အသက္ (၂၅) ႏွစ္အရြယ္ ေပါ့ပ္အဆိုေတာ္ Justin Bieber နဲ႔ အသက္ (၂၂) ႏွစ္အရြယ္ ေမာ္ဒယ္လ္ Hailey Baldwin တုိ႔ႏွစ္ဦးသည္ သူတုိ႔ရဲ႕ ဒုတိယအႀကိမ္ေျမာက္ မဂၤလာအခမ္းအနားအတြက္ ဘယ္ေလာက္အထိ ရင္ခုန္စိတ္လႈပ္ရွားေနၾကလဲဆုိတာကို အတြင္းလူမ်ားက မီဒီယာမ်ားထံသို႔ ေဖာက္သည္ခ် ေျပာၾကားခ့ဲပါတယ္။ အတြင္းလူတစ္ဦးက “သူတုိ႔ႏွစ္ဦးက ခက္ခဲတ့ဲ အခ်ိန္အခိုက္အတန္႔ေတြရွိခ့ဲေပမယ့္ အခုေတာ့ ႏွစ္ေယာက္လံုးက အခ်စ္ကုိ အခုမွစေတြ႕တ့ဲ ကေလးငယ္ေတြလုိ ျဖစ္ေနၾကပါၿပီ။” ဟု ေျပာၾကားသြားခ့ဲပါတယ္။
Justin သည္ (၂၀၁၉) ခုႏွစ္ အေစာပိုင္းကာလမ်ား၌ အဆက္ေဟာင္း Selena Gomez ကို ေမ့မရသည့္ျပႆနာအပါအဝင္ အျခားေသာ စိတ္ပိုင္းဆုိင္ရာျပႆနာမ်ားေၾကာင့္ ဘဝကို ခက္ခဲစြာ ရုန္းကန္ျဖတ္သန္းခ့ဲရေပမယ့္ Hailey ကမူ Justin နံေဘးတြင္ မားမားမတ္မတ္ရပ္တည္ေပးခ့ဲၿပီး ခက္ခဲသည့္ အခ်ိန္ကာလမ်ားကုိ အေကာင္းဆံုး ျဖတ္ေက်ာ္ႏိုင္ခ့ဲၾကျခင္းျဖစ္ပါတယ္။ အျခားေသာပုဂၢိဳလ္တစ္ဦးကလည္း “Hailey က Justin ရဲ႕ ဘဝကို တည္ၿငိမ္ေအာင္ စြမ္းေဆာင္ေပးႏုိင္ခ့ဲၿပီး ခ်စ္ျခင္းေမတၱာေတြနဲ႔ ေပ်ာ္ရႊင္မႈအျပည့္ရွိတ့ဲ အိမ္ေလးတစ္လံုးနဲ႔ မိသားစုေလးတစ္ခုကို Justin နဲ႔ အတူတကြ တည္ေဆာက္ခ်င္ခ့ဲတာပါ။ သူတုိ႔ႏွစ္ေယာက္ရဲ႕ ဒုတိယေျမာက္ မဂၤလာပြဲက ႏွစ္ေယာက္လံုးရဲ႕ သစၥာအေပၚ အေျခခံၿပီး က်င္းပၾကတာပါ။ ဘဝမွာ အခက္အခဲေတြနဲ႔ ရင္ဆိုင္ရခ်ိန္တုိင္း သူတုိ႔ႏွစ္ေယာက္က ဘုရားေက်ာင္းက သင္းအုပ္ဆရာေတာ္ေတြနဲ႔ သူတုိ႔ရဲ႕ သူငယ္ခ်င္းေတြဆီ သြားေရာက္ရင္ဖြင့္တတ္ၾကပါတယ္။” ဟုလည္း ေျပာၾကားခ့ဲပါေသးတယ္။
ၿပီးခ့ဲသည့္ စေနေန႔ကလည္း အေမရိကန္ႏိုင္ငံ၊ Los Angeles ၿမိဳ႕ရွိ ကိုယ္ပုိင္ဂ်က္ေလယာဥ္ေပၚမွ သူတုိ႔ႏွစ္ေယာက္ရဲ႕ ဓာတ္ပံုမ်ားကို ျမင္ေတြ႕ခ့ဲရၿပီး မဂၤလာပြဲက်င္းပရာ Carolina ျပည္နယ္ ေတာင္ပိုင္းရွိ Montage Palmetto Bluff ကို သြားေရာက္ျခင္းျဖစ္ႏုိင္တယ္လို႔ အတြင္းလူမ်ားက ေဖာက္သည္ခ်ခ့ဲေသးေၾကာင္း သိရွိရပါတယ္။
<Zawgyi Version>
Source ~ PEOPLE Magazine
#HM(Soshwe)
#SoshweCelebrity
#SoshweForYourDailyLife
#Like&Share
