အကယ်၍ စာဖတ်သူတွေထဲမှာ ယခုလက်ရှိရည်းစားနဲ့ တွဲနေတာ ၂နှစ်ကျော်ကြာနေပြီဆိုရင် မိမိကိုယ်ကို မေးသင့်တဲ့ မေးခွန်းလေးတွေရှိပါတယ်။
၁။ ကိုယ့်ရင်သွေးလေးလိုချင်လား? လိုချင်ရင်ရော ဘယ်နှစ်ယောက်လောက် လိုချင်တာလဲ?
၂။ အိမ်ထောင်ပြုဖို့ရော အဆင်သင့်ဖြစ်ပြီလား?
၃။ တစ်လင်တစ်မယားစနစ်နဲ့ ပတ်သက်ပြီးတော့ရော ဘယ်လိုမျိုး ယူဆယုံကြည်ထားလဲ?
၄။ ကိုယ့်ရဲ့ငွေရေးကြေးရေးကို ဘယ်လိုမျိုးစီမံခန့်ခွဲမလဲ? ယခုလက်ရှိမှာရော ဘယ်လောက်စုမိဆောင်းမိထားလဲ?
၅။ ကိုယ့်ရဲ့ချစ်သူအပေါ် ကိုယ့်မိသားစုက ဘယ်လိုမျိုးသဘောထားလဲ ?
၆။ သန္ဓေတားခြင်းနဲ့ ပတ်သက်ပြီးတော့ရော ဘယ်လိုထင်လဲ?
၇။ အရက်သေစာသောက်သုံးခြင်းနဲ့ ပတ်သက်ပြီး ကိုယ့်ရဲ့ချစ်သူက ဘယ်လိုသဘောထားလဲ?
၈။ မျိုးရိုးလိုက်တဲ့ရောဂါမျိုး မိသားစုဝင်တွေ ခံစားရဖူးလား?
၉။ ဘာသာရေးနဲ့ ပတ်သက်ပြီး ကိုယ့်ရဲ့ယုံကြည်မှုက ဘာဖြစ်မလဲ?
၁၀။ ဘဝမှာ ဘယ်အရာကို ဦးစားပေးချင်သလဲ?
၁၁။ နောက်လာမယ့် ၅ နှစ်အတွင်း ကိုယ်ဘယ်နေရာ ရောက်နေရမယ်လို့ စဉ်းစားဖူးလား?
၁၂။ ဘယ်လိုမျိုးပြဿနာမျိုးက ကိုယ့်အတွက် စိတ်ကသိကအောက်ဖြစ်စေလဲ?
၁၃။ ယခုလက်ရှိတွဲနေတဲ့ ချစ်သူနဲ့ရော ရည်ရှည်လက်တွဲနိုင်မယ်လို့ထင်လား?
လူတော်တော်များများဟာ ချစ်သူတစ်ဦးနဲ့ နှစ်ရှည်လများတွဲလာပြီးမှ ထိုသူဟာ အိမ်ထောင်ဖက်ကောင်းဖြစ်နိုင်၊ မဖြစ်နိုင်တွေးကြပါတယ်။ ဘဝမှာ ဘယ်မိသားစု ဘယ်အသိုင်းအဝိုင်းမှာ ကြီးပြင်းလာမယ်ဆိုပြီး ရွေးချယ်ခွင့်မရှိပါဘူး။ ဒါပေမယ့်လည်း ကိုယ့်နဲ့အတူ တစ်ဘဝလုံးနေသွားမယ့် လက်တွဲဖော်ကိုတော့ ရွေးချယ်ခွင့်ရှိပါသေးတယ်။ ဒါကြောင့်လည်း အိမ်ထောင်ပြုခြင်းဟာ ဘဝမှာ ဒုတိယအရေးအကြီးဆုံးသော ခြေလှမ်းတစ်ခုဖြစ်တယ်လို့ ဆိုထားကြတာပဲဖြစ်ပါတယ်။ ဒါကြောင့်မို့ အိမ်ထောင်မပြုခင်မှာ အထက်မှာဖော်ပြထားတဲ့ မေးခွန်းလေးတွေကို ကိုယ့်ကိုယ်ကို အရင်မေးကြည့်ကြပါနော် . . .
<Unicode Version>
၂ နှစ်ကျော်ကြာ ချစ်သူသက်တမ်းရှိသူတွေအနေနဲ့ မိမိကိုယ်ကို ပြန်လည်မေးမြန်းသင့်တဲ့ မေးခွန်းများ။
<Zawgyi Version>
#SoshweLifeStyle
#SoshweForYourDailyLife
#Like&Share