicode Version>

 

Source ~ Sportsmole

#HM(1209Soshwe)

#SoshweSport

#SoshweForYourDailyLife

#Like&Share

- Advertisement -

Must Read