အသက် (၂၅) နှစ်အရွယ် ပေါ့ပ်အဆိုတော် Justin Bieber နဲ့ အသက် (၂၂) နှစ်အရွယ် မော်ဒယ်လ် Hailey Baldwin တို့နှစ်ဦးသည် သူတို့ရဲ့ ဒုတိယအကြိမ်မြောက် မင်္ဂလာအခမ်းအနားအတွက် ဘယ်လောက်အထိ ရင်ခုန်စိတ်လှုပ်ရှားနေကြလဲဆိုတာကို အတွင်းလူများက မီဒီယာများထံသို့ ဖောက်သည်ချ ပြောကြားခဲ့ပါတယ်။ အတွင်းလူတစ်ဦးက “သူတို့နှစ်ဦးက ခက်ခဲတဲ့ အချိန်အခိုက်အတန့်တွေရှိခဲ့ပေမယ့် အခုတော့ နှစ်ယောက်လုံးက အချစ်ကို အခုမှစတွေ့တဲ့ ကလေးငယ်တွေလို ဖြစ်နေကြပါပြီ။” ဟု ပြောကြားသွားခဲ့ပါတယ်။
Justin သည် (၂၀၁၉) ခုနှစ် အစောပိုင်းကာလများ၌ အဆက်ဟောင်း Selena Gomez ကို မေ့မရသည့်ပြဿနာအပါအဝင် အခြားသော စိတ်ပိုင်းဆိုင်ရာပြဿနာများကြောင့် ဘဝကို ခက်ခဲစွာ ရုန်းကန်ဖြတ်သန်းခဲ့ရပေမယ့် Hailey ကမူ Justin နံဘေးတွင် မားမားမတ်မတ်ရပ်တည်ပေးခဲ့ပြီး ခက်ခဲသည့် အချိန်ကာလများကို အကောင်းဆုံး ဖြတ်ကျော်နိုင်ခဲ့ကြခြင်းဖြစ်ပါတယ်။ အခြားသောပုဂ္ဂိုလ်တစ်ဦးကလည်း “Hailey က Justin ရဲ့ ဘဝကို တည်ငြိမ်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီး ချစ်ခြင်းမေတ္တာတွေနဲ့ ပျော်ရွှင်မှုအပြည့်ရှိတဲ့ အိမ်လေးတစ်လုံးနဲ့ မိသားစုလေးတစ်ခုကို Justin နဲ့ အတူတကွ တည်ဆောက်ချင်ခဲ့တာပါ။ သူတို့နှစ်ယောက်ရဲ့ ဒုတိယမြောက် မင်္ဂလာပွဲက နှစ်ယောက်လုံးရဲ့ သစ္စာအပေါ် အခြေခံပြီး ကျင်းပကြတာပါ။ ဘဝမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်ရချိန်တိုင်း သူတို့နှစ်ယောက်က ဘုရားကျောင်းက သင်းအုပ်ဆရာတော်တွေနဲ့ သူတို့ရဲ့ သူငယ်ချင်းတွေဆီ သွားရောက်ရင်ဖွင့်တတ်ကြပါတယ်။” ဟုလည်း ပြောကြားခဲ့ပါသေးတယ်။
ပြီးခဲ့သည့် စနေနေ့ကလည်း အမေရိကန်နိုင်ငံ၊ Los Angeles မြို့ရှိ ကိုယ်ပိုင်ဂျက်လေယာဉ်ပေါ်မှ သူတို့နှစ်ယောက်ရဲ့ ဓာတ်ပုံများကို မြင်တွေ့ခဲ့ရပြီး မင်္ဂလာပွဲကျင်းပရာ Carolina ပြည်နယ် တောင်ပိုင်းရှိ Montage Palmetto Bluff ကို သွားရောက်ခြင်းဖြစ်နိုင်တယ်လို့ အတွင်းလူများက ဖောက်သည်ချခဲ့သေးကြောင်း သိရှိရပါတယ်။
<Unicode Version>
Source ~ PEOPLE Magazine
#HM(Soshwe)
#SoshweCelebrity
#SoshweForYourDailyLife
#Like&Share