HomeEntertainmentJustin Bieber နဲ႔ Hailey Baldwin တုိ႔ ႏွစ္ဦး မည္သည့္ေနရာ၌လက္ထပ္ထိမ္းျမားခ့ဲသလဲ ?

Justin Bieber နဲ႔ Hailey Baldwin တုိ႔ ႏွစ္ဦး မည္သည့္ေနရာ၌လက္ထပ္ထိမ္းျမားခ့ဲသလဲ ?

- Advertisement -

သတင္းရင္းျမစ္မ်ားရဲ႕ ေဖာ္ျပခ်က္အရ Montage Palmetto Bluff ဟိုတယ္သည္ စက္တင္ဘာလ (၂၉) ရက္ေန႔မွစတင္ကာ ေအာက္တိုဘာလ (၁) ရက္ေန႔အထိ ငွားရမ္းထားၿပီး ျပင္ပဧည့္သည္မ်ားကို လက္ခံျခင္းမရွိေၾကာင္း သိရွိရၿပီးေနာက္ Justin နဲ႔ Hailey တုိ႔ရဲ႕ မဂၤလာခန္းမအျဖစ္ အသံုးျပဳခ့ဲဖြယ္ရွိေၾကာင္း သတင္းမ်ားထြက္ေပၚလာခ့ဲပါတယ္။ အဆုိပါစံုတြဲသည္ လြန္ခ့ဲသည့္တစ္ႏွစ္ခန္႔က New York ၿမိဳ႕ရွိ တရားရံုး၌ လွ်ိဳ႕ဝွက္မဂၤလာပြဲကို က်င္းပခ့ဲၿပီးေနာက္ ယခုတစ္ႀကိမ္၌ မိဘ၊ ေဆြမ်ိဳးအေပါင္းအသင္းစံုလင္စြာနဲ႔ ထပ္မံက်င္းပရန္ ျပင္ဆင္ခ့ဲၾကပါတယ္။

https://www.instagram.com/p/B09IpyVlzbX/?utm_source=ig_embed&utm_campaign=dlfix

- Advertisement -

 

- Advertisement -

- Advertisement -

ယခု သတင္းမ်ားထြက္ေပၚလာသည့္ Montage Palmetto Bluff ဟုိတယ္သည္ Carolina ျပည္နယ္  ေတာင္ဘက္၌တည္ရွိၿပီး ကေနဒါႏုိင္ငံ၊ Ontario ေဒသ၌ ေမြးဖြားခ့ဲသည့္ Justin နဲ႔ New York ၿမိဳ႕၌ ႀကီးျပင္းခ့ဲသည့္ Hailey တို႔ရဲ႕ ပုဂၢိဳလ္ေရးခံစားခ်က္မ်ား မပါဝင္ဘဲ ေရြးခ်ယ္ခ့ဲသည့္ မဂၤလာခန္းမေနရာလည္း ျဖစ္ႏုိင္ဖြယ္ရွိပါတယ္။ အဆုိပါဟုိတယ္အတြင္း၌ သတင္းစာတုိက္ႏွစ္ခုတည္ရွိသလုိ အခမ္းအနားက်င္းပသည့္ ခန္းမ (၂) ခု နဲ႔ May ျမစ္ကုိ ၾကည့္ရႈခံစားႏိုင္သည့္ ျမက္ခင္းျပင္တို႔လည္း ပါရွိပါတယ္။ အတြင္းလူတစ္ဦးက “ဒီေနရာဟာ Justin ရဲ႕ ဒုတိယေျမာက္အိမ္လုိျဖစ္ေနပါၿပီ။” ဟု ယခင္က Justin တစ္ေယာက္ အဆုိပါဟုိတယ္၌ လာေရာက္အခ်ိန္ျဖဳန္းခ့ဲဖူးေၾကာင္း အရိပ္အျမြက္ ေျပာၾကားခ့ဲပါတယ္။

Montage Palmetto Bluff ဟိုတယ္ကို (၂၀၁၆) ခုႏွစ္၌ စတင္ဖြင့္လွစ္ခ့ဲၿပီး ၿပီးခ့ဲသည့္ (၂၀၁၇) ခုႏွစ္ကလည္း Coastal Living  မွထုတ္ျပန္သည့္ ေနထိုင္ရန္ အေကာင္းဆံုး ေနရာ (၂၀) စာရင္း၌ ပါဝင္ခ့ဲေၾကာင္း သိရွိရပါတယ္။

