HomeOtherဆံပင္ရွည္နဲ႔ေကာင္ေလးေတြရဲ႕ဓာတ္ပံုေတြကို ျဖတ္ပစ္တ့ဲ Instagram

ဆံပင္ရွည္နဲ႔ေကာင္ေလးေတြရဲ႕ဓာတ္ပံုေတြကို ျဖတ္ပစ္တ့ဲ Instagram

- Advertisement -

ယခုအခ်ိန္မွာဆိုရင္ Instagram ဟာ Facebook နည္းတူ ကမာၻတစ္ဝွမ္းက လူေတာ္ေတာ္မ်ားမ်ား အသံုးျပဳလာၾကတဲ့ လူမႈကြန္ရက္တစ္ခုျဖစ္လာခဲ့ပါတယ္။ ေနာက္ၿပီး Instagram က ကေလးအေမေတြကို စိတ္႐ႈပ္ေထြးေအာင္ တစ္စံုတစ္ခုကို ဆက္တိုက္ျပဳလုပ္ေနတာပါ။ ဘယ္လိုကေလးေတြရဲ႕ အေမေတြလဲဆိုေတာ့ ဆံပင္အရွည္နဲ႔ေယာက်ာ္းေလးေတြရဲ႕ အေမပါ။ Instagram က ဘာလုပ္လို႔ ထိုကေလးအေမေတြက စိတ္႐ႈပ္ရတာလဲလို႔ေမးရင္ေတာ့ Instagram ဟာ ထိုဆံပင္အရွည္နဲ႔ေကာင္ေလးေတြရဲ႕ ဓာတ္ပံုေတြကို အေမျဖစ္သူေတြက သူတို႔ အင္စတာဂရမ္အေကာင့္မွာ တင္တဲ့အခါ ပယ္ဖ်က္ခံရတာပဲျဖစ္ပါတယ္။

- Advertisement -

သူတို႔ရဲ႕ဓာတ္ပံုေလးေတြ အဖ်က္ခံရတာကိုၾကည့္ျခင္းအားျဖင့္ ထိုဆံရွည္ေလးေတြက ကမာၻတစ္ဝွမ္းက ကေလးေလးေတြျဖစ္ၿပီး သူတို႔မွာတူညီတဲ့အခ်က္ဆိုလို႔ ဆံပင္ရွည္ေနတာေလးပဲ ျဖစ္ပါတယ္။ ထိုကေလးေလးေတြထဲက တစ္ေယာက္ျဖစ္တဲ့ အသက္ ၄ ႏွစ္အရြယ္ Parker ဟာ Florida က ကမ္းေျခတစ္ခုနားမွာေနထိုင္တာပဲျဖစ္ၿပီး Parker ရဲ႕ မိခင္ျဖစ္သူ Spooner က သူမရဲ႕သားေလးဟာ ဆံပင္ရွည္ထားရတာကို ႏွစ္သက္ၿပီး အျမဲတမ္းလိုလို အက်ႌခၽြတ္ၿပီးေနေလ့ရွိေၾကာင္း BuzzFeed သတင္းဌာနကို ေျပာျပခဲ့ပါတယ္။

- Advertisement -

- Advertisement -

Spooner က Parker ေမြးကတည္းက Parker အတြက္ အင္စတာဂရမ္အေကာင့္တစ္ခုလုပ္ေပးခဲ့ၿပီး သူ႔ရဲ႕လႈပ္ရွားမႈေလးေတြကို မွတ္တမ္းတင္ထားတတ္ပါတယ္။ Parker ေလး လမ္းေလွ်ာက္တတ္ၿပီး အနည္းငယ္နားလည္သိတတ္စအရြယ္ေလးမွာ ကမ္းေျခမွာ အမႈိက္ေတြရွင္းလင္းေပးေနတာမ်ိဳးကို Spooner က ပင္လယ္ႀကီးညစ္ညမ္းလာမႈကို လူေတြသတိထားမိလာေစရန္ အင္စတာဂရမ္အေကာင့္မွာတင္ေလ့ရွိပါတယ္။

