HomeEntertainmentJustin Bieber တစ္ေယာက္ မဂၤလာပြဲက်င္းပခ်ိန္ Selena Gomez ရဲ႕ အေျခအေန။

Justin Bieber တစ္ေယာက္ မဂၤလာပြဲက်င္းပခ်ိန္ Selena Gomez ရဲ႕ အေျခအေန။

- Advertisement -

ကမာၻေက်ာ္ ေပါ့ပ္အဆုိေတာ္တစ္ဦးျဖစ္သည့္ Justin Bieber သည္ သူ႔ရဲ႕လက္ရွိခ်စ္သူျဖစ္သူ Hailey Baldwin နဲ႔ မဂၤလာပြဲအခမ္းအနားကို ကာရိုလုိင္းနားျပည္နယ္ ေတာင္ပိုင္း၌ က်င္းပခ့ဲၿပီး ယခုက့ဲသို႔ က်င္းပခ့ဲျခင္းမွာ ဒုတိယအႀကိမ္ေျမာက္ က်င္းပခ့ဲျခင္းလည္းျဖစ္ပါတယ္။ ဒါေပမယ့္ တစ္ဖက္၌လည္း Selena Gomez ရဲ႕ ပရိသတ္မ်ားက သူတုိ႔ရဲ႕ Idol အတြက္ စုိးရိမ္တႀကီး ပူပန္မႈမ်ားရွိေနၾကေပမယ့္ အတြင္းသတင္းမ်ားအရ Selena အေနနဲ႔ လက္ရွိအခ်ိန္၌ သူမရဲ႕ ဘဝကို ေအးေဆးတည္ၿငိမ္စြာ ျဖတ္သန္းလ်က္ရွိေၾကာင္း သိရွိရပါတယ္။

“Justin မရွိတ့ဲ သူ႔ဘဝက ပိုေကာင္းတယ္ဆုိတာကို Selena က လက္ခံထားၿပီး ဒါက သူ႔ရဲ႕ က်န္းမာေရးအတြက္လည္း ေကာင္းမြန္တ့ဲဆံုးျဖတ္ခ်က္တစ္ခုပါ။” ဟု အတြင္းလူတစ္ဦးက US Weekly ထံသို႔ ေျပာၾကားသြားခ့ဲပါတယ္။ “Selena အေနနဲ႔ ေနာက္ထပ္အခ်စ္သစ္ကုိ ရွာေဖြဖုိ႔ လမ္းဖြင့္ထားဆဲဆုိေပမယ့္ အခုခ်ိန္မွာေတာ့ သူ႔ကိုယ္သူပဲ အာရံုစိုက္ထားၿပီး Justin နဲ႔ မေတြ႕ခင္အခ်ိန္က Selena ကုိ ျပန္ရဖို႔အတြက္ အေကာင္းဆံုး ႀကိဳးစားေနပါတယ္။ လက္ရွိအခ်ိန္မွာ သူမရဲ႕ သူငယ္ခ်င္းေဟာင္းေတြ၊ မိသားစုေတြနဲ႔အတူ အခ်ိန္ကုန္ဆံုးေနၿပီး လူေတြရဲ႕ အာရံုစိုက္တာကုိ ေရွာင္ရွားကာ ေနထိုင္လ်က္ရွိပါတယ္။ ေနာက္ၿပီး သူမရဲ႕ စိုးရိမ္ေၾကာင့္ၾကတ့ဲစိတ္ေတြကိုလည္း ေလွ်ာ့ခ်ႏုိင္ခ့ဲပါတယ္။” ဟု ေနာက္ထပ္အတြင္းလူတစ္ဦးက မီဒီယာမ်ားထံ ေဖာက္သည္ခ်ခ့ဲေသးေၾကာင္း သိရွိရပါတယ္။

- Advertisement -

Justin နဲ႔ Selena တို႔ စံုတြဲသည္ ပရိသတ္ေမတၱာကို ရယူပိုင္ဆုိင္ခ့ဲၾကသည့္ စံုတြဲတစ္တြဲျဖစ္ခ့ဲေပမယ့္  ေနာက္ပုိင္း၌မူ အေၾကာင္းရင္းမ်ိိဳးစံုတို႔ေၾကာင့္ ႏွစ္ဦးသားေဝးကြာခ့ဲရကာ Justin တစ္ေယာက္ Hailey နဲ႔ တြဲခုတ္ေနသည့္အခ်ိန္၌လည္း Selena ကုိ လြမ္းဆြတ္ငိုေၾကြးခ့ဲရေသးေၾကာင္း သတင္းမ်ားက  ေဖာ္ျပခ့ဲဖူးပါတယ္။

