HomeEntertainmentပရိသတ္မ်ားကို ေဖ်ာ္ေျဖရင္း Gravity ရဲဲ႕ သေဘာတရားကုိ ဆန္႔က်င္ျပသြားသည့္ Billie Eilish

ပရိသတ္မ်ားကို ေဖ်ာ္ေျဖရင္း Gravity ရဲဲ႕ သေဘာတရားကုိ ဆန္႔က်င္ျပသြားသည့္ Billie Eilish

- Advertisement -

အႏုပညာရွင္မ်ားအေနျဖင့္ သူတုိ႔တတ္ကြ်မ္းသည့္ အႏုပညာနဲ႔ ပတ္သက္၍ မည္က့ဲသို႔ေသာ စမ္းသပ္မႈမ်ားကိုမဆို ေက်ာ္ျဖတ္ႏုိင္ခ့ဲၾကေပမယ့္ ကမာၻေျမႀကီးရဲ႕ဆြဲအားကို လြန္ဆန္ႏုိင္ရန္ မတတ္ႏုိင္သည့္ အေနအထားတစ္ရပ္လည္းျဖစ္ပါတယ္။ ဒါေပမယ့္ “Bad Guy” ဆုိသည့္ သီခ်င္းျဖင့္ နာမည္ႀကီးလာခ့ဲသည့္ Billie Eilish ကမူ Saturday Night Live အစီအစဥ္၌ နံရံမ်ား၊ မ်က္ႏွာၾကက္မ်ားအေပၚ၌ လမ္းေလွ်ာက္ျပၿပီး ကမာၻေျမႀကီးရဲ႕ ဆဲြအားကုိ ဆန္႔က်င္ျပသြားခ့ဲပါတယ္။

- Advertisement -

SNL အစီအစဥ္၌ ပထမဆံုးလာေရာက္ေဖ်ာ္ေျဖခ့ဲသည့္ Billie က ပရိသတ္အႀကိဳက္သီခ်င္းတစ္ပုဒ္ျဖစ္သည့္ “Bad Guy” ကို သာမန္အတုိင္း သီဆိုေနရာမွ ေနာက္ပိုင္းတြင္မူ နံရံေပၚလမ္းေလွ်ာက္ျပခ့ဲၿပီး အ့ဲဒီေနာက္တြင္ မ်က္ႏွာၾကက္ေပၚအထိလမ္းေလွ်ာက္ရင္း ပရိသတ္မ်ားကို ရင္သပ္ရႈေမာဖြယ္ရာ ေဖ်ာ္ေျဖသြားခ့ဲျခင္းျဖစ္ပါတယ္။ အဆုိပါေဖ်ာ္ေျဖမႈနဲ႔ ပတ္သက္၍ လူမႈကြန္ရက္စာမ်က္ႏွာတစ္ခုျဖစ္သည့္ တြစ္တာေပၚ၌ မွတ္ခ်က္ေပးမႈမ်ား အၿပိဳင္အဆုိင္ ထြက္ေပၚလာခ့ဲၾကၿပီး Billie အေနနဲ႔ ရူပေဗဒသေဘာတရားမ်ား အားလံုးကို ဆန္႔က်င္သြားခ့ဲသည္ဟု အံ့ၾသတႀကီး မွတ္ခ်က္ျပဳခ့ဲၾကပါတယ္။

- Advertisement -

- Advertisement -

 

ဒါေပမယ့္ ယခုအမ်ားျမင္ေတြ႕သက့ဲသို႔ Billie ၌ ကမာၻေျမႀကီးရဲ႕ဆြဲအားကုိ ဆန္႔က်င္ႏုိင္သည့္ စြမ္းအားမရွိႏုိင္ဘဲ ယခုက့ဲသုိ႔ ေဖ်ာ္ေျဖႏုိင္ရန္အတြက္ ပရိသတ္မ်ားရဲ႕ မ်က္လံုးမ်ားကို SNL အဖြဲ႕သားမ်ားရဲ႕ အကူအညီျဖင့္ လွည့္စားထားျခင္းျဖစ္ပါတယ္။ ေဖ်ာ္ေျဖပြဲမစတင္ခင္အခ်ိန္တည္းက ဒီဇိုင္နာမ်ားရဲ႕ အကူအညီျဖင့္ နံရံမ်ားကုိ  ပံုေဖာ္ထားခ့ဲျခင္းျဖစ္ၿပီး Billie လမ္းတက္ေလွ်ာက္ေနသည့္ နံရံနဲ႔မ်က္ႏွာၾကက္မ်ားသည္ အမွန္တကယ္၌ လႈပ္ရွားေနျခင္းျဖစ္ေၾကာင္း သိရွိရပါတယ္။ ဒါေပမယ့္ ကင္မရာရုိက္ခ်က္မ်ားနဲ႔ လႈပ္ရွားမႈမ်ားကအစ အရမ္းကုိ သပ္ရပ္ခ့ဲျခင္းေၾကာင့္ Billie အေနနဲ႔ အခုလို ထူးထူးဆန္းဆန္း ေဖ်ာ္ေျဖခ့ဲသည့္တိုင္ ပရိသတ္မ်ားရဲ႕ ခ်ီးက်ဴးမႈကို ရရွိခ့ဲျခင္းလည္း ျဖစ္ပါတယ္။