https://www.instagram.com/p/B2XAiLjFLTX/?utm_source=ig_embed&utm_campaign=dlfix

လြန္ခဲ့တဲ့ တစ္ႏွစ္ေက်ာ္ေလာက္မွာ Parker ရဲ႕ ဓာတ္ပံုဟာ Facebook မွာတက္လာၿပီး အဆိုပါပံုဟာ လိင္ပိုင္းဆိုင္ရာနဲ႔ ပတ္သက္ေနတာမို႔ ဒါမ်ိဳးကိုတင္ဖို႔ ခြင့္မျပဳေၾကာင္း သတိေပးခ်က္ရလာေၾကာင္း Spooner က  ေျပာျပခဲ့ပါတယ္။ ထို႔ေနာက္မွာပဲ အင္စတာဂရမ္အေကာင့္မွာတင္ထားတဲ့ Parker ရဲ႕ အက်ႌမပါတဲ့ ပံုေလးေတြအားလံုးကို အင္စတာဂရမ္က ဖ်က္ပစ္လိုက္တာပဲျဖစ္ပါတယ္။

https://www.instagram.com/p/B2KlmiqAgXQ/?utm_source=ig_embed&utm_campaign=dlfix

Instagram နဲ႔ Facebook တို႔မွာ ကေလးသူငယ္လိင္ပိုင္းဆိုင္ရာအၾကမ္းဖက္မႈနဲ႔ ပတ္သက္တယ္ထင္တာကို ပယ္ဖ်က္ေပးတဲ့ စနစ္ထည့္ထားတာေၾကာင့္ ဒီလိုမ်ိဳးပံုေတြကို ဖ်က္ေနတာဟာ လူသားတစ္ဦးတစ္ေယာက္ မဟုတ္ဘဲ Robot သာ ျဖစ္ေၾကာင္းကို သိသြားတဲ့ Spooner က Parker ေလးရဲ႕ပံုေတြကို တင္ၿပီး သူ႔ပံုေလးေတြကို ထပ္မဖ်က္ေအာင္ ေတာင္းဆိုတာမ်ိဳးလုပ္လာပါတယ္။

Spooner ဒီလိုမ်ိဳးလုပ္တာကို ျမင္တဲ့ တျခားေသာ မိခင္မ်ားကလည္း သူတို႔ဆံရွည္သားေလးေတြရဲ႕ ဓာတ္ပံုေတြကို မဖ်က္ပစ္ပါရန္ေတာင္းဆိုခဲ့တာျဖစ္ပါတယ္။ သို႕ေပမယ့္လည္း Instagram အဖြဲ႔ရဲ႕ တုံ႔ျပန္မႈကိုေစာင့္ဆိုင္းေနဆဲပဲ ျဖစ္ပါတယ္။

<Zawgyi Version>

#SY(Soshwe)

#SoshweNews

#SoshweForYourDailyLife

#Like&Share

 

 

ယခုအချိန်မှာဆိုရင် Instagram ဟာ Facebook နည်းတူ ကမ္ဘာတစ်ဝှမ်းက လူတော်တော်များများ အသုံးပြုလာကြတဲ့ လူမှုကွန်ရက်တစ်ခုဖြစ်လာခဲ့ပါတယ်။ နောက်ပြီး Instagram က ကလေးအမေတွေကို စိတ်ရှုပ်ထွေးအောင် တစ်စုံတစ်ခုကို ဆက်တိုက်ပြုလုပ်နေတာပါ။ ဘယ်လိုကလေးတွေရဲ့ အမေတွေလဲဆိုတော့ ဆံပင်အရှည်နဲ့ယောကျာ်းလေးတွေရဲ့ အမေပါ။ Instagram က ဘာလုပ်လို့ ထိုကလေးအမေတွေက စိတ်ရှုပ်ရတာလဲလို့မေးရင်တော့ Instagram ဟာ ထိုဆံပင်အရှည်နဲ့ကောင်လေးတွေရဲ့ ဓာတ်ပုံတွေကို အမေဖြစ်သူတွေက သူတို့ အင်စတာဂရမ်အကောင့်မှာ တင်တဲ့အခါ ပယ်ဖျက်ခံရတာပဲဖြစ်ပါတယ်။