- Advertisement -

<Zawgyi Version>

 

Source ~ Cosmopolitan

#HM(Soshwe)

#SoshweCelebrity

#SoshweForYourDailyLife

#Like&Share

 

- Advertisement -

ကမ္ဘာကျော် ပေါ့ပ်အဆိုတော်တစ်ဦးဖြစ်သည့် Justin Bieber သည် သူ့ရဲ့လက်ရှိချစ်သူဖြစ်သူ Hailey Baldwin နဲ့ မင်္ဂလာပွဲအခမ်းအနားကို ကာရိုလိုင်းနားပြည်နယ် တောင်ပိုင်း၌ ကျင်းပခဲ့ပြီး ယခုကဲ့သို့ ကျင်းပခဲ့ခြင်းမှာ ဒုတိယအကြိမ်မြောက် ကျင်းပခဲ့ခြင်းလည်းဖြစ်ပါတယ်။ ဒါပေမယ့် တစ်ဖက်၌လည်း Selena Gomez ရဲ့ ပရိသတ်များက သူတို့ရဲ့ Idol အတွက် စိုးရိမ်တကြီး ပူပန်မှုများရှိနေကြပေမယ့် အတွင်းသတင်းများအရ Selena အနေနဲ့ လက်ရှိအချိန်၌ သူမရဲ့ ဘဝကို အေးဆေးတည်ငြိမ်စွာ ဖြတ်သန်းလျက်ရှိကြောင်း သိရှိရပါတယ်။

“Justin မရှိတဲ့ သူ့ဘဝက ပိုကောင်းတယ်ဆိုတာကို Selena က လက်ခံထားပြီး ဒါက သူ့ရဲ့ ကျန်းမာရေးအတွက်လည်း ကောင်းမွန်တဲ့ဆုံးဖြတ်ချက်တစ်ခုပါ။” ဟု အတွင်းလူတစ်ဦးက US Weekly ထံသို့ ပြောကြားသွားခဲ့ပါတယ်။ “Selena အနေနဲ့ နောက်ထပ်အချစ်သစ်ကို ရှာဖွေဖို့ လမ်းဖွင့်ထားဆဲဆိုပေမယ့် အခုချိန်မှာတော့ သူ့ကိုယ်သူပဲ အာရုံစိုက်ထားပြီး Justin နဲ့ မတွေ့ခင်အချိန်က Selena ကို ပြန်ရဖို့အတွက် အကောင်းဆုံး ကြိုးစားနေပါတယ်။ လက်ရှိအချိန်မှာ သူမရဲ့ သူငယ်ချင်းဟောင်းတွေ၊ မိသားစုတွေနဲ့အတူ အချိန်ကုန်ဆုံးနေပြီး လူတွေရဲ့ အာရုံစိုက်တာကို ရှောင်ရှားကာ နေထိုင်လျက်ရှိပါတယ်။ နောက်ပြီး သူမရဲ့ စိုးရိမ်ကြောင့်ကြတဲ့စိတ်တွေကိုလည်း လျှော့ချနိုင်ခဲ့ပါတယ်။” ဟု နောက်ထပ်အတွင်းလူတစ်ဦးက မီဒီယာများထံ ဖောက်သည်ချခဲ့သေးကြောင်း သိရှိရပါတယ်။

Justin နဲ့ Selena တို့ စုံတွဲသည် ပရိသတ်မေတ္တာကို ရယူပိုင်ဆိုင်ခဲ့ကြသည့် စုံတွဲတစ်တွဲဖြစ်ခဲ့ပေမယ့်  နောက်ပိုင်း၌မူ အကြောင်းရင်းမျိိုးစုံတို့ကြောင့် နှစ်ဦးသားဝေးကွာခဲ့ရကာ Justin တစ်ယောက် Hailey နဲ့ တွဲခုတ်နေသည့်အချိန်၌လည်း Selena ကို လွမ်းဆွတ်ငိုကြွေးခဲ့ရသေးကြောင်း သတင်းများက  ဖော်ပြခဲ့ဖူးပါတယ်။

<Unicode Version>

 

Source ~ Cosmopolitan

#HM(1209Soshwe)

#SoshweCelebrity

#SoshweForYourDailyLife

#Like&Share

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

20 − 13 =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...