HomeSportလာမည့္ေဆာင္းရာသီအေျပာင္းအေရႊ႕၌ အေျပာင္းအလဲအခ်ိဳ႕ျပဳလုပ္မယ္ဆိုၿပီး ေျပာၾကားလိုက္သည့္ ဆုိးလ္ရွား။

လာမည့္ေဆာင္းရာသီအေျပာင္းအေရႊ႕၌ အေျပာင္းအလဲအခ်ိဳ႕ျပဳလုပ္မယ္ဆိုၿပီး ေျပာၾကားလိုက္သည့္ ဆုိးလ္ရွား။

- Advertisement -

ယူႏုိက္တက္အသင္းနည္းျပ ဆိုးလ္ရွားသည္ အသင္းရဲ႕ တိုက္စစ္ကို အင္အားျဖည့္တင္းရန္အတြက္ လာမည့္ေဆာင္းရာသီအေျပာင္းအေရႊ႕၌ တိုက္စစ္မွဴးသစ္ေခၚယူရန္ လိုအပ္ေၾကာင္း ဝန္ခံေျပာၾကားသြားခ့ဲပါတယ္။ ယူႏုိက္တက္အသင္းသည္ ၿပီးခ့ဲသည့္ ေႏြရာသီအေျပာင္းအေရႊ႕၌ အသင္းရဲ႕နာမည္ေက်ာ္ကစားသမားႏွစ္ေယာက္ျဖစ္သည့္ လူကာကူနဲ႔ ဆန္းခ်က္ဇ္တုိ႔ကို အင္တာမီလန္အသင္းထံ လက္လႊတ္ခံခ့ဲေပမယ့္ သင့္ေတာ္သည့္ အင္အားျဖည့္တင္းမႈမ်ား ျပဳလုပ္ရန္ ပ်က္ကြက္ခ့ဲျခင္းေၾကာင့္ လက္ရွိအခ်ိန္၌ ရုန္းကန္ေနရၿပီျဖစ္ပါတယ္။

ၿပီးခ့ဲသည့္ေႏြရာသီအေျပာင္းအေရႊ႕၌ အသံုးစရိတ္ေပါင္သန္း (၁၄၀) အသံုးျပဳခ့ဲသည့္တုိင္ ယူႏိုက္တက္အသင္းအေနနဲ႔ တုိက္စစ္မွဴးသစ္ ေခၚယူႏုိင္ခ့ဲျခင္းမရွိဘဲ မက္ဂြိဳင္းရား၊ ဝမ္ဘစ္ဆာကာနဲ႔ ဒန္နီယဲယ္ဂ်ိမ္းစ္တို႔ကုိသာ ေခၚယူအားျဖည့္ခ့ဲပါတယ္။ လက္ရွိအခ်ိန္၌ ယူႏုိက္တက္အသင္းရဲ႕ တိုက္စစ္အတြက္ မာစီရယ္လ္၊ ရပ္ရွ္ဖုိ႔ဒ္တုိ႔ ဒဏ္ရာျပႆနာနဲ႔ ရင္ဆုိင္ေနရၿပီး အသက္ (၁၇) ႏွစ္အရြယ္ ဂရင္းဝုဒ္တစ္ေယာက္သာ ႀကံ႕ခုိင္မႈအျပည့္ရွိေနျခင္းေၾကာင့္ ဆုိးလ္ရွားက အခုလို ေျပာၾကားလာခ့ဲျခင္းျဖစ္ပါတယ္။

ဆုိလ္းရွားက “ဆန္းခ်က္ဇ္နဲ႔ လူကာကူတုိ႔ကုိ ထြက္ခြင့္ေပးလုိက္ခ်ိန္မွာ ဘယ္လုိမ်ိဳး သင့္ေတာ္တ့ဲ ကစားသမားကုိ ျပန္ေခၚရမလဲဆုိတာအတြက္ အခ်ိန္မရေတာ့ပါဘူး။ ကြ်န္ေတာ္တုိ႔ အခု ဖန္တီးႏုိင္စြမ္းရွိၿပီး ဂိုးေတြလည္း သြင္းႏုိင္တ့ဲ ကစားသမားေတြကို ရွာေဖြေနပါတယ္။ ဒါေပမယ့္ ကစားသမားသစ္တစ္ေယာက္ ရဖုိ႔အတြက္ ကြ်န္ေတာ္တို႔ ရာႏႈန္းျပည့္ အာမခံခ်က္မေပးႏုိင္ပါဘူး။ ဘာျဖစ္လို႔လဲဆုိေတာ့ ယူႏုိက္တက္အသင္းအတြက္ သင့္ေတာ္ၿပီး အသင္းနဲ႔ ကာလရွည္လက္တြဲခ်င္တ့ဲ ကစားသမားမ်ိဳးကို လုိအပ္လို႔ပါ။”