သူတို့ရဲ့ဓာတ်ပုံလေးတွေ အဖျက်ခံရတာကိုကြည့်ခြင်းအားဖြင့် ထိုဆံရှည်လေးတွေက ကမ္ဘာတစ်ဝှမ်းက ကလေးလေးတွေဖြစ်ပြီး သူတို့မှာတူညီတဲ့အချက်ဆိုလို့ ဆံပင်ရှည်နေတာလေးပဲ ဖြစ်ပါတယ်။ ထိုကလေးလေးတွေထဲက တစ်ယောက်ဖြစ်တဲ့ အသက် ၄ နှစ်အရွယ် Parker ဟာ Florida က ကမ်းခြေတစ်ခုနားမှာနေထိုင်တာပဲဖြစ်ပြီး Parker ရဲ့ မိခင်ဖြစ်သူ Spooner က သူမရဲ့သားလေးဟာ ဆံပင်ရှည်ထားရတာကို နှစ်သက်ပြီး အမြဲတမ်းလိုလို အကျႌချွတ်ပြီးနေလေ့ရှိကြောင်း BuzzFeed သတင်းဌာနကို ပြောပြခဲ့ပါတယ်။

Spooner က Parker မွေးကတည်းက Parker အတွက် အင်စတာဂရမ်အကောင့်တစ်ခုလုပ်ပေးခဲ့ပြီး သူ့ရဲ့လှုပ်ရှားမှုလေးတွေကို မှတ်တမ်းတင်ထားတတ်ပါတယ်။ Parker လေး လမ်းလျှောက်တတ်ပြီး အနည်းငယ်နားလည်သိတတ်စအရွယ်လေးမှာ ကမ်းခြေမှာ အမှိုက်တွေရှင်းလင်းပေးနေတာမျိုးကို Spooner က ပင်လယ်ကြီးညစ်ညမ်းလာမှုကို လူတွေသတိထားမိလာစေရန် အင်စတာဂရမ်အကောင့်မှာတင်လေ့ရှိပါတယ်။

https://www.instagram.com/p/B2XAiLjFLTX/?utm_source=ig_embed&utm_campaign=dlfix

လွန်ခဲ့တဲ့ တစ်နှစ်ကျော်လောက်မှာ Parker ရဲ့ ဓာတ်ပုံဟာ Facebook မှာတက်လာပြီး အဆိုပါပုံဟာ လိင်ပိုင်းဆိုင်ရာနဲ့ ပတ်သက်နေတာမို့ ဒါမျိုးကိုတင်ဖို့ ခွင့်မပြုကြောင်း သတိပေးချက်ရလာကြောင်း Spooner က  ပြောပြခဲ့ပါတယ်။ ထို့နောက်မှာပဲ အင်စတာဂရမ်အကောင့်မှာတင်ထားတဲ့ Parker ရဲ့ အကျႌမပါတဲ့ ပုံလေးတွေအားလုံးကို အင်စတာဂရမ်က ဖျက်ပစ်လိုက်တာပဲဖြစ်ပါတယ်။

https://www.instagram.com/p/B2KlmiqAgXQ/?utm_source=ig_embed&utm_campaign=dlfix

Instagram နဲ့ Facebook တို့မှာ ကလေးသူငယ်လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုနဲ့ ပတ်သက်တယ်ထင်တာကို ပယ်ဖျက်ပေးတဲ့ စနစ်ထည့်ထားတာကြောင့် ဒီလိုမျိုးပုံတွေကို ဖျက်နေတာဟာ လူသားတစ်ဦးတစ်ယောက် မဟုတ်ဘဲ Robot သာ ဖြစ်ကြောင်းကို သိသွားတဲ့ Spooner က Parker လေးရဲ့ပုံတွေကို တင်ပြီး သူ့ပုံလေးတွေကို ထပ်မဖျက်အောင် တောင်းဆိုတာမျိုးလုပ်လာပါတယ်။

Spooner ဒီလိုမျိုးလုပ်တာကို မြင်တဲ့ တခြားသော မိခင်များကလည်း သူတို့ဆံရှည်သားလေးတွေရဲ့ ဓာတ်ပုံတွေကို မဖျက်ပစ်ပါရန်တောင်းဆိုခဲ့တာဖြစ်ပါတယ်။ သို့ပေမယ့်လည်း Instagram အဖွဲ့ရဲ့ တုံ့ပြန်မှုကိုစောင့်ဆိုင်းနေဆဲပဲ ဖြစ်ပါတယ်။

<Unicode Version>

#SY(soshwe)

#SoshweNews

#SoshweForYourDailyLife

#Like&Share

- Advertisement -

Must Read