HomeSportဆောင်းရာသီ အပြောင်းအရွှေ့အတွက် စံချိန်တင်အသုံးစရိတ်ရရှိဦးမည့် ရီးရဲယ်မက်ဒရစ်နည်းပြကြီး ဇီဒန်း။
ဆောင်းရာသီ အပြောင်းအရွှေ့အတွက် စံချိန်တင်အသုံးစရိတ်ရရှိဦးမည့် ရီးရဲယ်မက်ဒရစ်နည်းပြကြီး ဇီဒန်း။
- Advertisement -
- Advertisement -
<Zawgyi Version>
- Advertisement -
Source ~ Sportsmole
#ST(1209Soshwe)
#SoshweSport
#Like&Share
ရီးရဲယ်မက်ဒရစ်အသင်းနည်းပြ ဇီဒန်းသည် လာမည့်ဆောင်းရာသီ အပြောင်းအရွှေ့၌ အသုံးပြုရန်  ပြောင်းရွှေ့ကြေး ယူရိုသန်း (၁၈၀) ရရှိသွားမည်ဖြစ်ကြောင်း သိရှိိရပါတယ်။ ပြီးခဲ့သည့်  နွေရာသီအပြောင်းအရွှေ့က ကစားသမားခေါ်ယူရာ၌ ပြောင်းရွှေ့ကြေး ယူရိုသန်း (၃၀၀) နဲ့ အထက် သုံးစွဲခဲ့ပေမယ့် ရီးရဲယ်မက်ဒရစ်အသင်းရဲ့ လက်ရှိအခြေအနေက အားရစရာမရှိသေးခြင်းကြောင့် အခုလိုပဲ နောက်ထပ်ငွေကြေးသုံးစွဲမှု ပြုလုပ်သွားရန် ပြင်ဆင်နေခြင်းဖြစ်ပါတယ်။
- Advertisement -
လာလီဂါနောက်ဆုံး (၃) ပွဲဆက်တိုက် ပေးဂိုးမရှိ စွမ်းဆောင်နိုင်ခဲ့သည့် ရီးရဲယ်မက်ဒရစ်အသင်းသည် လက်ရှိအချိန်၌ အမှတ်ပေးဇယားရဲ့ ဒုတိယနဲ့ တတိယနေရာက ဂရန်နာဒါ၊ အက်သလက်တီကိုမက်ဒရစ်အသင်းတို့ကို (၁) မှတ်ဖြတ်ပြီး အဆင့် (၁) နေရာ၌ ဦးဆောင်လျက်ရှိပါတယ်။ ရီးရဲယ်မက်ဒရစ်အသင်းသည် ရော်နယ်ဒိုမရှိသည့်နောက်ပိုင်း အသင်းရဲ့ အဓိကကစားသမား  ပျောက်ဆုံးသည့်အချက်ကို ဟာဇက်နဲ့ ဖြေရှင်းခဲ့သလို ဖာလန်မန်ဒီ၊ မီလီတာအို၊ ဂျိုဗစ်တို့အတွက်  ပြောင်းရွှေ့ကြေး ယူရိုသန်း (၃၀၀) နဲ့ အထက် သုံးစွဲခဲ့ပေမယ့် ဇီဒန်းကိုယ်တိုင်က အသင်းရဲ့ ကွင်းလယ်ကို ထပ်မံအင်အားဖြည့်တင်းရန် ပြင်ဆင်နေခြင်း ဖြစ်ပါတယ်။
ရီးရဲယ်မက်ဒရစ်နည်းပြ ဇီဒန်းသည် ယူနိုက်တက်အသင်းရဲ့ ကွင်းလယ်ကစားသမား ပေါ့ဘာကို အဓိကဦးစားပေး ခေါ်ယူရန် ပြင်ဆင်ခဲ့ပေမယ့် ယူနိုက်တက်အသင်းက ကစားသမားကို လက်လွှတ်မခံလိုသည့် အနေအထားကြောင့် စပါးအသင်းရဲ့ ကွင်းလယ်ကစားသမား အဲရစ်ဆင်ကို ခေါ်ယူနိုင်ရန်လည်း  စောင့်ကြည့်လျက်ရှိပါတယ်။ ဒါ့အပြင် အေဂျက်စ်အသင်းရဲ့ ကွင်းလယ်ကစားသမား ဗန်ဒီဘိခ်ကလည်း  တော်ဝင်မက်ဒရစ်အသင်းရဲ့ ပစ်မှတ်ကစားသမားတစ်ဦးဖြစ်ခဲ့ပြီး လာမည့်ဆောင်းရာသီအပြောင်းအရွှေ့  စျေးကွက်အတွင်း ရီးရဲယ်မက်ဒရစ်အသင်းရဲ့ ငွေကြေးလှိုင်းလုံးများကို မြင်တွေ့ရဖွယ်ရှိနေဆဲဖြစ်ပါတယ်။
<Unicode Version>
Source ~ Sportsmole
#ST(1209Soshwe)
#SoshweSport
#SoshweForYourDailyLife
#Like&Share
- Advertisement -
LEAVE A REPLY
Please enter your comment!
Please enter your name here
four × 1 =
Must Read
အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။
အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...