HomeSportအာဆင္နယ္အသင္းရဲ႕ အဓိကကြင္းလယ္ကစားသမားတစ္ဦးကို အငွားျဖင့္ေခၚယူရန္ႀကိဳးစားလာဖြယ္ရွိသည့္ ဘာစီလိုနာအသင္း။

အာဆင္နယ္အသင္းရဲ႕ အဓိကကြင္းလယ္ကစားသမားတစ္ဦးကို အငွားျဖင့္ေခၚယူရန္ႀကိဳးစားလာဖြယ္ရွိသည့္ ဘာစီလိုနာအသင္း။

- Advertisement -

ဘာစီလိုနာအသင္းသည္ အာဆင္နယ္အသင္းရဲ႕ အဓိကကြင္းလယ္ကစားသမားတစ္ဦးျဖစ္သူ အုိေဇးလ္ကုိ အငွားျဖင့္ ေခၚယူရန္ ခ်ဥ္းကပ္လာဖြယ္ရွိေၾကာင္း သတင္းမ်ားက ေဖာ္ျပခ့ဲပါတယ္။ အိုေဇးလ္သည္ နည္းျပအူႏုိင္းအမ္မရီလက္ထက္ အာဆင္နယ္အသင္း၌ ပံုမွန္ပဲြထြက္ခြင့္ရရွိရန္ ရုန္းကန္ေနရၿပီး ၿပီးခ့ဲသည့္ ေႏြရာသီအေျပာင္းအေရႊ႕တည္းက အသင္းမွထြက္ခြာရန္သတင္းမ်ား က်ယ္ေလာင္စြာ ထြက္ေပၚခ့ဲဖူးသည့္ ကစားသမားတစ္ဦးျဖစ္ပါတယ္။ ဘာစီလိုနာအသင္းသည္ သူတုိ႔ရဲ႕ ကြင္းလယ္တိုက္စစ္ပုိင္းအတြက္ ေအဂ်က္စ္အသင္းရဲ႕ ကြင္းလယ္ကစားသမား ဖရန္ကီဒီေဂ်ာင္နဲ႔ အက္သလက္တီကိုမက္ဒရစ္အသင္းရဲ႕ တိုက္စစ္ကစားသမား ဂရစ္ဇ္မန္းတုိ႔ကို ေခၚယူအားျဖည့္ထားခ့ဲသလို လက္ရွိအခ်ိန္၌လည္း လူငယ္အကယ္ဒမီထြက္ ကစားသမားေလးတစ္ဦးျဖစ္သည့္ အန္ဆုဖာတီကိုလည္း အသင္းႀကီးလူစာရင္း၌ ထည့္သြင္းေရြးခ်ယ္ထားပါတယ္။

ဒါေပမယ့္ ဘာစီလိုနာအသင္းက သူတုိ႔ရဲ႕ ကြင္းလယ္ကို ထပ္မံအင္အားျဖည့္တင္းရန္ ဆႏၵရွိေနဆဲျဖစ္ၿပီး အသက္ (၃၀) အရြယ္ ဂ်ာမန္လက္ေရြးစင္ကစားသမားေဟာင္းကို လာမည့္ေဆာင္းရာသီ အေျပာင္းအေရႊ႕၌ အငွားျဖင့္ ေခၚယူရန္ ခ်ဥ္းကပ္လာဖြယ္ရွိေၾကာင္း စပိန္သတင္းစာမ်ားက ေဖာ္ျပခ့ဲပါတယ္။ အိုေဇးလ္သည္ စပိန္လာလီဂါအေတြ႕အႀကံဳရွိၿပီးသား ကစားသမားတစ္ဦးျဖစ္ၿပီး ဘာစီလိုနာအသင္းရဲ႕ မဟာၿပိဳင္ဘက္ ရီးရဲယ္မက္ဒရစ္အသင္း၌ (၃) ႏွစ္ၾကာ ကစားခ့ဲဖူးသည့္ ကစားသမားတစ္ဦးလည္းျဖစ္ပါတယ္။

ဘာစီလိုနာအသင္းအေနနဲ႔ အသင္းရဲ႕ ေတာင္ပံကစားသမား ဒမ္ဘီလီကို ျပန္လည္ေရာင္းခ်ရန္လည္း ျပင္ဆင္ေနၿပီး အကယ္၍ အဆုိပါျပင္သစ္ေတာင္ပံကစားသမားကုိသာ ေရာင္းခ်ျဖစ္ခ့ဲမယ္ဆုိပါက အုိေဇးလ္ကုိ ေသခ်ာေပါက္ အရေခၚယူသြားဖြယ္ရွိေနပါတယ္။ တစ္ပတ္လုပ္ခ ေပါင္ (၃) သိန္းခြဲအထိ ရရွိေနေပမယ့္ အသင္း၌ ပံုမွန္ပြဲထြက္ခြင့္မရသည့္ အိုေဇးလ္ကုိ အာဆင္နယ္အသင္းကလည္း လက္လႊတ္ခံသြားဖို႔ ဆႏၵရွိေနၿပီး ယခင္အေျပာင္းအေရႊ႕မ်ား၌ အျခားေသာကလပ္အသင္းမ်ားက အိုေဇးလ္ကို ေခၚယူရန္ စိတ္ဝင္စားခ့ဲေပမယ့္ ကစားသမားရဲ႕ လုပ္ခလစာက အတားအဆီးျဖစ္ေနျခင္းေၾကာင့္ အိုေဇးလ္အေနနဲ႔ လက္ရွိအခ်ိန္အထိ အာဆင္နယ္အသင္း၌ ဆက္ရွိေနခ့ဲျခင္းလည္း ျဖစ္ပါတယ္။

