HomeSportေရရွည္စီမံကိန္းအတြက္ ယာအုိဖီးလစ္ကို ပစ္မွတ္ထားေနသည့္ PSG အသင္း။

ေရရွည္စီမံကိန္းအတြက္ ယာအုိဖီးလစ္ကို ပစ္မွတ္ထားေနသည့္ PSG အသင္း။

- Advertisement -

PSG အသင္းသည္ အနာဂတ္၌ ေနမာ၊ အမ္ဘာေပတုိ႔ရဲ႕ ေနရာကုိ အစားထုိးႏုိင္ရန္အတြက္ အက္သလက္တီကုိမက္ဒရစ္အသင္းရဲ႕ အသက္ (၁၉) ႏွစ္အရြယ္ တုိက္စစ္ကစားသမားေလး ယာအုိဖီးလစ္ကို မ်က္စိက်ေနေၾကာင္း သိရွိရပါတယ္။ ေပၚတူဂီလက္ေရြးစင္အသင္းရဲ႕ ေတာက္ပလာမည့္ ၾကယ္ပြင့္ကစားသမားတစ္ဦးအျဖစ္ သတ္မွတ္ျခင္းခံထားရသည့္ ယာအုိဖီးလစ္သည္ ၿပီးခ့ဲသည့္  ေႏြရာသီအေျပာင္းအေရႊ႕ကမွ အက္သလက္တီကိုမက္ဒရစ္အသင္းထံသို႔ ေျပာင္းေရႊ႕ေၾကး ေပါင္ (၁၁၃) သန္းျဖင့္ ေရာက္ရွိလာခ့ဲသည့္ ကစားသမားတစ္ဦးလည္း ျဖစ္ပါတယ္။

ယာအိုဖီးလစ္အေနနဲ႔ လက္ရွိအခ်ိန္အထိ အက္သလက္တီကိုမက္ဒရစ္အသင္းအတြက္ (၈) ပြဲကစားၿပီးခ်ိန္မွာ သြင္းဂုိး (၂) ဂုိးသာ သြင္းယူေပးထားႏုိင္ၿပီး ပါဝင္ကစားခ့ဲသမွ် လာလီဂါပဲြတုိင္း၌ လူစားလဲခံခ့ဲရသည့္ ကစားသမားတစ္ဦးလည္းျဖစ္ပါတယ္။ ဒါေပမယ့္ Don Balon သတင္းစာရဲ႕ ေဖာ္ျပခ်က္အရ PSG အသင္းသည္ လာမည့္ ေႏြရာသီ၌ အသင္းကို စြန္႔ခြာဖြယ္ရွိသည့္ ေနမာ သို႔မဟုတ္ အမ္ဘာေပတစ္ေယာက္ေယာက္ရဲ႕ ေနရာ၌ ယာအိုဖီးလစ္ကို အစားထုိးႏုိင္ရန္ ဆႏၵရွိေနေၾကာင္း သိရွိရပါတယ္။

ေနမာသည္ အသင္းေဟာင္း ဘာစီလိုနာအသင္းကို ျပန္လည္ေျပာင္းေရႊ႕ရန္ ျပင္ဆင္ေနၿပီး အမ္ဘာေပကိုလည္း ရီးရဲယ္မက္ဒရစ္အသင္းက အဓိကပစ္မွတ္ကစားသမားတစ္ဦးအျဖစ္ ႀကိဳးစားလာဖြယ္ရွိျခင္းေၾကာင့္ PSG အသင္းက အနာဂတ္အတြက္ ယခုက့ဲသုိ႔ ျပင္ဆင္လာခ့ဲျခင္းျဖစ္ပါတယ္။ PSG အသင္းသည္ ယာအိုဖီးလစ္အတြက္ ေျပာင္းေရႊ႕ေၾကး ယူရုိသန္း (၂၀၀) အထိ အသံုးျပဳရန္ ျပင္ဆင္ထားၿပီး အဆုိပါေျပာင္းေရႊ႕ေၾကးျဖင့္သာ အမွန္တကယ္ႀကိဳးစားလာခ့ဲပါက အက္သလက္တီကိုမက္ဒရစ္အသင္းအေနနဲ႔ ယာအိုဖီးလစ္ကို အသင္း၌ဆက္လက္ထိန္းသိမ္းထားႏုိင္ရန္ အခက္အခဲႀကံဳေတြ႕ရဖြယ္ရွိေနပါတယ္။