- Advertisement -

“ေရရွည္အတြက္ ကြ်န္ေတာ္တို႔ စဥ္းစားရမွာပါ။ ဒီအသင္းက ကြ်န္ေတာ့္ရဲ႕ ဂုဏ္သိကၡာတရားပါလို႔ ေျပာေနမယ့္ ကစားသမားမ်ိဳးကို လုိအပ္တယ္လို႔ ကြ်န္ေတာ္ကမထင္ေပမယ့္ ကလပ္အသင္းအတြက္ေတာ့ အ့ဲဒီလုိ ကစားသမားမ်ိဳးကို လိုအပ္တာပါ။ ကြ်န္ေတာ္တုိ႔အသင္းအတြက္ တိုက္စစ္မွဴးေတြ ေခၚလို႔ရခ့ဲပါတယ္။ ဒါေပမယ့္ တစ္ေယာက္မွ ကြ်န္ေတာ္တုိ႔ လိုခ်င္တ့ဲ ကစားသမားမ်ိဳးမျဖစ္ခ့ဲပါဘူး။” ဟု ဖြင့္ဟေျပာၾကားသြားခ့ဲပါတယ္။

- Advertisement -

အသင္းရဲ႕ အေနအထားနဲ႔ ပတ္သက္၍လည္း ဆုိးလ္ရွားက “ကြ်န္ေတာ္တို႔ တစ္ပြဲခ်င္းစီကုိ တုိးတက္ႏုိင္ေအာင္ ႀကိဳးစားေနၿပီး ကိုယ့္ကုိယ္ကုိယ္ သံသယမရွိပါဘူး။ ကြ်န္ေတာ္ကုိယ္တုိင္က အ့ဲဒီလုိျဖစ္ေနမယ္ဆိုရင္ တစ္ေလာကလံုးက ကြ်န္ေတာ့္ကို သံသယဝင္လာပါလိမ့္မယ္။ ကြ်န္ေတာ္တို႔ ေဆြးေႏြးမႈေတြ အမ်ားႀကီး လုပ္ဦးမွာျဖစ္ၿပီး ကြ်န္ေတာ္တုိ႔ လုပ္ေနတ့ဲအရာေတြအတြက္ ယံုၾကည္ခ်က္ရွိပါတယ္။” ဟု ေျပာၾကားခ့ဲသလို ဂႏၱဝင္နည္းျပေဟာင္းႀကီး ဖာဂူဆန္နဲ႔ ပတ္သက္၍လည္း ဆုိးလ္ရွားက “ကြ်န္ေတာ့္ဆီမွာ အရမ္းကိုေကာင္းတ့ဲ ဝန္ထမ္းေတြ ရွိေနတာေၾကာင့္ ဖာဂူဆန္ကို ျပန္ေခၚမွာ မဟုတ္ပါဘူး။ ကြ်န္ေတာ္သူနဲ႔ စကားေျပာျဖစ္တယ္ဆုိေပမယ့္ အခုတေလာ မေျပာျဖစ္တာလည္း အေတာ္ၾကာပါၿပီ။” ဟု ဖြင့္ဟေျပာၾကားသြားခ့ဲေၾကာင္း သိရွိရပါတယ္။

<Zawgyi Version>

 

Source ~ FourFourTwo

#HM(Soshwe)

#SoshweSport

#SoshweForYourDailyLife

#Like&Share

- Advertisement -

 

 

ယူနိုက်တက်အသင်းနည်းပြ ဆိုးလ်ရှားသည် အသင်းရဲ့ တိုက်စစ်ကို အင်အားဖြည့်တင်းရန်အတွက် လာမည့်ဆောင်းရာသီအပြောင်းအရွှေ့၌ တိုက်စစ်မှူးသစ်ခေါ်ယူရန် လိုအပ်ကြောင်း ဝန်ခံပြောကြားသွားခဲ့ပါတယ်။ ယူနိုက်တက်အသင်းသည် ပြီးခဲ့သည့် နွေရာသီအပြောင်းအရွှေ့၌ အသင်းရဲ့နာမည်ကျော်ကစားသမားနှစ်ယောက်ဖြစ်သည့် လူကာကူနဲ့ ဆန်းချက်ဇ်တို့ကို အင်တာမီလန်အသင်းထံ လက်လွှတ်ခံခဲ့ပေမယ့် သင့်တော်သည့် အင်အားဖြည့်တင်းမှုများ ပြုလုပ်ရန် ပျက်ကွက်ခဲ့ခြင်းကြောင့် လက်ရှိအချိန်၌ ရုန်းကန်နေရပြီဖြစ်ပါတယ်။

ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့၌ အသုံးစရိတ်ပေါင်သန်း (၁၄၀) အသုံးပြုခဲ့သည့်တိုင် ယူနိုက်တက်အသင်းအနေနဲ့ တိုက်စစ်မှူးသစ် ခေါ်ယူနိုင်ခဲ့ခြင်းမရှိဘဲ မက်ဂွိုင်းရား၊ ဝမ်ဘစ်ဆာကာနဲ့ ဒန်နီယဲယ်ဂျိမ်းစ်တို့ကိုသာ ခေါ်ယူအားဖြည့်ခဲ့ပါတယ်။ လက်ရှိအချိန်၌ ယူနိုက်တက်အသင်းရဲ့ တိုက်စစ်အတွက် မာစီရယ်လ်၊ ရပ်ရှ်ဖို့ဒ်တို့ ဒဏ်ရာပြဿနာနဲ့ ရင်ဆိုင်နေရပြီး အသက် (၁၇) နှစ်အရွယ် ဂရင်းဝုဒ်တစ်ယောက်သာ ကြံ့ခိုင်မှုအပြည့်ရှိနေခြင်းကြောင့် ဆိုးလ်ရှားက အခုလို ပြောကြားလာခဲ့ခြင်းဖြစ်ပါတယ်။

ဆိုလ်းရှားက “ဆန်းချက်ဇ်နဲ့ လူကာကူတို့ကို ထွက်ခွင့်ပေးလိုက်ချိန်မှာ ဘယ်လိုမျိုး သင့်တော်တဲ့ ကစားသမားကို ပြန်ခေါ်ရမလဲဆိုတာအတွက် အချိန်မရတော့ပါဘူး။ ကျွန်တော်တို့ အခု ဖန်တီးနိုင်စွမ်းရှိပြီး ဂိုးတွေလည်း သွင်းနိုင်တဲ့ ကစားသမားတွေကို ရှာဖွေနေပါတယ်။ ဒါပေမယ့် ကစားသမားသစ်တစ်ယောက် ရဖို့အတွက် ကျွန်တော်တို့ ရာနှုန်းပြည့် အာမခံချက်မပေးနိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ယူနိုက်တက်အသင်းအတွက် သင့်တော်ပြီး အသင်းနဲ့ ကာလရှည်လက်တွဲချင်တဲ့ ကစားသမားမျိုးကို လိုအပ်လို့ပါ။”

“ရေရှည်အတွက် ကျွန်တော်တို့ စဉ်းစားရမှာပါ။ ဒီအသင်းက ကျွန်တော့်ရဲ့ ဂုဏ်သိက္ခာတရားပါလို့ ပြောနေမယ့် ကစားသမားမျိုးကို လိုအပ်တယ်လို့ ကျွန်တော်ကမထင်ပေမယ့် ကလပ်အသင်းအတွက်တော့ အဲ့ဒီလို ကစားသမားမျိုးကို လိုအပ်တာပါ။ ကျွန်တော်တို့အသင်းအတွက် တိုက်စစ်မှူးတွေ ခေါ်လို့ရခဲ့ပါတယ်။ ဒါပေမယ့် တစ်ယောက်မှ ကျွန်တော်တို့ လိုချင်တဲ့ ကစားသမားမျိုးမဖြစ်ခဲ့ပါဘူး။” ဟု ဖွင့်ဟပြောကြားသွားခဲ့ပါတယ်။

အသင်းရဲ့ အနေအထားနဲ့ ပတ်သက်၍လည်း ဆိုးလ်ရှားက “ကျွန်တော်တို့ တစ်ပွဲချင်းစီကို တိုးတက်နိုင်အောင် ကြိုးစားနေပြီး ကိုယ့်ကိုယ်ကိုယ် သံသယမရှိပါဘူး။ ကျွန်တော်ကိုယ်တိုင်က အဲ့ဒီလိုဖြစ်နေမယ်ဆိုရင် တစ်လောကလုံးက ကျွန်တော့်ကို သံသယဝင်လာပါလိမ့်မယ်။ ကျွန်တော်တို့ ဆွေးနွေးမှုတွေ အများကြီး လုပ်ဦးမှာဖြစ်ပြီး ကျွန်တော်တို့ လုပ်နေတဲ့အရာတွေအတွက် ယုံကြည်ချက်ရှိပါတယ်။” ဟု ပြောကြားခဲ့သလို ဂန္တဝင်နည်းပြဟောင်းကြီး ဖာဂူဆန်နဲ့ ပတ်သက်၍လည်း ဆိုးလ်ရှားက “ကျွန်တော့်ဆီမှာ အရမ်းကိုကောင်းတဲ့ ဝန်ထမ်းတွေ ရှိနေတာကြောင့် ဖာဂူဆန်ကို ပြန်ခေါ်မှာ မဟုတ်ပါဘူး။ ကျွန်တော်သူနဲ့ စကားပြောဖြစ်တယ်ဆိုပေမယ့် အခုတလော မပြောဖြစ်တာလည်း အတော်ကြာပါပြီ။” ဟု ဖွင့်ဟပြောကြားသွားခဲ့ကြောင်း သိရှိရပါတယ်။

<Unicode Version>

 

Source ~ FourFourTwo

#HM(Soshwe)

#SoshweSport

#SoshweForYourDailyLife

#Like&Share

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

eighteen − two =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...