- Advertisement -

<Zawgyi Version>

- Advertisement -

 

Source ~ Sportsmole

#HM(Soshwe)

#SoshweSport

#SoshweForYourDailyLife

#Like&Share

 

 

- Advertisement -

ဘာစီလိုနာအသင်းသည် အာဆင်နယ်အသင်းရဲ့ အဓိကကွင်းလယ်ကစားသမားတစ်ဦးဖြစ်သူ အိုဇေးလ်ကို အငှားဖြင့် ခေါ်ယူရန် ချဉ်းကပ်လာဖွယ်ရှိကြောင်း သတင်းများက ဖော်ပြခဲ့ပါတယ်။ အိုဇေးလ်သည် နည်းပြအူနိုင်းအမ်မရီလက်ထက် အာဆင်နယ်အသင်း၌ ပုံမှန်ပွဲထွက်ခွင့်ရရှိရန် ရုန်းကန်နေရပြီး ပြီးခဲ့သည့် နွေရာသီအပြောင်းအရွှေ့တည်းက အသင်းမှထွက်ခွာရန်သတင်းများ ကျယ်လောင်စွာ ထွက်ပေါ်ခဲ့ဖူးသည့် ကစားသမားတစ်ဦးဖြစ်ပါတယ်။ ဘာစီလိုနာအသင်းသည် သူတို့ရဲ့ ကွင်းလယ်တိုက်စစ်ပိုင်းအတွက် အေဂျက်စ်အသင်းရဲ့ ကွင်းလယ်ကစားသမား ဖရန်ကီဒီဂျောင်နဲ့ အက်သလက်တီကိုမက်ဒရစ်အသင်းရဲ့ တိုက်စစ်ကစားသမား ဂရစ်ဇ်မန်းတို့ကို ခေါ်ယူအားဖြည့်ထားခဲ့သလို လက်ရှိအချိန်၌လည်း လူငယ်အကယ်ဒမီထွက် ကစားသမားလေးတစ်ဦးဖြစ်သည့် အန်ဆုဖာတီကိုလည်း အသင်းကြီးလူစာရင်း၌ ထည့်သွင်းရွေးချယ်ထားပါတယ်။

ဒါပေမယ့် ဘာစီလိုနာအသင်းက သူတို့ရဲ့ ကွင်းလယ်ကို ထပ်မံအင်အားဖြည့်တင်းရန် ဆန္ဒရှိနေဆဲဖြစ်ပြီး အသက် (၃၀) အရွယ် ဂျာမန်လက်ရွေးစင်ကစားသမားဟောင်းကို လာမည့်ဆောင်းရာသီ အပြောင်းအရွှေ့၌ အငှားဖြင့် ခေါ်ယူရန် ချဉ်းကပ်လာဖွယ်ရှိကြောင်း စပိန်သတင်းစာများက ဖော်ပြခဲ့ပါတယ်။ အိုဇေးလ်သည် စပိန်လာလီဂါအတွေ့အကြုံရှိပြီးသား ကစားသမားတစ်ဦးဖြစ်ပြီး ဘာစီလိုနာအသင်းရဲ့ မဟာပြိုင်ဘက် ရီးရဲယ်မက်ဒရစ်အသင်း၌ (၃) နှစ်ကြာ ကစားခဲ့ဖူးသည့် ကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။

ဘာစီလိုနာအသင်းအနေနဲ့ အသင်းရဲ့ တောင်ပံကစားသမား ဒမ်ဘီလီကို ပြန်လည်ရောင်းချရန်လည်း ပြင်ဆင်နေပြီး အကယ်၍ အဆိုပါပြင်သစ်တောင်ပံကစားသမားကိုသာ ရောင်းချဖြစ်ခဲ့မယ်ဆိုပါက အိုဇေးလ်ကို သေချာပေါက် အရခေါ်ယူသွားဖွယ်ရှိနေပါတယ်။ တစ်ပတ်လုပ်ခ ပေါင် (၃) သိန်းခွဲအထိ ရရှိနေပေမယ့် အသင်း၌ ပုံမှန်ပွဲထွက်ခွင့်မရသည့် အိုဇေးလ်ကို အာဆင်နယ်အသင်းကလည်း လက်လွှတ်ခံသွားဖို့ ဆန္ဒရှိနေပြီး ယခင်အပြောင်းအရွှေ့များ၌ အခြားသောကလပ်အသင်းများက အိုဇေးလ်ကို ခေါ်ယူရန် စိတ်ဝင်စားခဲ့ပေမယ့် ကစားသမားရဲ့ လုပ်ခလစာက အတားအဆီးဖြစ်နေခြင်းကြောင့် အိုဇေးလ်အနေနဲ့ လက်ရှိအချိန်အထိ အာဆင်နယ်အသင်း၌ ဆက်ရှိနေခဲ့ခြင်းလည်း ဖြစ်ပါတယ်။

<Unicode Version>

 

Source ~ Sportsmole

#HM(Soshwe)

#SoshweSport

#SoshweForYourDailyLife

#Like&Share

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

2 × 3 =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...