- Advertisement -

<Zawgyi Version>

- Advertisement -

 

Source ~ Sportsmole

#HM(Soshwe)

#SoshweSport

#SoshweForYourDailyLife

#Like&Share

 

PSG အသင်းသည် အနာဂတ်၌ နေမာ၊ အမ်ဘာပေတို့ရဲ့ နေရာကို အစားထိုးနိုင်ရန်အတွက် အက်သလက်တီကိုမက်ဒရစ်အသင်းရဲ့ အသက် (၁၉) နှစ်အရွယ် တိုက်စစ်ကစားသမားလေး ယာအိုဖီးလစ်ကို မျက်စိကျနေကြောင်း သိရှိရပါတယ်။ ပေါ်တူဂီလက်ရွေးစင်အသင်းရဲ့ တောက်ပလာမည့် ကြယ်ပွင့်ကစားသမားတစ်ဦးအဖြစ် သတ်မှတ်ခြင်းခံထားရသည့် ယာအိုဖီးလစ်သည် ပြီးခဲ့သည့်  နွေရာသီအပြောင်းအရွှေ့ကမှ အက်သလက်တီကိုမက်ဒရစ်အသင်းထံသို့ ပြောင်းရွှေ့ကြေး ပေါင် (၁၁၃) သန်းဖြင့် ရောက်ရှိလာခဲ့သည့် ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။

- Advertisement -

ယာအိုဖီးလစ်အနေနဲ့ လက်ရှိအချိန်အထိ အက်သလက်တီကိုမက်ဒရစ်အသင်းအတွက် (၈) ပွဲကစားပြီးချိန်မှာ သွင်းဂိုး (၂) ဂိုးသာ သွင်းယူပေးထားနိုင်ပြီး ပါဝင်ကစားခဲ့သမျှ လာလီဂါပွဲတိုင်း၌ လူစားလဲခံခဲ့ရသည့် ကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။ ဒါပေမယ့် Don Balon သတင်းစာရဲ့ ဖော်ပြချက်အရ PSG အသင်းသည် လာမည့် နွေရာသီ၌ အသင်းကို စွန့်ခွာဖွယ်ရှိသည့် နေမာ သို့မဟုတ် အမ်ဘာပေတစ်ယောက်ယောက်ရဲ့ နေရာ၌ ယာအိုဖီးလစ်ကို အစားထိုးနိုင်ရန် ဆန္ဒရှိနေကြောင်း သိရှိရပါတယ်။

နေမာသည် အသင်းဟောင်း ဘာစီလိုနာအသင်းကို ပြန်လည်ပြောင်းရွှေ့ရန် ပြင်ဆင်နေပြီး အမ်ဘာပေကိုလည်း ရီးရဲယ်မက်ဒရစ်အသင်းက အဓိကပစ်မှတ်ကစားသမားတစ်ဦးအဖြစ် ကြိုးစားလာဖွယ်ရှိခြင်းကြောင့် PSG အသင်းက အနာဂတ်အတွက် ယခုကဲ့သို့ ပြင်ဆင်လာခဲ့ခြင်းဖြစ်ပါတယ်။ PSG အသင်းသည် ယာအိုဖီးလစ်အတွက် ပြောင်းရွှေ့ကြေး ယူရိုသန်း (၂၀၀) အထိ အသုံးပြုရန် ပြင်ဆင်ထားပြီး အဆိုပါပြောင်းရွှေ့ကြေးဖြင့်သာ အမှန်တကယ်ကြိုးစားလာခဲ့ပါက အက်သလက်တီကိုမက်ဒရစ်အသင်းအနေနဲ့ ယာအိုဖီးလစ်ကို အသင်း၌ဆက်လက်ထိန်းသိမ်းထားနိုင်ရန် အခက်အခဲကြုံတွေ့ရဖွယ်ရှိနေပါတယ်။

<Unicode Version>

 

Source ~ Sportsmole

#HM(Soshwe)

#SoshweSport

#SoshweForYourDailyLife

#Like&Share

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

4 + sixteen =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...