<Zawgyi Version>

 

Source ~ PEOPLE Magazine

#HM(1209Soshwe)

#SoshweCelebrity

#SoshweForYourDailyLife

#Like&Share

 

သတင်းရင်းမြစ်များရဲ့ ဖော်ပြချက်အရ Montage Palmetto Bluff ဟိုတယ်သည် စက်တင်ဘာလ (၂၉) ရက်နေ့မှစတင်ကာ အောက်တိုဘာလ (၁) ရက်နေ့အထိ ငှားရမ်းထားပြီး ပြင်ပဧည့်သည်များကို လက်ခံခြင်းမရှိကြောင်း သိရှိရပြီးနောက် Justin နဲ့ Hailey တို့ရဲ့ မင်္ဂလာခန်းမအဖြစ် အသုံးပြုခဲ့ဖွယ်ရှိကြောင်း သတင်းများထွက်ပေါ်လာခဲ့ပါတယ်။ အဆိုပါစုံတွဲသည် လွန်ခဲ့သည့်တစ်နှစ်ခန့်က New York မြို့ရှိ တရားရုံး၌ လျှို့ဝှက်မင်္ဂလာပွဲကို ကျင်းပခဲ့ပြီးနောက် ယခုတစ်ကြိမ်၌ မိဘ၊ ဆွေမျိုးအပေါင်းအသင်းစုံလင်စွာနဲ့ ထပ်မံကျင်းပရန် ပြင်ဆင်ခဲ့ကြပါတယ်။

https://www.instagram.com/p/B09IpyVlzbX/?utm_source=ig_embed&utm_campaign=dlfix

 

ယခု သတင်းများထွက်ပေါ်လာသည့် Montage Palmetto Bluff ဟိုတယ်သည် Carolina ပြည်နယ်  တောင်ဘက်၌တည်ရှိပြီး ကနေဒါနိုင်ငံ၊ Ontario ဒေသ၌ မွေးဖွားခဲ့သည့် Justin နဲ့ New York မြို့၌ ကြီးပြင်းခဲ့သည့် Hailey တို့ရဲ့ ပုဂ္ဂိုလ်ရေးခံစားချက်များ မပါဝင်ဘဲ ရွေးချယ်ခဲ့သည့် မင်္ဂလာခန်းမနေရာလည်း ဖြစ်နိုင်ဖွယ်ရှိပါတယ်။ အဆိုပါဟိုတယ်အတွင်း၌ သတင်းစာတိုက်နှစ်ခုတည်ရှိသလို အခမ်းအနားကျင်းပသည့် ခန်းမ (၂) ခု နဲ့ May မြစ်ကို ကြည့်ရှုခံစားနိုင်သည့် မြက်ခင်းပြင်တို့လည်း ပါရှိပါတယ်။ အတွင်းလူတစ်ဦးက “ဒီနေရာဟာ Justin ရဲ့ ဒုတိယမြောက်အိမ်လိုဖြစ်နေပါပြီ။” ဟု ယခင်က Justin တစ်ယောက် အဆိုပါဟိုတယ်၌ လာရောက်အချိန်ဖြုန်းခဲ့ဖူးကြောင်း အရိပ်အမြွက် ပြောကြားခဲ့ပါတယ်။

Montage Palmetto Bluff ဟိုတယ်ကို (၂၀၁၆) ခုနှစ်၌ စတင်ဖွင့်လှစ်ခဲ့ပြီး ပြီးခဲ့သည့် (၂၀၁၇) ခုနှစ်ကလည်း Coastal Living  မှထုတ်ပြန်သည့် နေထိုင်ရန် အကောင်းဆုံး နေရာ (၂၀) စာရင်း၌ ပါဝင်ခဲ့ကြောင်း သိရှိရပါတယ်။

<Unicode Version>

 

Source ~ PEOPLE Magazine

#HM(Soshwe)

#SoshweCelebrity

#SoshweForYourDailyLife

#Like&Share

- Advertisement -

Must Read