<Zawgyi Version>

 

Source ~ Cosmopolitan

#HM(Soshwe)

#SoshweEntertainment

#SoshweForYourDailyLife

#Like&Share

 

အနုပညာရှင်များအနေဖြင့် သူတို့တတ်ကျွမ်းသည့် အနုပညာနဲ့ ပတ်သက်၍ မည်ကဲ့သို့သော စမ်းသပ်မှုများကိုမဆို ကျော်ဖြတ်နိုင်ခဲ့ကြပေမယ့် ကမ္ဘာမြေကြီးရဲ့ဆွဲအားကို လွန်ဆန်နိုင်ရန် မတတ်နိုင်သည့် အနေအထားတစ်ရပ်လည်းဖြစ်ပါတယ်။ ဒါပေမယ့် “Bad Guy” ဆိုသည့် သီချင်းဖြင့် နာမည်ကြီးလာခဲ့သည့် Billie Eilish ကမူ Saturday Night Live အစီအစဉ်၌ နံရံများ၊ မျက်နှာကြက်များအပေါ်၌ လမ်းလျှောက်ပြပြီး ကမ္ဘာမြေကြီးရဲ့ ဆွဲအားကို ဆန့်ကျင်ပြသွားခဲ့ပါတယ်။

SNL အစီအစဉ်၌ ပထမဆုံးလာရောက်ဖျော်ဖြေခဲ့သည့် Billie က ပရိသတ်အကြိုက်သီချင်းတစ်ပုဒ်ဖြစ်သည့် “Bad Guy” ကို သာမန်အတိုင်း သီဆိုနေရာမှ နောက်ပိုင်းတွင်မူ နံရံပေါ်လမ်းလျှောက်ပြခဲ့ပြီး အဲ့ဒီနောက်တွင် မျက်နှာကြက်ပေါ်အထိလမ်းလျှောက်ရင်း ပရိသတ်များကို ရင်သပ်ရှုမောဖွယ်ရာ ဖျော်ဖြေသွားခဲ့ခြင်းဖြစ်ပါတယ်။ အဆိုပါဖျော်ဖြေမှုနဲ့ ပတ်သက်၍ လူမှုကွန်ရက်စာမျက်နှာတစ်ခုဖြစ်သည့် တွစ်တာပေါ်၌ မှတ်ချက်ပေးမှုများ အပြိုင်အဆိုင် ထွက်ပေါ်လာခဲ့ကြပြီး Billie အနေနဲ့ ရူပဗေဒသဘောတရားများ အားလုံးကို ဆန့်ကျင်သွားခဲ့သည်ဟု အံ့သြတကြီး မှတ်ချက်ပြုခဲ့ကြပါတယ်။

 

ဒါပေမယ့် ယခုအများမြင်တွေ့သကဲ့သို့ Billie ၌ ကမ္ဘာမြေကြီးရဲ့ဆွဲအားကို ဆန့်ကျင်နိုင်သည့် စွမ်းအားမရှိနိုင်ဘဲ ယခုကဲ့သို့ ဖျော်ဖြေနိုင်ရန်အတွက် ပရိသတ်များရဲ့ မျက်လုံးများကို SNL အဖွဲ့သားများရဲ့ အကူအညီဖြင့် လှည့်စားထားခြင်းဖြစ်ပါတယ်။ ဖျော်ဖြေပွဲမစတင်ခင်အချိန်တည်းက ဒီဇိုင်နာများရဲ့ အကူအညီဖြင့် နံရံများကို ပုံဖော်ထားခဲ့ခြင်းဖြစ်ပြီး Billie လမ်းတက်လျှောက်နေသည့် နံရံနဲ့မျက်နှာကြက်များသည် အမှန်တကယ်၌ လှုပ်ရှားနေခြင်းဖြစ်ကြောင်း သိရှိရပါတယ်။ ဒါပေမယ့် ကင်မရာရိုက်ချက်များနဲ့ လှုပ်ရှားမှုများကအစ အရမ်းကို သပ်ရပ်ခဲ့ခြင်းကြောင့် Billie အနေနဲ့ အခုလို ထူးထူးဆန်းဆန်း ဖျော်ဖြေခဲ့သည့်တိုင် ပရိသတ်များရဲ့ ချီးကျူးမှုကို ရရှိခဲ့ခြင်းလည်း ဖြစ်ပါတယ်။
<Unicode Version>

Source ~ Cosmopolitan
#HM(1209Soshwe)
#SoshweEntertainment
#SoshweForYourDailyLife
#Like&Share

- Advertisement -

Must Read